မျှော်​​နေရှာမလား ​မေ​မေ
Words
195
Reading
1 min
Listen
Play
9y
ကြာခဲ့ပါပြီ..အ​မေ့အိမ်​ဆီ ပြန်​မ​ရောက်​ခဲ့တာ​ပေါ့။အခု​တော့ ပြန်​ဖြစ်​​အောင်​ ပြန်​လာပါပြီ။မွေးရပ်​မြေ​ဆီနှင့်​ အ​မေ့အရိပ်​ဆီ ကျွန်​​တော်​ပြန်​လာဖို့ ဆုံးဖြတ်​ လိုက်​ပြီ။အို...အ​မေ ကျွန်​​တော့်​ကို ​စောင့်​​မျှော်​​နေပါ​တော့...။<FB_IMG_1508174167404.jpgbr>
     ကျွန်​​တော့်​ ရဲ့အိမ်​ပြန်​ခရီးဟာဆိုရင်​ အ​ပျော်​​တွေနဲ့ ပြည့်​နက်​​နေပါတယ်​.အ​မေ့အရိပ်​​နွေး​နွေး​လေးဆီ ပြန်​ခိုလှုံခွင့်​ရ​တော့မယ်​ဆို​တော့ ကျွန်​​တော်​ အရမ်းပဲ​ပျော်​​နေခဲ့မိတယ်​။(၁၅)နှစ်​ဆိုတဲ့အချိန်​ကာလအတွင်း ကျွန်​​တော့်​ဘဝ​လေးကိုအ​ပြောင်းအလဲ ဖြစ်​​စေခဲ့ပါတယ်​။သြော်​..အ​မေ ကျွန်​​တော့်​ရဲ့ မဟာမိခင်​ ​မေ​မေ ငယ်​ငယ်​ကလို  ကျွန်​​တော့်​ကို အိမ်​​ရှေ့တံခါးက​နေ ​စောင့်​ကြို​နေပါ့မလား။
 FB_IMG_1508174174854.jpg ကိုးလလွယ်​လို့ ဆယ်​လ ဖွား ကျွန်​​တော့်​ကို ​ကျွေး​မွေးပြုစုခဲ့တဲ့ အ​မေ ဘယ်​​လောက်​များ အိုစာသွားမလဲ အရမ်းသိချင်​​နေမိတယ်​။ငယ်​ငယ်​ကဆို အ​မေအမြဲတမ်း​ချော့သိပ်​ခဲ့တဲ့ သီချင်း​လေး​တွေကိုလည်း မှတ်​မိ​နေတုန်းပါ။ကျွန်​​တော့်​အတွက်​ဆို မရှိ ရှိတာ​လေးနဲ့ အလိုလိုက်​ အကြိုက်​​ဆောင်​​ပေးခဲ့တဲ့အ​မေ အခုချိန်​မှာ​တော့ အ​မေ့ရဲ့​ကျေးဇူး​တွေကို သားပြန်​ဆပ်​ချင်​ပါပြီ။ကျွန်​​တော်​တို့ ဗုဒ္ဓဘုရားရှင်​​တောင်​မှ မိဘ​ကျေးဇူးကို နို့တစ်​လုံး​ဖိုး​လောက်​သာ ​ကျေ​အောင်​ဆပ်​နိုင်​ခဲ့တာပါ။အ​မေ့​ကျေးဇူးဆိုတာ ဘယ်​​လောက်ထိကြီးမားလည်းဆိုတာ သားသိခဲ့ပါပြီ။အို..အ​မေ ဆပ်​လို့မကုန်​နိုင်​တဲ့အ​မေ့​ကျေးဇူး​တွေကို ကျွန်​​တော်​ မဆပ်​ဘဲ ဥပက္ခာပြုခဲ့တာ​တွေအတွက်​​နောင်​တရလို့မဆုံးခဲ့ပါဘူး။<FB_IMG_1508125452180.jpgbr>
  အရွယ်​မ​ရောက်​ခင်​ ကျွန်​​တော်​တို့အတွက်​ စားဝတ်​​နေ​ရေးကတစ်​ဖက်​ ​ကျောင်းပညာ​ရေးအတွက်​တစ်​ဖက်​နဲ့ ​နေပူမ​ရှောင်​ မိုးရွှာမ​ရှောင်​ ပင်​ပင်​ပန်းပန်းရှာ​ဖွေ​ကျွေး​မွေးခဲ့တာ​တွေ လမ်း​ကောင်းလမ်းမှန်​​ရောက်​ဖို့ သွင်​သင်​ဆုံးမခဲ့တာ​တွေ  ဒါ​တွေဟာ တန်​ဖိုးမဖြတ်​နိုင်​တဲ့ အ​မေ့​မေတ္တာ မှန်း သားမသိခဲ့ဘူးအ​မေ။အ​မေရှိရင်​ ​ငွေရှိတယ်​ဆိုတဲ့အ​တွေးပဲ ရှိခဲ့တာပါ။ငွေကို ဘယ်​လိုရှာရမှန်းသားမသိခဲ့ဘူး။
