အချစ်ရဲ့အမုန်း

Words
467
Reading
3 min
Listen
Play
9y

image
credit-google image

ချစ်ခင်ရပါသော steemit ညီအစ်ကိုမောင်နှမများ ဖတ်ရှုဝေဖန်အကြံပြုပေးကြပါဦးဗျာ

image

"ငါနင့်ကိုချစ်တယ် ကြော့"
ကိုယ့်မျက်နှာကို တည့်တည့်ကြည့်ရင်း
ပြောချလိုက်သော ထက်မင်း၏စကားကြောင့်
ကြော့ရှင်းခင် တစ်ချက်တော့ ကြောင်သွားမိသည်။ တစ်နေ့ တွင်ပြောလာလိမ့်မည်ဟု သိသောကြောင့် အကြောင်းအမျိုးမျိုးဖြင့် ရှောင်ဖယ်ခဲ့သော်လည်း ယနေ့ တော့ မရှောင်နိုင်တော့။
ဒီနေ့ လင်းခက်ကျောင်းမလာသောကြောင့်
ထက်မင်းအတွက် အခွင့်အရေးရသွားခြင်းပင်။
ကြော့ရှင်းခင်ရယ် လင်းခက်ရယ် ထက်မင်းရယ်
ဆိုတာ ငယ်ငယ်ကတည်းက ပေါင်းလာခဲ့သော
ငယ်သူငယ်ချင်းများဖြစ်ပြီး ဆယ်တန်းတူတူ
အောင်ကာ တက္ကသိုလ်တက်တော့လည်း
မခွဲချင်စိတ်နှင့် မေဂျာတူယူခဲ့လေသည်။
ခက်တာက ထက်မင်းအပေါ်တွင်
ကြော့ရှင်းခင် ခံစားချက်မရှိ။အရပ်ရှည်ရှည်
အသားဖြူဖြူနှင့် သပ်သပ်ရပ်ရပ်နေတတ်သော
ထက်မင်းက ချောပါသည်။မိန်းကလေးအများစု
ကြွေကြပြီး လူမှုဆက်ဆံရေးကောင်းကာ
အတန်းထဲကလူတိုင်းနှင့် အဆင်ပြေအောင်
ပေါင်းတတ်သည်။စီးပွားရေးအဆင်ပြေသော
မိဘနှစ်ပါးမှ မွေးဖွားလာသောကြောင့်ငွေကြေးကအစပူပန်စရာမလိုဘဲ ဘ၀ကိုအေးအေးသက်သာ
လျှောက်လှမ်းနိုင်သည်။လင်းခက်မှာတော့ထိုသို့ 
မဟုတ်။လင်းခက်တို့ အိမ်က အဖေကောအမေ
ကောက ၀န်ထမ်းများဖြစ်ပြီး ပိုက်ဆံကိုစစ်စစ်စီစီသာ သုံးရသော လူလတ်တန်းစားများပင်။ပြီးတော့လင်းခက်ကနားလည်ရခက်သည်။အသားညိုညို
အရပ်မနိမ့်မမြင့်နှင့်ဖြစ်ကာ သွားတက်ကလေး
ပါသောကြောင့် ရယ်လိုက်လျှင် ဆွဲဆောင်အား
တော်တော်ရှိသော်လည်း လင်းခက်က အရယ်
အပြုံးနည်းလှသည်။ထက်မင်းလိုလည်းသိပ်ပြီး
ပွင့်ပွင့်လင်းလင်းမရှိလှ။ငယ်ငယ်ကတည်းက
ထက်မင်းဗိုလ်ကျသမျှသည်းခံတတ်သူလည်း
ဖြစ်သည်။ထက်မင်းနှင့်ကြော့က စီးပွားပြည့်စုံပြီး သူကမပြည့်စုံလေခြင်းဟုလည်း အမြဲတစေ သိမ်ငယ်နေတတ်သူလည်းဖြစ်လေ၏။
"ငါ့စကားကိုပြန်ဖြေအုံးလေကြော့"
မင်းထက်၏အသံကြောင့် အတွေးလွန်နေရာမှ
ကြော့ ပစ္စုပ္ပန်သို့ ပြန်လည်ရောက်ရှိလာသည်။
သောက်လက်စ အအေးဗူးကိုဘေးဖယ်ကာ ကိုယ်ကို မတ်မတ်ထိုင်လိုက်သည်။မင်းထက်မျက်နှာကိုတည့်တည့်ကြည့်လိုက်ရင်း စကားစလိုက်၏။
"ဘာလို့ ငါလဲ မင်းထက်ရာ"
တက္ကသိုလ်မှာမိန်းကလေးတွေဒီလောက်များတာ တခြားမိန်းကလေးတွေကိုလိုက်ပါတော့လား။
ငါအဲ့အကြောင်းတွေမစဉ်းစားချင်သေးဘူး။
ထက်မင်းကသက်ပျင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း လေးတွဲတွဲခေါင်းခါလိုက်သည်။
"ငါမှသူတို့ ကိုမကြိုက်တာပဲကြော့
ငါနင့်ကိုပဲချစ်တာလေအခုနင်ဒီအကြောင်းတွေ မစဉ်းစားချင်သေးဘူးဆိုလည်း ရပါတယ်ဟာ။
ဒါပေမယ့် နင်ငါ့ကိုတစ်ခုတော့ လိုက်လျောပါ
နင်ချစ်သူရွေးတော့မယ်ဆိုတဲ့အခါကြရင်
ငါ့ကိုဦးစားပေးပြီးစဉ်းစားပေးနော်"
"အေးပါဟာ စိတ်မပါစွာဖြင့် ကြော့
ခေါင်းငြိမ့်လိုက်သည်"

