မိမိကိုယ်ကိုယ်သုံးသပ်ခြင်း

Words
142
Reading
1 min
Listen
Play
9y

ကျောင်းကို ကိစ္စတစ်ခုနဲ့ရောက်သွားတယ်။
image
image
တီချယ်ကြီးနဲ့ စကားပြောကြရင်း ၂၀၂၅ ကြရင် ကျွန်တော် ရွေးကောက်ပွဲ ဝင်ပြိုင်ချင်တဲ့ အကြောင်းပြောပြမိတယ်။ တီချယ်ကြီးကပြောတယ်ဗျ။ "ရဲဝင့်ရယ် အမတ်လုပ်ဖို့အသာထားပါအုံး။ ကိုယ့်အတန်းက လူတွေကိုပဲ အောင်မြင်အောင်ဦးဆောင်စည်းရုံးပြပါအုံး" တဲ့။
အဲ့အချိန်မှာ ကျွန်တော်လည်း ကိုယ့်ကိုယ့်ကို စည်းရုံးနိုင်တဲ့ အရည်အချင်းရှိတယ်လို့ ယုံကြည်မှု့အပြည့်ရှိနေခဲ့တယ်။
image
ညနေ ကျောင်းကအပြန်မှာတော့ အဲ့လိုမဟုတ်ပါလားလို့ သိသာစေခဲ့ကိစ္စလေး ဖြစ်သွားခဲ့တယ်။ ဘာလဲဆိုတော့ ကျောင်းမှာ ဘောလုံးပြိုင်ပွဲ ကျင်းပမှာမို့ လူစာရင်းတော့ MBA မှာ နှစ်တန်းပဲရှိတယ်။ MBA 1st year နဲ့ MBA 2nd year ပေါ့။ MBA ဆိုတာ နှစ်တိုင်း ကျောင်းမှာ ကျင်းပတဲ့ပွဲတွေမှန်သမျှ၊ Activity တွေမှန်သမျှမှာ ပါဝင်ယှဉ်ပြိုင်နေကြဆိုတော့ ဒီနှစ်လည်း ထွက်ကြဖို့ MBA 1st year တွေက စိတ်အားထက်သန်နေကြတယ်။ အဲ့ဒီတော့ ကိုယ့်တွေ MBA 2nd year တန်းကို စည်းရုံးရေး စဆင်းတာပေါ့။ အောင်မြင်တယ်ပဲပြောရမလားမသိဘူး။ မကန်ချင်ကြဘူးတဲ့။ ဘယ်လိုပဲပြောပြီး စည်းရုံး စည်းရုံး ကိုယ့်ဖက်ပါမလာကြဘူး။ ကိုယ်တွေရဲ့ စည်းရုံးရေးအစွမ်းတော်တော်ကောင်းပါလားပေါ့။ အဆင်မပြေပါလားနော်။ အဲ့ဒီမှာ သိလိုက်တာက ကိုယ့်ကိုယ်ကို အရင်ဆုံး တခြားသူတွေကို စည်းရုံးတဲ့နေရာမှာ လိုအပ်တဲ့ Skill ဘာတွေရှိလဲ သုံးသပ်ဖို့ လိုတယ်ဆိုတာပါပဲ။
image
ကိုယ်ရဲ့ အားနည်းချက်တွေကို ပြန်သုံးသပ်ရမယ်။ ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲပြီး တခြားသူတွေကို အောင်အောင်မြင်မြင် ဦးဆောင်စည်းရုံးနိုင်သူတွေရဲ့ အားသာချက်က ဘာတွေလဲဆိုတာ လေ့လာရမယ်ဆိုတဲ့အသိလေး တစ်ခုပါပဲ။ လက်ရှိအချိန်မှာ ပြုပြင်ပြောင်းလဲရင် နောက်မကျသေးဘူးလို့ ယူဆမိတယ်။
ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ်ကိုယ်တိုင် လေ့လာရုံတင်မကဘဲ တခြားသူတွေရဲ့ အမြင်ကိုပါ မေးကြည့်ပြီး ပြင်ဆင်နိုင်ဖို့ ကြိုးစားရမယ်။ လူလေး ၃၀ ပဲရှိတဲ့ အတန်းမှာတောင် မစွမ်းဆောင်နိုင်ရင် ပြင်ပလူပေါင်းများစွာကို ဘယ်လိုဦးဆောင်စည်းရုံးနိုင်မှာလဲတွေးရင်း မိမိကိုယ်မိမိပါ ယုံကြည်မှု့ကင်းမဲ့သလို ခံစားရလာတယ်။ ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကို motivation ပြန်ရအောင် လုပ်ရမှာပဲ။ အားလုံးသော မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းတို့လည်း ကျွန်တော့်ရဲ့အားနည်းချက်၊ လိုအပ်ချက်ရှိတာများကို ဝေဖန်ထောက်ပြ ကူညီပေးကြပါအုံးလို့ ပြောကြားရင်း.........
image
လူသားအားလုံးကို တန်းတူလေးစားလျက်
Author wailinn@wailinn
MSC - 144
image

မိမိကိုယ်ကိုယ်သုံးသပ်ခြင်း | Ecency