ကိုယ့်ဘဝ

Words
112
Reading
1 min
Listen
Play
9y

တစ်ခါတစ်လေများ စဉ်းစားမိပါရဲ့
ကိုယ်တွေ Facebook သုံးတယ်။ Facebook ထဲမှာလည်း သူငယ်ချင်းအရင်းကြီးတွေ ဘော်ဒါတွေ အများကြီးပဲရှိတယ်။ အဲ့ဒီမှာ ကိုယ့်ပုံလေးတစ်ပုံ တင်လိုက်တယ်။ အချိန်တွေသာ အကြာကြီးကုန်သွားခဲ့တယ်။ like ဆိုတာ နှစ်ဆယ်မကျော်ခဲ့ဘူး။
ကိုယ်ဒေရုပ်ကဆိုးလွန်းလို့လား။ ဒါမှမဟုတ် စိတ်ဝင်စားစရာမကောင်းလို့လား။ သြော် ကိုယ်တွေက ဆယ်လီမှ မဟုတ်ဘဲကိုး။

အဲ့လိုနဲ့ တစ်နေ့မှာ steemit အကြောင်းသိလာခဲ့တယ်။ စာတွေရေးတင်ကြ၊ upvote လုပ်ကြ၊ မန့်တွေရေးကြပေါ့။ အဲ့မှာ အစပိုင်းနားမလည်တော့ ဘာလုပ်ရမှန်းမသိတော့ တခြားအရင်လုပ်တဲ့သူတွေကို အားကိုးမိတာပေါ့။ အဲ့မှာလဲ အဲ့ဒီလိုပါပဲ။ Group ဖွဲ့ထားတဲ့ထဲမှာ ကိုယ်တွေများ စကားဝင်ပြောရင် ဘယ်သူမှ အဖက်လုပ်ပြီး စကားပြန်မပြောကြဘူး။ ပြန်ပြောတဲ့သူရှားတယ်။ ကိုယ်နဲ့အတူတူဝင်လာခဲ့တဲ့သူတွေကြတော့ အရင်လူတွေဆက်ဆံပေးတာ ကိုယ့်ကိုဆက်ဆံတာနဲ့ တူကိုမတူတာ ခံစားမိလာတယ်။ သြော် ငါဟာ အရင်ဘဝက ဘာတွေများလုပ်ခဲ့မိလို့ ဒီဘဝမှာ လူတွေရဲ့ ရှောင်ဖယ်ခြင်းကို ခံနေရတာပါလိမ့်။

ဒါနဲ့ steemit မှာ post တင်ပါလေကော။ vote ရတဲ့အရေအတွက်ကတော့ များပါရဲ့။ ကိုယ်လိုပဲ Steem Power မရှိကြတဲ့သူ အချင်းချင်းပဲ vote လုပ်တာခံရတာဆိုတော့ ပြန်ရတဲ့ SBD က နဲနဲလေးပဲရှိတယ်။ သူများတွေများ ကိုယ့်ထက် vote ရတာနဲပေမယ့် SBD တွေ အများကြီးရတယ်။ ဘာလို့ပါလိမ့်။ ကိုယ့်အရေးအသားကပဲ ညံ့လို့လား။ ဒါမှမဟုတ် ကိုယ်က တခြား vote power ကောင်းတဲ့သူတွေကိုပဲ ဖော်လံဖား မလုပ်မိလို့လား။ ဝေခွဲမရဘူး။

ကဲပါ ဘာပဲဖြစ်ဖြစ် ဖြည်းဖြည်းမှန်မှန် ငါ့ဘဝကို ဆက်လျှောက်လှမ်းရမယ်။ အောင်မြင်ခြင်းဆိုတာ ကြိုးစားတဲ့သူအတွက် ရရှိလာမယ့်အရာပါ။ ဘဝအတွက်ကြိုးစားရမယ် ဆိုတာ မမေ့ဖို့ပါပဲ။
image
wailinn@wailinn (ရဲဝင့်)

ကိုယ့်ဘဝ | Ecency