မီးပွင့်တွေမှိန်မှိန်ကြားမှာ
စမ်းတဝါးဝါးနဲ့ ကိုယ်တယောက်ထဲလားလို့
မျက်မှန်ပါသူ ကိုယ်လိုလူကို
ဟိုဟိုဒီဒီ ရှာမိတယ်
ဧည့်ခံပွဲသာ ပြီးသွားတယ်
တယောက်မှ မတွေ့ပါဘူးကွယ်
ရှေးဘဝအတိတ်ကံများ အားနည်းတဲ့မျက်လုံးတွေကို
ကိုယ့်အတွက် ပေးရက်လေတယ် ………
@thetlyar
MSC 027