[1] ရင်ထဲက လမင်းကတော့ အမြဲနီးခဲ့ပါတယ်။စိတ်ကူးထဲမှာတော့ ကောင်းကင်ဟာ လက်တကမ်းလေးပါပဲ။ကျွန်တော်တို့ဟာရွှေလင်ဗန်းထဲက ထမင်းဆီဆမ်းကို အမှန်တကယ်လို့ ထင်မှတ်နေကြတုန်းပါပဲ။အသိဉာဏ်မဖွံ့ဖြိုးသေးတဲ့ ကလေးတယောက်ရဲ့ လိုချင်တပ်မက်မှုမျိုးနဲ့ ကျွန်တော်ရှင်သန်နေချင်သေးတယ် Chor!!တနေ့မှာချစ်ခြင်းမေတ္တာနဲ့အတူ
[2] ဘာပဲဖြစ်ဖြစ် ကျွန်တော်ဟာ စိတ်ကူးကလေးနဲ့ ရူးနေရပါတယ်။ကျွန်တော်ပျောက်ဆုံးနေတဲ့ ကမ်းတစ်ခုဟာ ခင်ဗျားပဲ။ကျွန်တော် ရှာမတွေ့သေးတဲ့ အိုအေစစ်ကလေးဆိုလည်းဟုတ်တယ်။တိမ်တွေလည်း ခင်ဗျားပဲ။ကြယ်တွေလည်း ခင်ဗျားပဲ။ကျွန်တော့်အတွက်တော့ ခင်ဗျားဟာ အဓိပ္ပာယ်အမျိုးမျိုးဖော်လို့ရတဲ့ သီအိုရီတစ်ခုပဲ။ထားပါ....
[3] ကျွန်တော့်ကို ခင်ဗျားရှာတွေ့လိမ့်မယ်လို့ပေါ့။အဲ့ဒီတနေ့ကိုရောက်ရင်ကျွန်တော်ပြောဖူးတဲ့ ခင်ဗျားနဲ့အတူကြည့်ချင်တဲ့ကောင်းကင်လေးကို ခင်းဗျားကိုပြမယ်။ကျွန်တော်ဖွက်ထားတဲ့စကြာဝဠာလေးဟာသိပ်ကိုခမ်းနားကြောင်း ခင်ဗျားမြင်စေရမယ်။