“မြစ်ကမ်းဆီမှ လွမ်းမောသံ”
ဖိုးမောင်တစ်ယောက် မန္တလေးကိုရောက်ရှိနေသည်မှာ ၅နှစ်ခန့်ရှိပါပြီ။သူရွာကို မပြန်သည်မှာ ကြပြီဖြစ်ပါသည်။သူ၏ဇာတိမှာ ရှမ်းတောင်တန်းကြီးများ၏မှမြစ်ဖျားခံစီဆင်းလာသော ဒုဌ၀တီမြစ်၏ဘေးမှ ကျေးရွာလေးတစ်ရွာဖြစ်ပါသည်။၎င်းရွာသည် ပြင်ဦးလွင်သွားသည့်လမ်းမှ ဆိုင်ကယ်ဖြင့်ဆိုလျှင် နာရီဝက်ခန့်မောင်းမှရောက်နိုင်ပါသည်။တောင်နှင့်မြောက်သွယ်တန်းနေသော ရှမ်းတောင်တန်းကြီးနှင့်အတူ ဒုဌ၀တီမြစ်ကိုမှီခိုရင်း ရွာရှိလူများသည် တောင်သူလုပ်ငန်းနှင့် တံငါလုပ်ငန်းကိုသာလုပ်ကိုင်ကြပါသည်
ရွာရှိ တောင်သူနှင့်တံငါလုပ်ငန်းကိုလုပ်ကိုင်သူများထဲမှရွာရှိထူဆန်း၍ရိုးသားသောလူတစ်ယောက်ရှိပါသည်။ ထိုသူမှာ တောင်သူလုပ်ငန်းလဲမလုပ် တံငါလုပ်ငန်းလဲမလုပ်သော ဦးသာအောင်ဖြစ်ပါသည်။ ဥိးသာအောင်သည် စိတ်သဘောထားကောင်းသူတစ်ယောက်ဖြစ်ပါသည်။ သူသည် လှေဖြင့်မြစ်၏ဟိုဘက်သည်ဘက်ကို ပို့သော ကူးတို့သမားအလုပ်ကိုသာလုပ်ပါသည်။ကူးတို့သမားတစ်ယောက်ဖြစ်ပေမယ့် အခြားသူများလို တံငါလုပ်ငန်းမလုပ်သည့်အပြင် သားသတ်လွတ်စားသူတစ်ယောက်လဲဖြစ်ပါသည်။ရွာရှိကလေးများသည် အလယ်တန်းကျောင်းကို တစ်ဖက်ကမ်းရှိရွာတွင် သွားရောင်တက်ရသောကြောင့် ဦးလေးသာအောင်ဟာ ကျွန်တော်ကျောင်းသားများအတွက်တော့ မရှိမဖြစ်အားကိုးနေရသောတစ်ယောက်ဖြစ်ပါသည်။
ဦးလေးသာအောင်သည် တစ်ကိုယ်တည်းသမားဖြစ်သောကြောင့် ရွာထဲတွင်မနေဘဲ မြစ်ဘေးတစ်နေရာတွင် တဲကလေးတစ်လုံးဖြင့်သာနေပါသည်။ဈေးသမားများဆိုလျှင်လည်း ဟိုဘက်ကမ်းရှိရွာသို့ သွားရောက် ရောင်းချလိုပါကလည်း ဦးလေးသာအောင်၏ လှေဖြင့်သာသွားရပါသည်။ဦးလေးသာအောင်မှလည်း လှေပို့ခကို ဈေးသည်များမှ မိမိတို့ပါရာဆန် ဆီ အသီးအနှံများစသော ပစ္စည်းများကိုအဆင်ပြေရာပေးကြပါသည်။ တစ်ချို့ကျတော့လည်း မျှစ်ပေါ်ချိန်ဆိုလျှင် တောင်ပေါ်သို့တက်ခါ မျှစ်ချိုး၍ပြန်လာကြပါကလည်း မျှစ်များကိုလာပေးလေ့ရှိကြပါသည်။ဦးလေးသာအောင်သည် လူအများနှင့်လိုက်ရောညီထွေစွား နေနိုင်သောကြောင့် လူချစ်လူခင်ပေါများသောကြောင့် တစ်ကိုယ်တည်းသမားဦးလေးသာအောင်အတွက်တော့ စားသောက်ရေးမှာ ပူစရာသိပ်မလိုပါ။
