စည်းကမ်းရှိမှတိုးတက်မည်
စည်းကမ်းသည် လူ၏တန်ဘိုး
စည်းကမ်းရှိမှ နည်းလမ်းကျ
စသည့် စည်းကမ်းရှိရှိ နေထိုင်ကြစေဘို့ ကျောင်းသားဘဝအရွယ်က ဆရာဆရာမများ၏ ဆိုဆုံးမမှုများကို မကြာခန ကြားခဲ့ရပြီးပါပြီ ။
ကျောင်းတိုင်းမှာလိုလို ဆိုင်းဘုတ်အစိမ်းပေါ်မှာအဖြူရောင်စာလုံးဖြင့် ရေးဆွဲထားကြတာပါ ။
နောက်ထပ် ကြားရတဲ့စကားတခွန်းလဲရှိပါသေးတယ် ။ တို့ မြန်မာတွေ စည်းကမ်းဖောက်လို့  ထီးနန်းပျောက်တယ်ဆိုတဲ့စကားပါ ။
ကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်ရမယ့် စည်းကမ်းတွေရယ်
ကိုယ်တိုင်လိုက်နာကျင့်သုံးရမယ့်စည်းကမ်းတွေရယ်
ကိုယ့်နှုတ်က စောင့်ထိန်းရမယ့် နှုတ်စည်းကမ်းတွေရယ် စတဲ့ ကိုယ်နဲ့သက်ဆိုင်ရာ အလုပ်အသီးသီး တာဝန်အသီးသီးနဲ့ လူမှုရေးရာ စည်းကမ်းတွေဟာ များပြားလှပါတယ် ။
ဘယ်လောက်များများ ထိုချမှတ်ထားတဲ့ အဖွဲ့အစည်း သို့ မဟုတ် ပတ်ဝန်းကျင်မှာ ကိုယ်က မကင်းနိုင်ဘဲ ပတ်သက်ဆက်နွယ်နေရမည်ဆိုပါက မလွဲမသွေ လိုက်နာရမှာ အမှန်ပါ ။
အိမ်မှာလဲထို့ အတူပါဘဲ ။ ကိုယ်လုပ်ရမယ့် ကိုတာဝန်ကို ကိုယ်တိုင်လုပ်ကိုင်ရင်း စည်းကမ်းရှိရှိ နေထိုင်သန့်ရှင်း စားသောက်ချက်ပြုတ် ကစားကြရမှာပါ ။
ငါကတော့ အိမ်မှာ ဘာမှမလုပ်ရဘူးဆိုပြီး အဝတ်အစားကအစ ဖြစ်သလိုလဲ ဖြစ်သလိုဝတ်ပြီး ပေကျံအောင်ဝတ်တာမျိုး စားပြီးသားပုဂံကိုဒီတိုင်းထားခဲ့တာမျိုး ဖိနပ်ကိုတွေ့တဲ့နေရာချွတ်တာမျိုးတွေ မလုပ်သင့်ပါဘူး ။ မိဘများက ချစ်လို့ အလိုလိုက်ပြီး လျှော်ဖွတ်ဆေးကြောလုပ်ပေးနေတာကို ကိုယ်က အလိုက်တသိနဲ့ လုပ်ကိုင်ပေးသူလွယ်ကူအောင် ပြန်ပြီး သိနားလည်မှုရှိပြီး သူ့နေရာလေးနဲ့သူထားပေးသင့်ပါတယ် ။ ဒါကတော့ ဘယ်သူမှချမှတ်မထားဘဲ ကိုယ်တိုင်က ကျင့်သုံးရမယ့် ကိုယ်ပိုင်စည်းကမ်းလေးတွေပေါ့ ။
photo credit # facebook
ခုဖော်ပြတဲ့ပုံလေးက facebook ကကူးယူခဲ့တာပါ ။ စစ်ကိုင်းတောင် မြစင်္ကြာကျောင်းက ဆွမ်းစားရန်ကြွလာတဲ့ ဘုန်းဘုန်းများရဲ့ ချွတ်ထားတဲ့ဖိနပ်တွေပါ ။ စည်းကမ်းတကျ စီတန်းချွတ်ထားကြတာကို နိုင်ငံခြားသားများက မှတ်တမ်းတင်နေတဲ့ပုံလေးပါ ။ ကိုယ့်နိုင်ငံက စည်းကမ်းရှိတာကို တခြားနိုင်ငံသားများက အထူးတလည် ဖြစ်စေတာ ဘယ်လောက် ပီတိဖြစ်ရလဲလေ ။ ရှားရှားပါးပါးနဲ့ အဖိုးတန်တဲ့ မြင်ကွင်းလေးမို့ မှတ်တမ်းတင်တဲ့ ဓာတ်ပုံလေးကို မြင်ရတာနဲ့တင် ကျေနပ်ပြီး ရင်ထဲကြည်နူးမိရတာပါ ။
ဒီပုံလေးကိုမြင်ပြီး ပီတိဖြစ်ရလွန်းလို့ ပါ ။ စည်းကမ်းရှိစွာ လုပ်ဆောင်ကြတာ မြင်တွေ့ရပါတယ် ။ ဒါကို နမူနာယူပြီး ကျမတို့ လည်း အသေးအဖွဲမှစပြီး အကြီးမားဆုံးထိ စည်းကမ်းရှိရှိ နေထိုင် ကျင့်သုံးကြပါစို့ ရှင် ။
မင်္ဂလာပါရှင် MSC အမျိုးတို့ ရေ ……
MSC 027