စောင့်ကြိုနေမှာပါ.....

skylay(44)
Published in
#myanmar
Words
51
Reading
1 min
Listen
Play
8y

improving-life-health-hiking-nature.jpg

Photo credit

ဟိုးအဝေးကြီးကို မင်းရောက်ချင်မှတော့
ဘယ်လောက်ဘဲအခက်အခဲတွေရှိပါစေ
မင်းသွားရမှာပေါ့ကွာ
မင်းအဆုံထိရောက်ချင်တယ်ဆိုရင်တော့
မင်းလမ်းတစ်ဝက်မှာရပ်ပစ်လို့မရဘူးနော်
ဘယ်လိုအခက်အခဲတွေဘဲကြုံပါစေကွာ
အားအင်အသစ်တွေနဲ့ဆက်လက်လျှောက်လှမ်းရမယ်

ဟိုးအမြင့်ကြီးကို မင်းတက်ချင်တယ်ဆိုရင်တော့
မင်းတက်ရမှာပေါ့ကွာ
မင်းခရီးပေါက်ဖို့ဆိုရင်တော့
မင်းအကူအညီတွေလည်းလိုကောင်းလိုမှာပေါ့
မင်းကိုယ့်တိုင်လုပ်ဆောင်ရမဲ့အရာတွေဘဲလေ
အားတင်းထားပါကွာ အရာရာအဆင်ပြေသွားမှာပါ
မင်ရဲကြိုးမှုတွေနဲ့ပေါ့ လက်တော့မလျှော့လိုက်ပါနဲ့

ငါ့ကောင် မင်းမရပ်ပစ်နဲ့နော်
မင်းသွားတဲ့ခရီးကိုဘဲဖြစ်စေပါကွာ
မင်းတက်မဲ့အရာတွေဘဲဖြစ်စေ
မင်းအဆုံးထိမရောက်မချင်းမရပ်ပစ်လိုက်ပါနဲ့နော်
မင်းရပ်ပစ်လိုက်ရင် ပင်ပန်းထားသမျှအရာတွေ
ကုန်ဆုံးသွားတဲ့အချိန်တွေ
အခြားသူတွေရဲ့တိုက်ခိုက်မှုတွေ
မင်းရင်းနှီးထားသမျှအရာအားလုံးက
နောက်တစ်ခါပြန်ရဖို့ဆိုတာမသေချာတော့လို့ပါကွာ

မင်းအတွက်ဒီဟာကအဓိပ္ပါယ်မရှိတော့ဘူးဆိုရင်တောင်မင်းဆက်လက်အဆုံးထိရောက်အောင်သွားကြည့်လိုက်ပါ
မင်းအတွက်အကြိုးမရှိဘူးဘဲထားပါကွာ
အဆုံးတော့မရှိလောက်ပါဘူးလေ
သူငယ်ချင်းရာ မင်းလျှောက်တဲ့လမ်းအဆုံးထိကို
သွားကြည့်လိုက်ပါကွာ တစ်စုံတစ်ခုကတော့မင်းကို
စောင့်ကြိုနေမှာပါ........

d7b44cffdc0bf1746edce6430d345ac1.jpg
photo credit
Steemit platform ပေါ်မှအားလုံပျော်ရွှင်ကြပါစေ။

Written by >>>
Min Thi Ha skylay@skylay

စောင့်ကြိုနေမှာပါ..... | Ecency