မျှော်​လင့်​ခြင်း

Words
47
Reading
1 min
Listen
Play
8y

82b70224bf36b6a782ef54f71af9322d.gif
ခပ်​နွမ်းနွမ်း ဝတ်​စုံတစုံရဲ့
ဝဲဘတ် ​ရင်​အုံ​အောက်​မှာ
သစ္စာ ​မေတ္တာ​တွေပြည့်​နှက်​​နေတဲ့
နှလုံးသားရှိတယ်
သာမာန်​လူတစ်​​ယောက်​ရဲ့
လက်​တစုံဟာ ​နွေး​ထွေးကြင်​နာမှု​တွေ
မ​ပေးနှိုင်​ဘူးလို့ မင်း​ထင်​​နေလား ချစ်​သူ
အ​ခြေအ​နေ​ကြောင့်​ဘဝက နိမ့်​ပါး​နေ​ပေမယ့်
အချစ်​က​တော့ မနိမ့်​ပါးခဲ့ပါဘူး
ဘဝမှာ ဒုက္ခ​တွေကြုံ​တွေ့​နေရပင်​မယ့်
မင်းနဲ့ပက်​သက်​ပြီး ​မျော်​လင့်​ချက်​အိမ်​မက်​​တွေက
ငါနဲ့အတူရှိတုန်းပါ

အထူးသဖြင့်
ပြုံး​ပျော်​​နေတဲ့ မင်းရဲ့မျက်​နှာကို
မြင်​လိုက်​ရတဲ့အချိန်​ အရာအားလုံး
ဆိတ်​ငြိမ်းသွားသလို ဒုက္ခဆိုတာ
ဘာမှန်း​တောင်​ မသိ​တော့ပါဘူး ချစ်​သူ
ဒါ​ပေမယ့်
တခါတေ​လ ငါစိုးရိမ်​တယ်
ဟန်​​ဆောင်​မှုကင်းတဲ့ ချစ်​ခြင်းတရားက
အဲ့ဒီအရာအားလုံးကို ​ကျော်​လွှားနိုင်​ပါ့မလားလို့
သံသရာတ​ကွေ့ ​တွေ့ခဲ့ကြပင်​မယ့်
သံသရာမဆုံးခင်​​တော့ ​​မမုန်း​စေချင်​ဘူး ချစ်​သူရယ်​..
Love-Story-5761.jpg
photo-crd
#MSU No-025

မျှော်​လင့်​ခြင်း | Ecency