အတွေးအပိုင်းအစ

Words
35
Reading
1 min
Listen
Play
9y

မေ့နိုင်ပြီလို့ ထင်ထားပေမယ့်
သူ့အကြောင်းတွေးမိလိုက်တိုင်း ရင်ထဲမှာ
နာနေတုန်းပဲ။
စွန့်ခွာနိုင်ပြီလို့ ထင်ထားခဲ့ပေမယ့်
တကယ်လည်း ခွဲခွာရမယ်ဆိုတော့
ရင်ထဲက တစ်ခုခုကိုဆွဲနုတ်သွားသလိုပဲ။
ရင့်ကျက်နေပြီလို့ ကိုယ့်ကိုယ်ကို ထင်ထားခဲ့ပေမယ့်
သူအကြောင်းကြားရင်
ဂနာမငြိမ်ဖြစ်နေတုန်းပဲ။
သူ့အကြောင်းမတွေးမိအောင်နေမယ်လို့ ကြိုးစားထားပေမယ့်
အမှတ်မရှိတဲ့ နှလုံးသားက
မေ့ဖို့ကြိုးစားလေ ပိုတမ်းတမိနေသလိုပါပဲ။
ပြီးဆုံးပြီလို့ မျက်စိမှိတ် ဆုံးဖြတ်ချက်ချခဲ့ပေမယ့်
သူနဲ့ပတ်သက်ခဲ့တဲ့ အရာရာတိုင်းက
မနေ့တနေ့ကလို လတ်ဆတ်နေတုန်းပဲ။
IMG_4901.JPG
@Photo Credit by Google Image
tthanthansoe@tthanthansoe(Steemit)