image
credit- google image
သောက်လက်စအအေးခွက်ကိုပြန်ကိုင်ရင်း
ကြော့ စကားကိုပြန်စလိုက်သည်။
"ဒါနဲ့ ထက်မင်း နင်ဒီနေ့ ငါ့ကိုရည်းစား
စကား ပြောမယ်ဆိုတာ လင်းခက်သိလား"
ထက်မင်းကခပ်အေးအေးဖြင့်
ခေါင်းငြိမ့်လိုက်ရင်း
"သိတယ်လေဟာ ဒီနေ့ သူ့ ကို
ငါကရှောင်ခိုင်းလိုက်တာ
အဲဒါကြောင့် ဒီကောင်ကြီး ဒီနေ့ 
ကျောင်းမလာတာပေါ့"
သြော် စကားသံခပ်သဲ့သဲ့ကို ရေရွတ်ရင်း
ကြော့ရင်ထဲကျဉ်ခနဲဖြစ်သွား၏။
သောက်နေသော အအေးက
ပူလောင်နေသယောင် ခံစားရလေသည်။
စာကြည့်တိုက်ရှိရာသို့ အတူတူ
ူလျှောက်လှမ်းလာရင်း ဘေးတိုက်မြင်နေရသော
ကြော့၏မျက်နှာကိုငေးကာ ထက်မင်း အတွေး
ဝေနေမိသည်။ကြော့ကိုသူနားမလည်။သူရယ်
်ကြော့ရယ် ငလင်းရယ်က ငယ်ငယ်ကတည်းက
သုံးအိမ်တစ်အိမ် တပူးတွဲတွဲနေခဲ့ကြပြီး
ကြော့အတွက်ဆို ထက်မင်းနှင့် ငလင်းကအမြဲ
ရှေ့ကရပ်တည်ခဲ့သည်။ တစ်ယောက်က
ိုတစ်ယောက်လည်း သံယောစဉ် ကြီးခဲ့ကြကာ
အမေတို့ ကတောင် ကလေးသုံးယောက်ကတော့ သုံးလွန်းတင်ကြိုးလို အချစ်တွေခိုင်မြဲပါ့ ဟုပြောယူရတဲ့အထိပင်။သူတွေးထားတာက ကြော့က
သူတို့ နှစ်ယောက်လုံးကို ချစ်သောကြောင့်
တစ်ယောက်ယောက်ကများ ချစ်ခွင့်ပန်လျှင်
မလွဲမသွေခေါင်းငြိမ့်မည်ဟု ထင်ခဲ့သည်။
တစ်ကယ်တမ်းလက်တွေ့ ကြတော့ထိုသို့ 
မဟုတ်။ကြော့ကို ထက်မင်းဘလိုမှကို နားမလည်
နိုင်တော့။ကြော့မျက်နှာကြည့်တော့လည်း ခပ်တည်တည်ပင် ဘာမှစိတ်ထဲမရှိပုံမျိုး။ ထက်မင်းခေါင်းကိုသာ တဗျင်းဗျင်း ကုပ်နေမိတော့၏။

