နွားပုံလေးနဲ့ နွားလို့ ပို့စ်တခုတင်လိုက်တယ်။ အဲ့အောက်မှာ ပလာတာတွေ မြက်တွေ အကြောင်းလာမန့်တယ်။ အိမ်ကနွားမကြီးနို့မထွက်တဲ့အကြောင်း၊ မီးနေသည်နွားမြီးဟင်းချိုသောက်သင့်ကြောင်း၊ နွားဈေးတွေတက်လို့ အမဲသားမစားနိုင်ကြောင်း၊ ခြံခုန်တတ်တဲ့အကြောင်း၊ ခြံစည်းရိုးကျိုးသွားကြောင်း၊ ခြံဈေးတွေတက်သွားကြောင်း၊ ခြံစည်းရိုးခိုင်ပါက ပလာတာစားပွဲလေးမှီပြီး ရောင်းချင်ကြောင်း၊ နွားနို့ထဲရေရောတာများကြောင်း၊ မီးမလာလို့ ရေတင်မရကြောင်း၊ စသဖြင့် လာမန့်ကြတယ်။ နွားပွဲစားတွေကလည်း ဈေးတွေဆိုင်ပြီး အရောင်းအဝယ်တွေဖြစ်လို့။
နောက်ပြီး ခြံခုန်ပြီး ပေါင်ကွသွားတဲ့ ဟိုနွားကြီး ကျောက်ပတ်တီးစည်းထားကြောင်း၊ ဟိုဘက်ခြံက မြက်နုနုတွေနွားခြေနဲ့နင်းမိလို့ ပြန်လျော်ခိုင်းကြောင်း၊ တိရိစ္ဆာန်ဆေးကုဆရာဝန်က နွားမှာဖြစ်တတ်တဲ့ရောဂါတွေအကြောင်းပြောလို့ နွားခြံပိုင်ရှင်တွေနဲ့ပြဿနာဖြစ်တဲ့အကြောင်း၊ ဆတ်သားခြောက်ဆိုပြီးရောင်းနေတဲ့အသားတွေက နွားသားတွေကိုဆေးဆိုးပြီးရောင်းတဲ့အကြောင်း၊ တရုပ်ပြည်ကိုနွားတွေတင်ပို့လို့ ပြည်တွင်းမှာ မလုံလောက်ကြောင်း၊ နယ်ကနွားနဲ့မြို့ကနွား စရိုက်မတူကြောင်း စသဖြင့်ဝင်မန့်ကြတယ်။
ကိုယ်တင်တဲ့ နွား ဆိုတဲ့ပို့လေးဟာ မန့်တွေနဲ့စည်ကားနေတော့တာပေါ့ကွယ်။ အမှန်က သမီးလေးကိုစာသင်ပေးနေတာ။ နောက်နေ့ကျရင် ကျားဆိုပြီး ကျားပုံလေးနဲ့ပို့စ်တင်အုံးမယ်။
စုမွန်သွယ်
Photo credit - https://fineartamerica.com/art/cow