အားဖြည့်ဖော်လေး

Words
139
Reading
1 min
Listen
Play
9y

Pro တင်ရမယ့်ရက်ကို ရောက်လို့လာပြန်ပြီ။ ဘာမှလည်း မရေးရသေးဘူး ဖြစ်နေတယ်။ မရေးဖြစ်ရသေးတဲ့အကြောင်းက အခုလာမယ့်အပတ်မှာ စာမေးပွဲဖြေရမှာရှိတာကြောင့် စာကြည့်နေရတဲ့အတွက် မရေးဖြစ်နေခြင်းပဲဖြစ်တယ်။ စာကလည်းမရသေး။ Pro ရတဲ့ post က ရလာမယ့် SBD လေးတွေလည်း မျက်လုံးထဲမြင်ယောင်ရင်း ချာချာလည်လာတယ်။
image
ဒီလိုနဲ့ စာမေးပွဲအကြောင်းစဉ်းစားမိလာတယ်။MBA တက်ကထဲက ဖြေလိုက်ရတဲ့ စာမေးပွဲဆိုတာ တစ်လခွဲကြာတိုင်းတစ်ခါ။ နှစ်နှစ်ဆက်တိုက်။ တော်ပါသေးတယ်။ အခုတစ်ခါဖြေရမယ့် စာမေးပွဲပြီးရင် နောက်တစ်ခါပဲဖြေရတော့မှာမို့။ အခုလိုကြုံတွေ့ရတာကိုတွေးမိတော့ ခေါင်းထဲကို ငယ်ငယ်က သင်ခဲ့ရတဲ့ ကဗျာလေးတစ်ပုဒ်။ စွဲစွဲမြဲမြဲကို မှတ်မိနေတဲ့ ကဗျာလေး။ကဗျာနာမည်က "ထိပ်ဆုံးသို့" တဲ့။ ဆရာမကြီး ငွေတာရီ ရဲ့ လက်ရာကောင်းလေးတစ်ခုပေါ့ဗျာ။
image
ထိပ်ဆုံးသို့
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့်ပတ်ချာရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေးသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်
ခါတစ်လေ တကယ်ပမ်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ်မယ်ကြံ
အမှန်တော့ဖြစ်နိုင်မလား
စခဲ့မိဟာပေါ့
တစ်နေ့မှာဆုံးရာရောက်ပါလိမ့်
အားလျော့ကာဆုတ်ချင်စမ်းပါဘိ
စိတ်နွမ်းအသာဖြေအုံး
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင်အားအင်သစ်လိုက်ပါ့
ချစ်ဖွယ်လူသား......
image
အဲ့ကဗျာလေးထဲကအတိုင်းပါပဲ
စာမေးပွဲပြီး စာမေးပွဲဆိုတဲ့ MBA ကျောင်းသားဘဝမှာ စာမေးပွဲတစ်ခုပြီးတိုင်း ဟင်းချမယ်မကြံရသေးဘူး နောက်စာမေးပွဲတစ်ခုကရောက်ရောက်လာတယ်။ ဒီတစ်ခုပြီးရင် ပြီးတော့မှာပါ ဖြေသိမ့်ရင်း နောက်တစ်ခုကရောက်လာပြန်တယ်။
image
တစ်ခါတစ်လေများဆို စာမေးပွဲဖြေဆိုရတာ ပင်ပမ်းလွန်းလာလို့ ကျောင်းကနေထွက်မယ်ကြံတော့လည်း MBA ဝင်ခွင့်ရဖို့ ဖြေဆိုရတာ လွယ်လွယ်ကူကူ အောင်မြင်ခဲ့သည်မှမဟုတ်ဘဲ။ စခဲ့မိတော့ ဆုံးအောင်တော့ လျှောက်လှမ်းရတော့ပေမည်ပေါ့။
image
တစ်နေ့နေ့မှာတော့ စာမေးပွဲကြီးပြီးဆုံးပြီး MBA ဘွဲ့ကိုရယူနိုင်မှာ မလွဲဧကန်ပါပဲ ဆိုပြီး အားတင်းကာ ဆက်တက်ခဲ့တယ်။ တော်ပါသေးတယ်။ အခုလိုအချိန်ဆို ကျောင်းမှာ စာသင်ချိန်တွေကြီးမဟုတ်ဘဲ ထမနဲထိုးပြိုင်ပွဲ၊ တိုင်းရင်းသားရိုးရာဈေးရောင်းပွဲတော် နဲ့ အားကစားပြိုင်ပွဲများကို ကျင်းပပေးလို့ ဘာပဲပြောပြော စိတ်အပမ်းဖြေစရာလေးတွေရှိနေသေးလို့။ ဒီလိုနဲ့ အားယူကာ လျှောက်လှမ်းရင် လျှောက်လှမ်းရင်း မကြာလှသော အချိန်မှာ မိမိလိုချင်ရာ ဘွဲ့တစ်ခုကို ပိုင်ဆိုင်နိုင်တော့မှာပဲဖြစ်ပါတယ်။
image
ကျေးဇူးပါပဲ ကဗျာလေးရေ
စိတ်ဓာတ်ကျစရာတွေတွေ့တိုင်း ပြန်ပြန်အားတင်းနိုင်ခဲ့စေတဲ့အတွက်ပေါ့
Photo credit - google
ကဗျာကိုးကား - ငွေတာရီ ထိပ်ဆုံးသို့
image

Author wailinn@wailinn
MSC - 144

အားဖြည့်ဖော်လေး | Ecency