image
credit-google image

လင်းခက်ခြံထဲတွင်ရှိသည်ဆိုသောကြောင့် ကြော့ ခြံထဲသို့ လျှောက်လာခဲ့လိုက်သည်။တွေ့ ပါပြီ လင်းခက်က သရက်ပင်အောက်က ခုံတန်းတွင် မာရဇ္ဇ၏ ရွှေလသာမှသီချင်းကို ခပ်ဆွေးဆွေးဆိုနေလေသည်။ကြော့အတွက် ဒီသီချင်းက ရင်းနှီးနေပြီးသား။လင်းခက်က ဒီသီချင်းကိုသိပ်ကြိုက်လေသည်။
#ရင်ထဲမှာ ကိုယ်လေသိပ်ချစ်တတ်တယ်
အတူနေရရင် ပျော်စရာကောင်းမှန်းသိတယ်
ရွှေလမှမသာသေးခင် အချစ်ရယ် တူတူနေမယ်
မပြောရက်နိုင်ဘူး ......."
"လင်းခက်"
ကြော့၏ခေါ်သံကြောင့် လင်းခက် ဂစ်တာကို
ဘေးသို့ ချလိုက်ရင်း ထိုင်ခုံအစွန်းသို့ တိုးပေး
လိုက်သည်။
"ရော့ နင်ကျောင်းမလိုက်တဲ့စာတွေကူးထားတယ်
အဲဒါလာပေးတာ"
လင်းခက်က ဗလာစာအုပ်ကိုယူလိုက်ရင်း
ခပ်တိုးတိုးပြောလိုက်သည်။
"ကျေးဇူးပဲကြော့"
"အမလေးလိုလို့ လား"
ကြော့က ပြန်ပြောရင်း ၀င်ထိုင်လိုက်သည်။
နှစ်ယောက်သားအကြားတွင် စကားသံက
တိတ်ဆိတ်သွားပြန်သည်။သရက်ရွက်ကြွေသံတဖြောက်ဖြောက်နှင့်အတူ စာကလေးငှက်အော်သံများခပ်သဲ့သဲ့ကြားနေရ၏။တိတ်ဆိတ်မှုကိုသည်းမခံနိုင်စွာဖြင့် ကြော့ စကားစလိုက်သည်။
"လင်းခက် နင်သိပြီးသားလား
မနေ့ ကငါ့ကို ထက်မင်းက ရည်းစားစကား
ပြောတယ်"
"အော်အင်း"
လင်းခက်က ခပ်ဖြည်းဖြည်းခေါင်းငြိမ့်သည်။
ကြော့ ခေါင်းကိုငဲ့လိုက်ရင်း လင်းခက်မျက်နှာကို
ခပ်စူးစူးကြည့်ရင်း မေးလိုက်၏။
"ငါဘလိုလုပ်ရင်ကောင်းမလဲလင်းခက်
ငါထက်မင်းကို ပြန်ကြိုက်လိုက်ရမလား ငြင်းလိုက်ရမလား"
လင်းခက်မျက်နှာတွင် အရိပ်တစ်ချို့ ဖြတ်ပြေး
သွားသည်။ ဖြတ်ပြေးသွားသည်ဆိုတာထက်
