ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ်၊ရွှေညောင်မြို့ လွယ်မိုင်းစဉ်တောင်ပေါ်ကအရိပ်မထွက်မွေတော်ဘုရားပေါ်ကိုမိုးအေးအေးနဲ့ရောက်ခဲ့ပြန်ပါတယ်။မွေတော်စေတီအစုများအလယ်မှပင်မစေတီတော်ကအရိပ်လုံးဝမပေါ်ဘဲဘုရားရဲ့အရိပ်ကအင်းလေးရေပြင်မှာသွားရောက်ပေါ်နေတယ်လို့ အဆိုရှိကြပါတယ် ဘုရားတောင်ခြေမှာရှိတဲ့ရွာလေးတွေမှာသဘာဝရေပူစမ်းလေးတွေလည်းရှိပါတယ်။တောင်ပေါ်ကနေလှမ်းကြည့်လို့မြင်ရတဲ့သဘာဝရှု့ခင်းလေးတွေကရင်ကိုအေးမြစေတာအမှန်ပါ။ ဒါ့ကြောင့် လွယ်မိုင်းစဉ်ဆိုတာရှမ်းဘာသာစကားနဲ့ရှု့ခင်းသားလို့အဓိပ္ပါယ်ရပါတယ်။ကြုံဆုံတဲ့တစ်ခေါက်အရောက်လှမ်းပြီးလာရောက်ဖူးမျှော်စေချင်ပါတယ်လို့
စွယ်တော်ပင်ရဲ့ပန်းပွင့်ဆိုရင်အဖြူရောင်လေးတွေကိုပဲမြင်နေကြပေမဲ့လွယ်မိုင်းစဉ်တောင်ပေါ်ကခရမ်းရောင်ပန်းပွင့်တဲ့စွယ်တော်ပင်လေးကိုမြင်ရတာအမြင်တစ်မျိုးဆန်းနေနာပေါ့