Myanmar Habit

Words
76
Reading
1 min
Listen
Play
8y

[2] မေးစရာ မရှိတဲ့ သင်ယူသူတွေဆွေးနွေးသင်ယူခြင်းနဲ့ မရင်းနှီးဘဲ ရှေ့ကသင် နောက်က ငြိမ်ငြိမ်နားထောင် ဆိုတဲ့ စနစ်နဲ့ အသားကျခဲ့တဲ့ မြန်မာကျောင်းသားကျောင်းသူ အများစုဟာ သင်ကြားပေးသူတွေ (ဆရာဆရာမတွေ) ကို မေးခွန်း မမေးရဲ မမေးတတ်ကြပါဘူး။

[3] မြန်မာလူမှု အသိုင်းအဝိုင်းရဲ့ အနေအေးယဉ်ကျေး ဗိုင်းကောင်းကျောက်ဖိ ယဉ်ကျေးမှု Introvert culture ကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါပါတယ်။စာသင်ခန်းထဲမှာ မေးခွန်းတွေ သိပ်မေးတဲ့ကောင် ဆိုရင် ဆရာကြီးလား ဘာလား ဝိုင်းပြီး မေးငေါ့ချင်ကြတတ်တာကိုး။

[4] ရွေးချယ်စရာ မရှိတဲ့ ဘာသာရပ်တွေကို မေးခွန်းမထုတ်ဘဲ သင်ယူလာရတဲ့ အလေ့အကျင့်ဟာ ကိုယ်နှစ်သက်လို့ လေ့လာသင်ယူတဲ့ ပညာရပ် ဘာသာရပ်တွေ အထိ ပါလာပါတော့တယ်။ image

[6] ။အပျင်းစိတ်နဲ့ ရှက်စိတ်ဆိုရင်တော့ ကြိုးစားပြီး တွေးတောကြံဆ မေးမြန်းစေချင်ပါတယ်။ခွင့်သာခိုက်မှာ မေးလိုက်ရင် အချိန်သက်သာ လူသက်သာစွာနဲ့ အမြန်ဆုံး နားလည်နိုင်မှာပါ။

[7] သုစိပုဘာ ဆုံးမစာထဲကလို ပု = ပုစ္ဆေရ မေးမြန်းရာ၏ ဆိုတဲ့ အချက်ကို လက်ကိုင်စွဲပြီး ပညာရှာသူ အပေါင်းတို့သည် တစ်စပေါ်လျှင် ချည်စငင်သို့ မေးနိုင်မြန်းနိုင်ကြပါစေသော်။

Myanmar Habit | Ecency