ဖြတ်ပြေးသွားသယောင် မြင်လိုက်ရသည်ဟု
ထင်သည်။ လင်းခက်က ပြုံးလိုက်ရင်း
"အဲဒါကို နင်ဘာလို့ ငါ့ကိုလာမေးတာလဲကြော့"
" အော် သူငယ်ချင်းဆိုလို့ ဒီသုံးယောက်ပဲရှိတာ
လေ။အဲဒါကြောင့် ငါနင့်ဆီက
အကြံဉာဏ်ယူချင်လို့"
လင်းခက်က မျက်နှာကိုတည်လိုက်ရင်း စကားကို
ခပ်ဆဆ ပြောလိုက်သည်။
"နင့်သဘောပဲလေကြော့ ငါမပြောတတ်ဘူး"
ကြော့က စကားဆက်ပြန်သည်။
"လင်းခက်သိလား ထက်မင်းကငါ့ကို
တစ်ကယ်ချစ်တဲ့ပုံပေါ်လား
ငါသူ့ ကိုပြန်ချစ်လိုက်ရင် ကောင်းမလားဟင်"
"ကောင်းပါတယ်ကြော့ ထက်မင်းကနင့်ကို
တစ်ကယ်ချစ်တာပါ။သူနဲ့ နင်ဆို အစစအရာရာ
လိုက်ဖက်တယ်လေ နင်စိတ်ချမ်းသာရမှာပါ"
"ဒါဆိုလင်းခက် ငါတို့ နှစ်ယောက် ချစ်သူတွေ
ဖြစ်သွားရင် နင်ပျော်မှာလား"
လင်းခက်က သွားတက်ပေါ်အောင်ပြုံးလိုက်ရင်း
"ပျော်မှာပေါ့ကြော့ နင်တို့ နှစ်ယောက်
ချစ်သူတွေဖြစ်သွားရင် အပျော်ဆုံးလူက
ငါဖြစ်မယ်ထင်တယ်"
သွားတက်ကလေးပေါ်အောင်ရယ်လိုက်
တိုင်း ချစ်စရာကောင်းလွန်းသော လင်းခက်၏
အပြုံးကို ဒီတစ်ခါတော့ ကြော့ အမြင်ကတ်မိသည်။ရင်ထဲတွင်လည်း နာကျင်မှုဝေဒနာက တိုးလာလေသည်။ရင်ထဲမှခံစားချက်ကို ကပျာကယာ
ကွယ်လိုက်ရင်း ကြော့ပြုံးလိုက်သည်။
"ဒါဆို လင်းခက် ငါမနက်ဖြန် နင့်ရှေ့ မှာ
ထက်မင်းကို အဖြေပေးချင်တယ်။နင်ကျောင်းကို
ဆက်ဆက်လာရမယ်နော်။သုံးယောက်ပဲရှိတာဆိုတော့ နင့်ရှေ့ မှာ ပဲ ကောင်းတယ်လေနော"
"အင်းပါ ငါလာခဲ့ပါ့မယ်"
လှည့်ထွက်သွားသော ကြော့၏ကျောပြင်ကို
ငေးကာ လင်းခက်မျက်ဝန်းမှ မျက်ရည်တစ်ပေါက် လွင့်ခနဲကြွေသွားသည်။ နင်ပျော်နိုင်ပါစေ
ကြော့ရယ် ။နင်ပျော်ရင် ငါကျေနပ်ပါတယ်။