 အခု​တော့ တိုင်းတစ်​ပါးမှာ ကိုယ့်​​ခြေ​ထောက်​​ပေါ်ကိုယ်​ရပ်​တည်​ပြီး ​ငွေရှာမှ အ​မေ့တန်​ဖိုးဟာ ဘယ်​​လောက်​ထိကြီးမား​ကြောင်းသိလာခဲ့ရတာပါ။တချိန်​က မလိမ္မာခဲ့တဲ့ ကျွန်​​တော့်​ကို အ​မေ အရင်​လို​ရော ချစ်​ပါ့မလားလို့ ​တွေးပူ​နေတာ​တော့​အမှန်​ပါဗျာ။ကျွန်​​တော်​ ဆုံးဖြတ်​ပြီးပါပြီအ​မေ..အ​မေ့တဲအိမ်​​နွေး​နွေး​လေးထဲမှာ အ​မေ့ကို စိတ်​ချမ်းသာ​အောင်​ထားပြီး ​သေတပန်​ သက်​တဆုံးပြုစုပါ့မယ်​ဗျာ။ကျွန်​​တော့်​အ​တွေးထဲမှာ​တော့ ​ပျော်​ရွင်​​စရာ​ကောင်း​နေပြီအ​မေ။ကျွန်​​တော့်​မျက်​ဝန်းထဲမှာလည်း ပီတိမျက်​ရည်​​တွေကျ​လို့​ပေါ့။
 ခရီးသွားခါနီးတိုင်း အ​မေအမြဲတမ်း​ပြောတဲ့စကားတစ်​ခွန်းကိုကျွန်​​တော်​မှတ်​မိ​နေတုန်းပါ။သား​လေး ကျန်းမာ​ရေးဂရုစိုက်​​နော်​´ ဒီစကား​လေးတစ်​ခွန်းဟာ ကျွန်​​တော့်​အတွက်​ တန်​ဖိုးမဖြတ်​နိုင်​တဲ့ စကားတစ်​ခွန်းပါဗျာ။အ​မေ့အတွက်​ ဟိုဟာ​လေး ဝယ်​ခဲ့ ဒီဟာ​လေးဝယ်​ခဲ့´ပါလို့ ဘာလို့ အ​မေမ​ပြောရတာလဲဗျာ။အခုအ​မေမ​ပြောလည်း အ​မေ့အတွက်​ ကျွန်​​တော်​ ဝယ်​ခဲ့ပြီအ​မေ။အ​မေအရမ်းလိုချင်​တဲ့ ​ယောကီဝတ်​စုံရယ်​ စိပ်​ပုတီးရယ်​ ပြီး​တော့ အ​မေအရမ်းကြိုက်​တဲ့သနပ်​ခါးတုံး​တွေလည်း သားဝယ်​ခဲ့​ပြီ​​​​။
 FB_IMG_1508125422766.jpgဟိုးတုန်းကဆို ကျွန်​​တော်​က လူတကာ ချဉ်​ဖတ်​​ပေါ့။ဒါ​ပေမဲ့ အ​မေက​တော့ ကျွန်​​တော့်​ကို အဲ့လို မထင်​ခဲ့ပါဘူး။ဟုတ်​တယ်​.ကျွန်​​တော်​သိပါတယ်​ အ​မေကျွန်​​တော့်​ကို အဲ့လိုမထင်​မှန်း။အ​မေက ကျွန်​​တော့်​ကို ဘယ်​​လောက်​ဆိုးဆိုး​ပေ​ပေ ​ရွှေမင်းသား​လေးလို့ပဲ ထင်​ခဲ့တာ။ဟော.အခုဆို ရထားလည်းဆိုက်​​တော့မယ်​အ​မေ အ​မေ့အိမ်​ရှိရာကို ကျွန်​​တော်​​ရောက်​ဖို့ နီးပါပြီ။
   ဟုတ်​ပြီ ​ ဈေးတန်းမှာ​ပေါ့အ​မေ ​ကျောင်းပိတ်​ရက်​ အ​မေ​ဈေးရောင်းထွက်​​တော့  ​အိမ်​မှာ ဘယ်​သူမှမရှိတာနဲ့ အ​မေ​ဈေး​ရောင်း​နောက်​လိုက်​ခဲ့တုန်းက​ပေါ့ ​ဈေးဦးကမ​ဖောက်​ ကျွန်​​တော်​က အရုပ်​​လေးလိုချင်​ ..။ဒီလိုနဲ့.. အရုပ်​ဆိုင်​ အ​ဒေါ်ကြီးဆီက ​တောင်း​တောင်းပန်​ပန်​ အ​ကြွေး​လေး ဝယ်​​ပေးခဲ့တာကို ပြန်​မှတ်​မိ​နေ​​လေရဲ့။အရင်​က အ​မေ​ဈေး​ရောင်းထွက်​တိုင်း ​ခြေလျင်​​လျှောက်​ခဲ့တဲ့လမ်း​လေး အခု​တော့ အရမ်းသာယာ​နေပြီ​ပေါ့။မနက်​ဆို မိုးရွှာ​နေလည်း ကျွန်​​တော်​ချမ်း​နေမှာစိုးလို့ ​စောင်​ခြုံ​ပေးခဲ့​ပေမဲ့အ​မေက​တော့​မိုးရွှာထဲမရပ်​မနား ​ဈေး​ရောင်းထွက်​ခဲ့တာပဲမဟုတ်​လား။<FB_IMG_1508125396055.jpgbr>
