ဘာကြောင့်လဲ ဖြေခဲ့ပေးပါ

Words
93
Reading
1 min
Listen
Play
9y

အရင်လို ငါ့အပေါ်
မနွေးထွေးတော့တာ
ဘာကြောင့်လဲ
ဖြေခဲ့ပေးပါ.......
အရင်လို ငါ့အပေါ်
မကြင်နာတော့တာ
ဘာကြောင့်လဲ
ဖြေခဲ့ပေးပါ......
image

မနွေးထွေးတာ
မကြင်နာတာ
ငါခံစားမိနေတယ်
မဟုတ်ဘူးငြင်းပြီး
တခြားအကြောင်းပြချက်တွေ
ပေး ပေးပါအုံး......

မင်းဘက်က
ဘယ်လိုပဲ ပြောင်းလဲပြောင်းလဲ
ငါ့အတွက်တော့
မင်းသာ ထာဝရပါ
ငါ့အတွက်တော့
မင်းသာ အချစ်ဆုံးပါ
ငါ့အတွက်တော့
မင်းသာ ပထမပါ
ငါ့အတွက်တော့
မင်းသာ မျှော်လင့်ခြင်း
ငါ့အတွက်တော့
မင်းသာ အရေးပါဆုံးလူပါ
ငါ့အတွက်တော့
မင်းသာ နောက်ဆုံးပါ
image

မင်းအတွက်ဆို
အရာရာမှာ အမြဲတမ်း
အဆင်သင့် ရှိနေခဲ့တယ်

မင်းအတွက်ဆို
ရှေ့တန်းကနေ အမြဲတမ်း
မားမားမတ်မတ် ရပ်တည်ခဲ့တယ်

မင်းအတွက်ဆို
လိုအင်မှန်သမျှ အမြဲတမ်း
မငြီးမငြူ ဖြည့်ဆည်းပေးခဲ့တယ်

မင်းအတွက်ဆို
ငါ့ဘဝရဲ့ အရာအားလုံးကို
မင်းအတွက်သာ ပုံအပ်ထားခဲ့တယ်

ငါ့ရဲ့မင်းအပေါ်ရူးသွပ်မှုအတွက်
နောက်ဆုံးငါရလိုက်တာ
မနွေးထွေး မကြင်နာတော့ခြင်းတဲ့
အဲ့ဒါတွေက ဘာကြောင့်လဲ
ဖြေခဲ့ပေးပါ

မင်းအပေါ်မှာ
လိုအပ်ချက် တစ်စုံတစ်ရာရှိခဲ့ရင်လည်း
ထောက်ပြပြီးတော့ ရှေ့ဆက်ပေးပါ
အရင်လိုပဲ နွေးထွေးကြင်နာ
ယုယပေးပါ

ငါ့အတွက် ခံစားရတာ
ပြင်းထန်လွန်းလို့
နာကျင်လွန်းလို့ပါ
image
ဘာကြောင့်လဲ ဘာကြောင့်လဲ
ဘာကြောင့်လဲ ဘာကြောင့်လဲ
ဘာကြောင့်လဲ ဘာကြောင့်လဲ
ဖြေခဲ့ပေးပါ ဖြေခဲ့ပေးပါ ဖြေခဲ့ပေးပါ
ဖြေခဲ့ပေးပါ........ကွာ
image
တစ်ခါထဲ ဖြေခဲ့ပါကွာ
ဘာကြောင့်လဲ???????

image
wailinn@wailinn
MSC -144

ဘာကြောင့်လဲ ဖြေခဲ့ပေးပါ | Ecency