A day of rest and relaxation

Words
147
Reading
1 min
Listen
Play
5y

ဒီနေ့ကတော့ ပက်ပက်စက်စက် ရှယ်ပလန် နဲ့ ဇွန်းခရင်းတပ်ပြီး ပင်ပန်းရတဲ့နေ့ပဲဗျို့ ။

IMG_20210518_100548.jpg

ရာသီဥတုက ပူတာနဲ့ Uniform အပြည့်အစုံနဲ့နေပူထဲ တစ်နေကုန် အလုပ်လုပ်နေရတာနဲ့ပဲ အလုပ်ဆင်းချိန် လူက အတော်လေး ပြိုင်းနေပြီဗျ။ ဘာရယ်မဟုတ်ပါဘူး။ Plant Shutdowm ကျရင် Mark VI E Upgrade လုပ်ဖို့ Cableတေ အသစ်ချိန်းဖို့ရန် အတွက် Cable Tray အသစ်တင်ရမယ်ဗျ။ အဲဒီအတွက် Tray အဟောင်းေတွဖြုတ် Tray အသစ်တင်ဖို့ Welding Job နဲ့ ငြိတာပဲ။

နေကပူ လူကပူ နဲ့ နေရာကလည်း ကျဥ်းနဲ့ အတော်လုပ်ရခက်။ အလုပ်သာ လုပ်နေတာ Hive Blogchain မှာ ငါဘာမှမတင်ရသေးဘူး ဆိုတဲ့ စိတ်က တစ္ဆေ လိုပဲ ခြောက်လှန့်နေတယ်။ ဘယ်လိုအကြောင်းအရာ တင်ရမလည်းေတွးရင်း ပဲ တစ်နေ့တာက ကုန်ုဆုံးရပြန်ပြီ။

ဒီလိုနဲ့ ညနေပိုင်းအလုပ်သိမ်းပြီးတော့ Month of the Pay day ကလည်း ဖြစ်တာနဲ့ လူစုပြီး ဘီယာဆိုင် ရောက်ပါလေကော။

IMG_20210530_181318.jpg

သောက်ရင်းစားရင်း လူမှုရေး စီးပွားရေး နိုင်ငံရေးေတွ ပြောရင်းနဲ့ တစ်ယောက်က ကျွန်တော့်ကို ထမေးပါလေကော။ Bit Coin ကဘာလည်း ဘယ်လိုလည်းတဲ့။ရုတ်တရက် ကြောင်သွားပြီး ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက် ကေ ျာ် မော်ဒယ် ထားထက်ထက် က စစ်ဘေးှေ ရာင် ပြည်သူ​ေ တွ အတွက် Bit coin နဲ့ အလှူခံနေတယ်လို့ ပြောတယ်ဗျ။ Wallet address ပါ ချထားပေးတယ်တဲ့။ ဒါနဲ့ Bit Coin အကြောင်း Hive blog အကြောင်း ၊ Torum အကြောင်း အတော်လေး Sharing လုပ်ဖြစ်ခဲ့တယ်။ ၀မ်းနည်းစရာက ကျွန်တော်နေတဲ့ မြို့မှာ Bit coin အကြောင်း Hive အကြောင်း Cryptocurrency အကြောင်း သိတဲ့သူက လက် ၅ခေ ျာင်းမပြည့်ဘူး ဖြစ်နေတယ်ဗျာ။ ကျွန်တော့်အတွက်တော့ တကယ်၀မ်းနည်းစရာပါ။ အတော်လေး စည်းရုံးပြီးှေရ့ဆက်ရဥိီးမယ်။

Screenshot_2021-06-03-23-14-30-155_com.facebook.katana.jpg

အနာဂတ်တေ Crypto နဲ့ လှပနိုင်ကြပါစေဗျာ။