သံသရာခရီးသည်

Words
41
Reading
1 min
Listen
Play
8y

သမုဒ္ဒရာဝမ်းတစ်ထွာအတွက်
လောကတစ်ခွင် သက်ဝင်လှုပ်ရှား
လူသားပေမို့ အမှားဆိုတာမကင်းပေဟု
ထိုသို့ဆိုရိုး ရှိသော်ငြားလည်း
အမြဲလိုပင်မှားနေပြန်က
အဘယ်သို့ပင် ရှေ့ဆက်မည်နည်း
အတ္တသမား လူသားများမို့
ရံဖန်ရံခါ မှားနိုင်သော်လည်း
မှားသည့်အရာ သင်ခန်းစာဟု
အကျိုးရှိစွာ မှတ်ယူကာဖြင့်
ဆင်ခြင်တရား လက်မှာမြဲလို့
တတ်နိုင်သမျှ အမှားနည်းအောင်
သင့်စိတ်အလို မစီးမျောဖို့
ကျင့်ကြံအားထုတ် နေလေပေတော့
နောင်သံသရာ တစ်ဘက်ကမ်းကို
လေးလံလှသော အကြွေးထုပ်ကို
အပင်ပန်းခံ မထမ်းလေနဲ့
ချစ်လှစွာသော
အိုမိတ်ဆွေ...

15539ad033a5c2b926b48290cdff5bb6.jpg
Image Credit Source

Writter@theinzawlin
MSC - 128

သံသရာခရီးသည် | Ecency