  ဟိုးရှေ့ ဆို အ​မေ​နေတဲ့ရွှာ​လေးကို ​ရောက်​​တော့မယ်​။ကျွန်​​တော့်​​ခြေလှမ်း​တွေ ​နှေး​နေသလိုခံစားရတယ်​ဗျာ။ရွှာထိပ်​က ထုံးဖြူဖြူ ​စေတီ​လေးကို လှမ်းမြင်​​နေရပြီ။ကြည့်​စမ်း.သီတင်းကျွတ်​တိုင်းအ​မေကျွန်​​တော့်​လက်​ဆွဲပြီး ဆီးမီး လာပူ​ဇော်​တဲ့ ​စေတီ​လေး အခုဆို ​တော်​​တော်​လေး​ပြုပြင်​​မွမ်းမံထားပါလား။အရာရာဟာ ​ပြောင်းလဲလွန်းလို့ ကျွန်​​တော်​မျက်​စိလည်​ ကုန်​ပြီ​ထင်​တယ်​ဗျာ။ငယ်​ငယ်​က တူတူပုန်း တမ်းကစားခဲ့တဲ့ ထ​နောင်းပင်​ကြီးလည်း အိုမင်း​နေပြီ။FB_IMG_1508174901941.jpg
တဲအိမ်​စုတ်​​လေး အ​မေ့​မေတ္တာအရိပ်​​ငွေ့​လေးကျွန်​​တော်​ခံစားမိ​နေပါပြီ။တွေ့ရပါပြီ...ကျွန်​​တော့်​ရဲ့ မဟာပဲ့ကိုင်​ရှင်​​မေ​မေ။အနှိုင်းမဲ့ ​မေ​မေ။ထီးတစ်​​ချောင်းလို ခိုလှုံရိပ်​ ​ပေးတဲ့​မေ​မေ။ပါး​ရေနား​ရေတွန့်​လို့ ဇရာ​ထောင်း​နေတဲ့ ​မွေး​ကျေးဇူးရှင်​ ​မေ​မေ။ကျွန်​​တော့်​ကို မြင်​​တော့ အ​မေမမှတ်​မိ​တော့ဘူးမဟုတ်​လား။အ​မေ့လက်​​လေးကိုအ​ပြေးဆုပ်​ အ​မေ သားကိုမှတ်​မိလား အ​မေငယ်​ငယ်​က အ​မေနို့ချိုတိုက်​​ကျွေးခဲ့တဲ့ အ​မေသား​လေဗျာ´အ​မေ့မျက်​ဝန်း​တွေထဲ မျက်​ရည်​​တွေ စီးကျလာပါ​ပေါ့လား။ကျွန်​​တော်​လည်း ခံနိုင်ရည်​​မရှိပါဘူး။<br> &nbsp;ကျွန်​​တော့်​မျက်​နှာ​လေးကို ပွတ်​တပ်​ပြီးကြည့်​​နေတဲ့ အ​မေ ...ငယ်​ငယ်​ကလိုပဲ အ​မေ့ရင်​ခွင်​​လေးထဲ တိုးဝင်​ပရ​စေ။ကြမ်းတမ်းတဲ့ဘဝကို ခက်​ခက်​ခဲခဲ ဖြတ်​တန်းခဲ့ရတဲ့ အ​မေ့လက်​​လေးလည်း တွန့်​​နေ​လေပြီ။အ​မေ့ကို လက်​စုံမိုး၍ ကျွန်​​တော်​ကန်​​တော့ပါတယ်​။ကျေးဇူးပါ အ​မေ ကျွန်​​တော့်​အတွက်​ အ​မေကျန်းကျန်းမာမာ ရှိ​နေ​ပေးလို့ပါ။အ​မေ့အတွက်​ ကျွန်​​တော်​​ကျေးဇူးဆပ်​ခွင့်​ပြန်​ရပါပြီ။အရင်​လို အ​မေချက်​​ပေးတဲ့ ထမင်းဟင်းကိုလည်း စားခွင့်​ ရ​ပြီ​လေ...ပြီး​တော့ အ​မေ့ရဲ့ အိပ်​ယာဝင်​​တေးကိုလည်း ကျွန်​​တော်​ ပြန်​ကြားချင်​မိပါ​သေးတယ်​။အို.....အ​မေ....အလုံးစုံတိုင်းအတွက်​အ​မေ။အရာရာတိုင်းအတွက်​ အ​မေဟာသူရဲ​ကောင်း´တစ်​ဦးပါဗျာ။
 မိဘ​ကျေးဇူး ဆပ်​နိုင်​ကြပါ​စေ။
Written by -thihazaw(MSC-076)
Photo credit -FB.search
မျှော်​​နေရှာမလား ​မေ​မေ | Ecency