အဖြူ

Words
40
Reading
1 min
Listen
Play
8y

img.jpg.pagespeed.ce_.T__c6-15qd.jpg
သင်​ပုန်း​ကောင်းကင်​မှာ
ကြယ်​၀လုံး​တွေ ​ရေးဖူးတယ်
အ​မေ့ရင်​ခွင်​ထဲက​နေ ။

သဲထဲသွား​နေရသလို
စမ်းတ၀ါးဝါးနဲ့ ​မျှော်​လင့်​ချက်​ဆိုတာ
လမ်း​ပျောက်​တတ်​တာမျိုး ။

သိပ်​သန့်​စင်​တာ​ပေါ့
ငယ်​ဘ၀ကို ဘယ်​ချိန်​ပြန်​ကြည့်​ကြည့်
ပကတိ အဖြူးသန့်​သန့်​ ။

ငါ မှန်​ရဲ့လားလို့
အခါခါပြန်​​တွေးရတာ ​ပြောရတာထက်
အများကြီး​မောတယ်​ ။

ကိုယ့်​အပူကို မျိုပြီး
အခြားလူ​တွေကိုယ့်​ထက်​ပိုပူ​နေမယ်
ဒီလိုအ​တွေးဟာ နှစ်​ဆတိုးပြီး အိုစာ​စေတယ်​ ။

ပြန်​​တွေးပါတယ်
သင်​ပုန်း​ကောင်းကင်​က အဖြူ​ရောင်​၀လုံး​လေး​ရေ
ဖြစ်​နိုင်​ရင်​ ဒီဘ၀မှာ ငါ ​ရေးချင်​ပါ​သေးတယ်​ ။
ရေးချင်​ပါ​သေးတယ်​ ။
Heroism-in-Life.png
#MSU-025

အဖြူ | Ecency