image
credit- google image

ခေါင်းအုံးတစ်အုံးလုံးရွှဲနစ်နေအောင်
ငိုထားသဖြင့် ကြော့မျက်လုံးများ နီရဲနေသည်။
မျက်ဝန်းထဲတွင် ညနေက လင်းခက်မျက်နှာကို
သာ မြင်နေမိသည်။နင်ငါ့အပေါ်မှာ ခံစားချက်
နည်းနည်းလေးတောင် မရှိဘူးလား လင်းခက်ရယ်။ ရင်ထဲတွင် ပူလောင်နေသည်မို့ ညတာကလည်း
ရှည်လျားလှသည်။
ကန်တင်းတွင် အအေးဗူးကိုယ်စ
ီမှာလိုက်ရင်း ကြော့ တစ်ယောက် လင်းခက်မျက်နှာကို ခိုးကြည့်လိုက်သည်။
မျက်တွင်းနည်းနည်းခွက်နေသလိုပင်။
ညကအိပ်မပျော်ဘူးလား။အော်ဘာတွေတွေးနေလဲကြော့ရယ်။သူအိပ်ပျော်မှာပါ။ နင်တွေးလိုက်တဲ့ လင်းခက်ခံစားချက်တွေက ဘယ်တုန်းကများ
မှန်ဖူးလို့လဲ။နင်သူ့ ကိုမုန်းရမယ်ကြော့။
နင့်ကိုမချစ်တဲ့လင်းခက်ကို မုန်းပြီး သူအားကျ
မနာလိုအောင် ထက်မင်းကိုတွဲပြလိုက်စမ်းပါ။
အတွေးများဖြင့် ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချရင်း ကြော့ စကားစလိုက်သည်။
"မနေ့ ကငါ့ကို ပြောထားတဲ့ရည်းစားစကားလေ
ထက်မင်း ငါနင့်ကို အခုအဖြေပေးမလို့ 
ငါအာ့အကြောင်းတွေစဉ်းစားတော့မယ်လေ"
"ဟင် တစ်ကယ်လားကြော့
ငါ့ရင်တွေအခုန်မြန်လာပြီ
ငါကံကောင်းမှာလားဟင်"
"အင်းပေါ့ ငါနင့်ကိုချစ်တယ်ထက်မင်း
ငါတို့ တွဲကြတာပေါ့"
လိမ္မော်ရည်ကိုမွှေနေသော လင်းခက်လက်များ
တစ်ချက်တုန်သွားသည်ဟုထင်မိသည်။
"ဟားးး ၀မ်းသာလိုက်တာ ကြော့ရယ်
ငါနင့်ကိုဒီနေ့ ကစပြီး တစ်သက်လုံး
စိတ်ချမ်းသာအောင်ထားပါ့မယ်"
ထက်မင်းပုံစံက တစ်ကယ်ကို ပျော်နေပုံပင်။
လင်းခက်ကတော့ ပြုံးနေသည်။အဲ့အပြုံးက
ိုမုန်းလှသည်။ရည်းစားရသွားတဲ့ခံစားချက်က
ဘယ်လိုကြီးပါလိမ့်။ ကြော့ရင်ထဲတွင် အပျော်များ ရောက်မလာခဲ့။အပျော်အစား နာကြင်မှုနှင့် အမုန်းတရားသာ ခိုဝင်လာခဲ့သည်။ ဆိုင်ထဲတွင် မာရဇ္ဇ၏ ရွှေလသာမှ သီချင်းက ပျံ့ လွင့်နေပြန်သည်။ ဒါကဘယ်လိုတိုက်ဆိုင်မှုပါလိမ့်ကွယ်........
"ရင်ထဲမှာ ကိုယ်လေသိပ်ချစ်တတ်တယ်
အတူနေရရင် ပျော်စရာကောင်းမှန်းသိတယ်
ရွှေလမှမသာသေးခင် အချစ်ရယ် တူတူနေမယ်
မပြောရက်နိုင်ဘူး ......."

ဖတ်ရှုပေးပါသော ဆရာသမားများနှင့် steemit ညီအစ်ကိုမောင်နှမများအား ကျေးဇူးအထူးတင်ရှိပါသည်။

image

Author-Soe Tha Khin
MSC-172

အချစ်ရဲ့အမုန်း | Ecency