Male and Female Papara

Words
55
Reading
1 min
Listen
Play
2y

မင်္ဂလာပါ။
ဒီနေ့တော့ သင်္ဘောပင်ပုံတွေ တင်ပြလိုက်ပါတယ်။

သင်္ဘော အဖိုပင် နှင့် သင်္ဘော အမပင် ပါ။
သင်္ဘော အဖိုပင်က အပွင့်သေးပါတယ်။
အပွင့်လေးတွေက အကိုင်းလေးတွေ ဖြာထွက်ပြီး ပွင့်တတ်ကြပါတယ်။
သင်္ဘောဖိုပွင့်လေးတွေက အသီးသီးတတ်ကြပေမယ့် အလုံးသေးပါတယ်။
သင်္ဘော အမပင်ကတော့ အပွင့်ကြီး ပွင့်ပြီး အသီးအလုံးကြီးပါတယ်။

ကျွန်တော်တို့က သင်္ဘော အဖိုပွင့်ကို သုပ်စားကြပါတယ်။
သင်္ဘော အမပင်က အသီးကိုတော့ သင်္ဘောသီးသုပ်၊ သင်္ဘောသီးချက် နှင့် သင်္ဘောသီးမှည့် ဟူ၍ စားတတ်ကြပါတယ်။
ဒီတော့ သင်္ဘောပင် ပေါက်လာလျှင် အဖိုပင်ရော အမပင်ရော အသုံးဝင်ပါတယ်။
ဒါကြောင့်သာပဲ ဒီနေ့မှာ သင်္ဘောအဖိုပွင့်တွေ ပွင့်နေတဲ့ သင်္ဘောပင် နှင့် သင်္ဘောသီးတွေ သီးနေတဲ့ သင်္ဘောပင် တို့ကို ပြသပေးလိုက်ပါတယ်။

Male and Female Papara | Ecency