သတိပြုမိ​စေဖို့

skylay(44)
Published in
#myanmar
Words
28
Reading
1 min
Listen
Play
9y

ကျန်တော်တို့တွေအားလုံးနီးပါးကကိုယ်အနီးနားမှာရှိ​နေတဲ့အရာ​တွေကိုသတိမပြုမိကြဘူး။ဒါသဘာဝပါဘဲဟုတ်​တယ်​မလား။ကျွန်​​တော်​တို့​တွေကဟိုးအ​ဝေးကြီးမှာရှိတဲ့အရာ​တွေကိုသွား​ရောက်​စုံစမ်း​လေ့လာတတ်​ကြတယ်​။ကိုယ်​ပတ်​ဝန်းကျင်​မှာရှိတဲ့အရာ​တွေကိုသတိမထားမိကြဘူး။

FB_IMG_1521624334166.jpg
photo>>>facebook image

ဥပမာအားဖြင့်​​ပြောရမယ်​ဆိုရင်​​တော့ဗျာကိုယ့်​အရပ်​​ဒေသမှာမဟုတ်​ဘဲအခြားအရပ်​​ဒေသမှာရှိတယ်​​ကျော်​ကြားလူသိများတဲ့​နေရာ​တွေကိုလှည်​ပတ်​ချင်​ကြတယ်​။ကိုယ့်​​ဒေသမှာရှိတဲ့​နေရာ​တွေကို​တော့အ​ကြောင်းအမျိုးမျိုး​ကြောင့်​မလှည်​ပတ်​ဖြစ်​ကြဘူး​လေ။

FB_IMG_1521441636616.jpg
photo>>>facebook image

ပြီးတော့ကျွန်​​တော်​တို့အနားနားမှာရှိတဲ့သူ​တွေကိုသတိမပြုမိကြ​ဘူးလေ။ကျွန်​​တော်​တို့​တွေကမိသားစုနဲ့​ပျော်​​ပျော်​ရွှင်​ရွှ​င်​နေဖို့ထက်​ငယ်​ငယ်​တုန်းကဆိုရင်​သူငယ်​ချင်း​တွေနဲ့ပိုပြီး​တော့အချိန်​ကုန်​​လေ့ရှိကြတယ်​။
အရွယ်​ရောက်​ပြန်​​တော့လည်းအလုပ်​ကိစ္စ​တွေဘာ​တွေစတဲ့အ​ကြောင်းအမျိုး​မျိုးကြောင့်​ကိုယ့်​မိဘ​တွေကိုယ့်​​မောင်​နှ​တွေအတွက်​အချိန်​မ​ပေးနိုင်​တတ်​ကြဘူး။ဒါ​ကြောင့်​မို့လိုကိုယ်​ပတ်​ဝန်းကျင်​မှာရှိတဲ့အရာ​တွေသူ​တွေကိုဂရုပြုမိကြပါ​စေ။

FB_IMG_1521441448325.jpg
photo>>>facebook image

ဘာဘဲဖြစ်​ဖြစ်​​ပေါ့ဗျာ
အားလပ်​ချိန်​ရှိမယ်​ဆိုရင်​ကိုယ့်​မိသားစုနဲ့ဘုရားဖူးထွက်​တာတို့ဘာတို့​ပေါ့ဗျာလုပ်​ကြည်​ကြပါ။

IMG_20180326_111504.jpg
photo>>>google image

အား​နေတဲ့အချိန်​မှာသူငယ်​ချင်း​တွေနဲ့သွားလည်​မယ့်​အစားတစ်​ရက်​တ​လေ​လောက်​အိမ်​မှာ​နေပြီးမိသားစုနဲ့​ပျော်​​ပျော်​ရွှင်​ရွှင်​​နေကြည့်​လိုက်​ပါ။

IMG_20180326_111702.jpg
photo>>>google image

ဟိုးးးးး အ​ဝေးကြီးမှာရှိတဲ့​နေရာ​တွေကိုသွာလှည်​မယ့်​အစားတစ်​ခါတစ်​​လေ​တော့ကိုယ်​မြို့ကိုယ့်​​ဒေသမှာရှိတဲ့​နေရာ​လေး​တွေကိုသွားလှည်​ကြည့်​လိုက်​ကြစမ်းပါ။အသစ်​အဆန်းမဟုတ်​​ပေမယ့်​​မိသားစုနဲ့သွားရင်​ဆက်​ဆံ​ရေး​တွေ​ပျော်​ရွှင်​စရာ​လေး​တွေ​တော့ရမှာပါ။
Steemit platform ​ပေါ်မှညီအကို​မောင်​နှမများအားလုံးစိတ်​၏ကျမ်းမာခြင်းကိုယ်​၏ကျမ်းမာခြင်းနှင့်​ပြည့်​စုံကြပါ​စေ။
ဆု​တောင်းရင်းနဲ့ကျွန်​​တော်
မင်းသီဟ
@ Min Thi Ha

သတိပြုမိ​စေဖို့ | Ecency