နှမြောတဲ့ စိတ်

Words
38
Reading
1 min
Listen
Play
9y

ကိုယ်အမြတ်တနိုးထားတဲ့ ပစ္စည်းလေးကျပျောက်သွားခဲ့ ရင်.......
ပထမတော့နှမြောမိတယ်။နှမြောပေမယ့်ကိုယ့်စိတ်ကိုဒုခပေးရန်မဖြစ်ပေ။ပစ္စည်းလည်းဆုံးစိတ်လည်းရှုံးဆိုသကဲ့ ဖြစ်ပေမည်။အမခဏခဏပြောတဲ့ စကားလေးတစ်ခွန်းသွားသတိရမိသေးတယ်။လူတောင်သေသေးတာဘဲ
သေရင်တောင်…
အားလုံးကို ထားခဲ့ရဦးမှာဆိုတော့
သေခြင်းတရားနဲ့ ယှဉ်လိုက်ရင်
ကျန်တဲ့ စိတ်ညစ်စရာ ဆိုတာတွေက
ဘာမှ မဟုတ်တော့ပါဘူးတဲ့ ။
လူတော်တော်များများဟာ…
ပူလောင်နေကြတာများပါတယ်။
တချို့ ပစ္စည်းဥစ္စာတွေ…
သိပ်ချမ်းသာကြတာပါပဲ။ ဒါပေမယ့်…
သူတို့ဟာလည်း ပူလောင်နေကြတာပါပဲ။ဆင်းရဲတဲ့ မပြည့်စုံတဲ့ဘဝတွေလည်းပူလောင်ကြတာဘဲ။စာရေးသူအနေနဲ့ 
စိတ်ပူလောင်လာရင်…
သက်သာစေရန် သေခြင်းတရားနဲ့ ယှဉ်ပီးတွေးကြည့်မိတယ်။ကိုယ့်ကိုကိုယ်ပြန်နှိမ့်သိမ့်ပေးမိတယ်။အားလုံး အပူအပင်သောကများဝေးကြပါစေ။
1.jpg
Photo crd by google image
Author:tthanthansoe@tthanthansoe(Steemit)