အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းရင်းနဲ့ ဒီနေ့ အတွက် "မြင့်မြတ်သူ"ဆိုတဲ့ ခေါင်းစဉ်လေးရေးချင်စိတ်ဖြစ်လာပါတယ်။ကျွန်တော်တို့အားလုံးဟာ ဘဝမှာ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ပျော်ရွှင်စွာနဲ့ ဘဝကို နေထိုင်ချင်ကြတာပါ။
ဒါပေမယ့် မိမိရဲ့ ကုသိုလ်ကံ... အကုသိုလ်တွေကြောင့် လိုချင်သလိုမဖြစ်ပဲ အဆင်ပြေသလို လှည့်ပတ်ရုန်းကန်ရင်း မဖြစ်ချင်သော ဘဝအခြေအနေတွေသို့ ရောက်ရှိသွားကြတာပါ။ဒီနေရာမှာ မိမိရဲ့ ပတ်ဝန်းကျင် မိမိအပေါင်းအသင်းစသော အခြေအနေတွေလည်းအများကြီးသက်ရောက်မှုရှိပါတယ်။ထိုသို့သော အခြေအနေများကြောင့် မိမိဘဝနိမ့်ကျနေပါစေ မိမိရဲ့ "စိတ်ဓါတ်" "ပညာ" တွေဟာ မိမိရဲ့ အကောင်းဆုံးအဖော်မွန်ပါ။ဘယ်လိုအခြေအနေမျိုးတွေ တွေ့ကြုံနေရပါစေ မိမိ၏ခိုင်မာတဲ့ "စိတ်ဓါတ်"... "ပညာ"ကနေ ပေးတဲ့ အမှားအမှန်ခွဲခြားနိုင်တဲ့ "အသိ" "ယုံကြည်ချက်"တွေဟာ တွေ့ကြုံနေသောအခြေအနေအား အကောင်းဆုံး ဖန်တီးဖြေရှင်းပေးနိုင်မှာပါ။ဒါကြောင့် မြင့်မြတ်တဲ့ သူတွေ... အောင်မြင်တိုးတက်တဲ့ သူတွေဟာ ဒီလို ခိုင်မာတဲ့"စိတ်ဓါတ်"... "ပညာ'..."ကိုယ်ကျင့်တရားကောင်းမွန်မှု" ဒါတွေအားလုံး ပိုင်ဆိုင်ထားနိုင်တဲ့ သူတွေပဲ ဖြစ်ပါတယ်။
မြင့်မြတ်တဲ့ သူတွေဟာ မိမိကြောင့် သူတစ်ပါး မနိမ့်ကျစေပဲ သူတစ်ပါးတိုးတက်အကျိုးရှိစေမယ့် ကိစ္စတွေကို ကူညီလုပ်ဆောင်းပေးကြပါတယ်။ဒီလိုမျိုးဆောင်ရွက်ပေးခြင်းအားဖြင့် ဒီကောင်းမှုကုသိုလ်ကံဟာ မိမိ၏ဘဝအတွက် မိမိမှမျှော်လင့်မထားသော်လည်း ပြန်လည်အကျိုးပေးမည်ဖြစ်ပါသည်။လူချစ်လူခင်ပေါ့လာမယ်။ မိတ်ကောင်းဆွေကောင်းတွေရလာမယ်။မိမိအပေါ်ယုံကြည်သူတွေများလာမယ်။ဒီတော့ မိမိဆောင်ရွက်တဲ့ ကိစ္စရပ်တွေဟာအဆင်ပြေချောမွေ့ပြီး တိုးတက်အောင်မြင်လာမယ်။
ကံတရားအရ မိမိဘဝနိမ့်နေပါစေ ဒီကောင်းသောကံ၏အခြေအနေများ တစ်နေ့ အကျိုးပေးလာမှာဖြစ်ပါကြောင်းနှင့် "မြင့်မြတ်သောသူ" ဖြစ်အောင် ကြိုးစားနေထိုင်သွားပါက မိမိလိုချင်သော.. မိမိဖြစ်ချင်သောဘဝ ပိုင်ဆိုင်နိုင်မှာဖြစ်ပါကြောင်း...ထို့အတွက်ကြောင့် "မြင့်မြတ်သောသူ" ဖြစ်ရန်အရေးကြီးပါကြောင်း တိုက်တွန်ရေးသားလိုက်ရပါတော့သည်။
မြန်မာ့စတီးမစ်မိသားစုများ အားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်သောဘဝပိုင်ဆိုင်နိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလျက်
MSC-211
photos from facebook