သူမနှင့် ဘဝအဓိပ္ပါယ်...

Words
112
Reading
1 min
Listen
Play
8y

ပျော်ရွှင်စွာဖြတ်သန်းရသော နေ့ရက်တို့သည် ကုန်မှန်းမသိသာလှသော်လည်း စိတ်ပင်ပန်းကြီးစွာ ဖြတ်သန်းရသော နေ့ရက် အချိန်တို့သည် ပို၍ ရှည်လျားလှသည်ဟု ထင်ရပေသည်။ နေ့စဉ်လုပ်ငန်းဆောင်တာများကို မဆက်မပျက်လုပ်ဆောင်နေသူနှင့် အလုပ်အကိုင်ဟူ၍ မယ်မယ်ရရ မရှိလှဘဲ စီးမျောနေသူအဖို့ အချိန်သည် ပို၍ ရှည်လျားသယောင် ထင်ရပေသည်။

ပြင်းရိညီးငွေ့ဖွယ်ကောင်းသော ဆောင်းရာသီသည် မကြာမီကုန်ဆုံးတော့မည် ဖြစ်သည်။ ဆောင်းရာသီတွင် မီးလင်းဖိုကြီးဖိုကြီးများဘေးတွင် စောင်ထူထူခြုံကာ ဒူးညောင်းအောင်ကွေးရသည်ကို သူမ မကြိုက်။ ကုတ်အကျီင်္ရှည်ကြီးကို ဝတ်၍ ဆောင်းနှင်းပွင့်ကြား လမ်းလျှောက်ရခြင်းကိုလည်း သူမ မကြိုက်။ ကိုးယို့ကားယားနိုင်လှသော ဆောင်းလေတိုက်ခတ်မှုကိုလည်း သူမ ဘဝင်မကျ။

IMG_20190206_214447.png
source

ဆောင်းအကုန် နွေအကူး လေရှုးတိုက်ခတ်မှုကိုလည်း သူမ ဘဝင်မကျလှ။ နွေဦးသစ် ပြီဆိုလျှင်တော့ ရွက်နုလေးများကြောင့် သူမ စိတ်ကြည်ခဲ့ရသည်။ သို့သော် ထိုသို့ ကြည်လင်မှုသည် ခဏမျှသာ။ နွေနေပူသည် သူမ၏ ပါးပြင်နုနုကို တိုက်ရိုက်ထိုးကျသော အခါ သူမ ညူဆူရပြန်သည်။ ပူပြင်းလှသည့် နေရောင်အောက်တွင် သူမသည် ချွေးဒီးဒီးကျကာ မြည်တွန်တောက်တီးရပြန်သည်။

သို့သော် မိုးသားတိမ်လိပ်များနှင့် မိုးပေါက်မိုးစက်တို့ကြောင့် သူမစိတ်အစဉ်တို့ ပြန်လည်လန်းဆန်းလာခဲ့ရသည်။ မိုးငွေ့အေးအေးသည် သူမ ရင်ကို အေးမြစေနိုင်လေသည်။ ထိုမိုးစက်မိုးပေါက်တို့သည်ပင် ခက်ထန်သော လှိုင်းတန်ပိုးတို့ကို ဖြစ်ပေါ်စေသောအခါ မုန်းတီးမှုများနှင့် သူမ ရင်သည် နာကျင်ရပြန်ပါသည်။

IMG_20190206_214908.png
source

ပန်းရနံ့သင်းသင်းတို့နှင့်အတူ ဆောင်းငွေ့သည် တစ်ဖန် ပြန်လည်ခိုဝင်လာသောအခါ ဆန်းသစ်သည့် ခံစားချက်နှင့်အတူ သူမသည် လန်းဆန်းတက်ကြွလာပြန်သည်။ သို့သော် မကြာမီပင် သူမ ကိုယ်ပေါ်သို့ ဝန်ထုတ်ဝန်ပိုးများကျလာသောအခါ သူမသည် ထိုအရာကို ညီးငွေ့သွားပြန်လေသည်။ သည်လိုနှင့် သူမ ဘဝသည် ရာသီစက်ဝန်းနှင့်အတူ ပြင်းရိဖွယ်ဖြတ်သန်းရင်း နေဝင်ချိန်သည် နီး၍ နီး၍...

suhlaing@suhlaing
msc 175

သူမနှင့် ဘဝအဓိပ္ပါယ်... | Ecency