ပြောပေးပါနော်

Words
39
Reading
1 min
Listen
Play
9y

အပြင်မှာ မိုးတွေက
မည်းလို့မှောင်တော့
ငါ့ရင်ထဲမှာ
အလွမ်းမိုးတွေရွာလာတယ်……
အသည်းမာလွန်းသူကိုမှ
စွဲလမ်းမိတဲ့ ငါ့အဖြစ်ကို
မိုးနတ်မင်းတောင်
သနားသွားတယ်ထင်ပါရဲ့
မိုးရေလေး ဖျောက်ဖျောက်ကြပေးတယ်……
မိုးစက်လေးတွေ တဖျောက်ဖျောက်ကြွေတော့
မိုးဖွဲလေးထဲ နှစ်ယောက်သား
အတူသွားခဲ့ဖူးတာ ပြန်မြင်ယောင်လာတယ်……
image
အို အသင်မိုးနတ်မင်း
ကျွန်ုပ်ချစ်ရသော
အသည်းနှလုံးခပ်မာမာနဲ့
ကောင်မလေးကို

မိုးစက်ကလေးတွေကတစ်ဆင့်
ပြောလို့ရရင်ပြောပေးပါနော်……
သူမကို အရမ်းချစ်မြတ်နိုးခဲ့တဲ့ကောင်လေး
အမြဲတမ်း အလိုလိုက် အလိုက်သိခဲ့တဲ့ကောင်လေး
သူမကို အရာရာထက်ဦးစားပေးခဲ့ကောင်လေး
သူမကို မျှော်လင့်စောင့်စားရင်း
မိုးရေတွေနဲ့အတူ ငိုကြွေးနေကြောင်း
သတင်းပါးပေးပါနော်……

image
wailinn@wailinn (ရဲဝင့်)

ပြောပေးပါနော် | Ecency