ပုထုဇဉ်လူသားတို့၏ စိတ်သဘာဝ

thura(61)
Published in
#myanmar
Words
151
Reading
1 min
Listen
Play
9y

မိမိတို့သည် မည်သည့်ကိစ္စကြီးငယ်မဆို ဇွဲ လုံးလ ဝီရိယဟူသည့် ဤသုံးချက်ကို ထက်သန်သောစိတ်တို့ဖြင့် မရပ်မနား ကြိုးစားလုပ်ဆောင်သွားမည်ဆိုပါက မိမိတို့ ရည်ရွယ်မျှော်လင့်ထားသော အရာမှန်သမျှတို့သည် မလွဲ ဧကန် ရရှိပေလိမ့်မည်။
သို့ပါသော်လည်း မိမိတို့သည် မရပ်မနား ကြိုးစားလာခဲ့သော ထိုကိစ္စကြီးငယ်တို့သည် မျှော်လင့်ရည်ရွယ်ထားသလို ဖြစ်မြောက် အောင်မြင်ခဲ့သော် ထိုအရာပေါ်၌ ကျေနပ်အားရခြင်းဖြင့် မိမိကိုယ်ကို ထိုအောင်မြင်မှု၌ မည်သို့သော ခံစားမှုစိတ်များ ရှိနေသလဲဆိုသည်ကို ထားရှိသည့်စိတ်မှာ အဓိကအကျဆုံးပင် ဖြစ်လေသည်။
image
ကျွန်နော်တို့ဟာ အလုပ်တစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ စွဲမြဲစွာနဲ့မိမိတို့တွင်ရှိနေသော ခွန်အား ဥာဏ်အားဝီရိယအားတို့နှင့် ကြိုးစားအားထုတ်မှုပြုနေကြပါတယ်။
ထိုအလုပ်ပေါ်၌ ကြိုးစားအားထုတ်မှုပြုနေခြင်းကြောင့် မိမိတို့သည် အောင်မြင်မှုဆိုတာကို ရှိခံစားကြရတယ်။ထိုအောင်မြင်လာမှုအပေါ်၌ မိမိတို့၏ စိတ်တွေသည် ဘယ်လိုထားရှိကြသည်ဆိုသည်မှာ အရေးကြီးလှပေသည်။
မည်သို့သော ပုထုဇဉ်လူသားဖြစ်စေကာမှု မိမိတို့၌ ပိုင်ဆိုင်ထားရှိသော ပစ္စည်းဥစ္စာ ဓနငွေကြေး (သို့မဟုတ်) အရာတစ်ခုခုပေါ်၌ ဤမျှလောက် ပိုင်ဆိုင်ရ ရှိသော် ငါ့အတွက် လုံလောက်ပါပြီ တော်ပါပြီဟု ကျေနပ်ဖြေသိမ့်နိုင်ကြခြင်း မရှိနိုင်ကြချေ။
အဘယ်ကြောင့်ဆိုသော် ပုထုဇဉ်ဆိုသည့် လူသားတို့သည် လောဘ၏ ခိုင်းစေရာ သားကောင်ပမာ ဖြစ်နေခြင်းကြောင့်ဟုဆိုသော် မှားသွားလိမ့်မည်ဟု မထင်မြင်မိပေ။
သို့ပါသော်လည်း ပုထုဇဉ်လူသားများစွာထဲ၌ ငါ၏ ပိုင်ဆိုင်ထားရှိသော ငါ၏ ပစ္စည်း ဥစ္စာ ဓနငွေကြေးများထဲမှ ငါပေးနိုင်သော ငါပေးဆပ်နိုင်သလောက်ကို လူသားများစွာတို့ကို ပေးဆပ်သွားမည်ဟုဆိုသော ပုထုဇဉ်လူသားများစွာထဲက လူသားအချို့လည်း ရှိကောင်းရှိနေပေလိမ့်မည်။
image
အချို့သော ပုထုဇဉ်လူသားတို့သည် မိမိ၌ ပိုင်ဆိုင်ထားရှိသော အရာများနှင့် ကျေနပ်နှစ်သိမ့်နေခြင်းမရှိနိုင်ပေ။
မိမိထက် သာလွန်သော ချမ်းသာကြွယ်ဝနေသည်သူတို့ကို ကြည့်မြင်အားကျစိတ်ကို ဖြစ်ပေါ်နေတက်ကြပေသည်။
ထိုအချိန်တွင် မိမိ၏ ဇွဲ လုံလ ဝီရိယစိတ်တို့ကို ပေါင်းစပ်၍ မရပ်မနား ကြိုးစားလာခဲ့ခြင်းမှ ရ ရှိလာသော အောင်မြင်မှု(သို့မဟုတ်)ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာ ဓနငွေကြေးများကို ပြန်လည်အောင်းမေ့ကာ အမှတ်ရနိုင်ခြင်းမရှိ သတိမေ့လျော့ကာ စိတ်မချမ်းမသာဖြစ်၍ အားငယ်စိတ်များ ဖြစ်နေတက်ကြပေသည်။
image
ထိုသို့သော အားကျနေသည့်စိတ် ထားရှိနေယုံဖြင့် မပြီးနိုင် ကြိုးစားမှသာ ရ ရှိနိုင်မည်ဆိုပါသော်လည်း မိမိတို့သည် လောဘ ဒေါသ မောဟဆိုသည် ကြီးစိုးမှုတွေရဲ့ သားကောင်မဖြစ်ဖို့ရန် ဆင်ခြင်သုံးသပ်သင့်ပေသည်။
မိမိတို့သည် တွေးခေါ်မြော်မြင်မှု ရှိခြင်းမရှိခြင်း ၎င်းအရာများအပေါ်၌ စိစစ်သုံးသပ်မှုရှိခြင်းမရှိခြင်း မိမိ၏ ပိုင်ဆိုင်ထားရှိသော အရာများကို သုံးသပ်စီစစ်၍ မမေ့မလျော့ အမြဲအမှတ်ရ၍ မိမိ၏စိတ်ကိုချမ်းသာသောစိတ်များ ထားရှိနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါရစေ…………………………။
Author:thura@thura
Photos:Credit Google Images

ပုထုဇဉ်လူသားတို့၏ စိတ်သဘာဝ | Ecency