သိလွန်း၍လည်း မဟုတ် ……
တတ်လွန်း၍လည်း မဟုတ် ……
သိတိုင်းတတ်တိုင်း လုပ်၍ မရသော အချိန်အခါမျိုးတွေ ရှိလေသည်
ကျွမ်းကျင်ရာကို ကျင်လည်စွာ လုပ်ကိုင်နိုင်ဘို့ ကလည်း လို၏
အသိတွေ အတတ်တွေနဲ့ ကျွမ်းကျင်မှုတွေကို ပေါင်းစည်းပြီး
အချိန်အခါကိုကြည့်ပြီး လုပ်သောအခါ ………
good သထက် good နေတော့သည် ……
သူများတွေလို အောင်မြင်ချင်လျှင် အဲဒီောင်မြင်နေသူတွေ ဘာတွေလုပ်ကြသလဲ ?
ဘယ်လိုတွေအချိန်ယူကြသလဲ ?
ဘယ်လောက်ထိရင်းနှီးမြုပ်နှံကြသလဲ ?
အားလုံးကို စေ့စေ့စပ်စပ် လေ့လာပြီး မှတ်သားသင့်သည် ……
သူများတွေအောင်မြင်နေတာကို ကြည့်ပြီး ကိုယ်တိုင်က ဘာတခုမှလိုက်မလုပ်ပါဘဲ မကြိုးစားပါဘဲ
ပါးစပ်ကလေးက သူတော့အောင်မြင်နေပြီ ဘယ်လောက်ချမ်းသာသွားပြီ ပါးစပ်ကရွေတ်နေရုံနှင့် ရပ်တန့် မနေဘို့ က အဓိကအချက်ပါဘဲ
လက်တွေ့လုပ်ဆောင်နိုင်မှ လက်တွေ့ကိုယ်တိုင် ခံစားရမယ့်ခေတ်ကြီးမှာ လက်တွေ့လုပ်ပြနိုင်ရပါမယ် ……
ပါးစပ်ကလုပ်နေရင်တော့ ပြောပြီးခနေ လထဲပျောက်သွားတဲ့အလုပ်ကို မလုပ်ကြရန် သတိထားပါ
အောင်မြင်သူအများစုဟာ ပိုက်ဆံကို မွေးကထဲက မိဘချမ်းသာမှုကြောင့် တိုးတက်အောင်မြင်သူများ မဟုတ်ကြတာလဲ ဗဟုသုတအဖြစ် ဖတ်ဖူးမှတ်ဖူး ကြားဘူးနားဝတော့ ရှိကြမယ်လို့ ထင်ပါတယ်ယ
ထိုအောင်မြင်နေကြသူများရဲ့ ဘဝအစလောက် ကိုယ်ကမဆိုးသေးဘူးဆိုတာကို သတိထားပြီး အားငယ်တာတွေကို ဖယ်ချပြီး ကိုယ်လဲ သူတို့ လိုအောင်မြင်တဲ့အလုပ်ကို လုပ်မိရန် အတွေးနဲ့တွေးရုံမဟုတ်ဖဲ လက်တွေ့နိုင်ဘို့  အကောင်အထည်ဖော်ကြပါစို့ ။
photo credit # facebook
MSC 027