ဦးလေးသာအောင်လို စိတ်သဘောထားကောင်းသောကြောင့်လည်း ရွာမှကလေးများ တစ်ဖက်ကမ်းသို့ ကျောင်းသွားတက်လျှင် မိဘသဖွယ် ဂရုစိုက်ပို့ဆောင်ပေးပါသည်။ဒါကြောင့် ရွာမှကလေးမိဘများသည် ဦးလေးသာအောင်နှင့်စိတ်ချထားပြီးသားဖြစ်သည်။ဦးလေးသာအောင်သည် ငယ်ငယ်ကစာ မသင်ခဲ့ရ သောကြောင့် ယခုစာသင်ရန် တစ်ဖက်ကမ်းသို့သွားရောက်မည့်ကျောင်းသားများကို မိမိလို စာမတတ်သော ကလေးများ မဖြစ်စေရန်စိတ်ဖြင့် လိုက်၍ပို့ပေးနေခြင်းဖြစ်ပါသည်။
မိုးရာသီမိုးရွာချိန်တွင်ဆိုလျှင် ဦးလေးသာအောင်မှာ ကျောင်းတက်ရသော ကလေးများကိုပို့ရသည်မှာ တာဝန်ပိုကြီးပါသည်။တစ်ခါကဆိုလျှင်မိုးရွာသည့်အချိန်တွင် ဦးလေးသာအောင်မှ ဈေးသည်တစ်ယောက်ကို တစ်ဖက်ကမ်းသို့လိုက်ပို့ရာ ဈေးသည်မှ သူ၏ဈေးတောင်းမှ အသီးအနှံတစ်စီးပြုတ်ကျ၍ ကောက်လိုက်ရာ လှိုင်းကလဲလှုပ်ခတ်ဆိုတော့ မှောက်လုဆဲဆဲဖြစ်ချိန်တွင် ဦးလေးသာအောင်မှ ရေထဲဆင်းပြီး လှေကိုထိန်းမှသာ သေကံမရောက်ခဲ့ရပေ။ဈေးသည်မှာတော့ သူ၏ပစ္စည်းကျ၍ ဆယ်ယူသော်လည်း ဟန်ချက်မညီမှုကြောင့် လှေမှာတစ်ဖက်စောင်းဖြစ်ပြီး မြုပ်လုဆဲဆဲဖြစ်သွားပါသည်။ဦးလေးသာအောင်သာ ရေထဲမဆင်းဘဲ ဒီအတိုင်းနေခဲ့ပါက ဈေးသည်၏ လှုပ်ရှားမှုကြောင့် လှေမှာထိန်းမရဘဲ မြုပ်သွားနိုင်ပါသည်။
အဲဒါကြောင့် ဦးလေးသာအောင်မှာ ကလေးများပို့သည့်အချိန်တွင် ပို၍ဂရုစိုက်ရပါသည်။ကလေးဆိုတာမျိုးကလဲ အငြိမ်မနေဘဲ ဆော့တတ်ကြပေရာ လှေမှာငြိမ်မနေဘဲ လူးလွန့်သွားပြီး မြုပ်သွားနိုင်ပေသည်။တစ်ခါတစ်လေ ဦးလေးသာအောင်နေမကောင်းသည့်နေ့များတွင်ဆို ကလေးများကျောင်းသွားရသည်မှာ အခက်အခဲများ ကြုံရပါသည်။အဲလိုချိန်များတွင်ဆို ဦးလေးသာအောင်၏ တန်ဖိုးကို ပို၍သိနားလည်ရပါသည်။ ဦးလေးသာအောင်မှလည်း တော်ရုံတန်ရုံနေမကောင်းတာလောက်ဆိုလျှင် နားမနေဘဲ ကလေးများသွားရာတွင် အခက်အခဲဖြစ်သွားမည်စိုး၍ အားတင်းပြီးလိုက်ပို့ပေး တတ်ပါသေးသည်။တစ်နေ့တွင်တော့ ဦးလေးသာအောင်၏ ရိုးရှင်းစွာဖြတ်သန်းနေသော ကံကြမ္မာကိုမွှေမည့် မုန်တိုင်းတစ်ခုတိုက်ခတ်လာသည်ကို ဦးလေးသာအောင်တစ်ယောက် သတိမထားမိလိုက်ပေ…………။
ဆက်ပါဦးမည်။
Photo Credit :Google Image
Writer - Thant Zin Soe (tharpauk)
MSC 134