Forum ( 9th day )

Words
138
Reading
1 min
Listen
Play
8y

Hello , steemit မှ အကိုအမ ဦးလေး အန်တီများအားလုံး
မင်္ဂလာပါ ရှင့်

IBEC Buddhist Youth Capacity Building Forum 2018

image

Daw Toe Toe Win ( Main Sponsored MAB Bank) မှ
Manager @ MAB Bank (Sagaing Branch) မှ Financial Artistry of Youth Capacity Building ပို့ချချက်များ

Mr.piya မှ Youth and capacity building သင်ခန်းစာများ
သင်ကြား ခဲ့ရပါသည် ရှင့်
ထို့ပြင်

image

အနာဂတ်တွင် လှပသာယာသော ဒသနေယျံ တိုင်းပြည်၊ လှပသာယာသော ဒသနေယျံ ကမ္ဘာကြီး တစ်ခုတည်ဆောက်ရန်အတွက် လက်ရှိလူငယ်တို့၏ လက်ထဲတွင် တာဝန်အပြည့်ရှိရာ စစ်ကိုင်းမြို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာကျောင်းတိုက်ကြီး၌ ယနေ့ညနေတွင် IBEC ကမ္ဘာလုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းကြီးတစ်ခု စတင်တည်ထောင်ခြင်းလက်မှတ်ရေးထိုးပွဲကို ကျင်းပခဲ့ပါသည်။ ၎င်း အဖွဲ့အစည်းကြီးအား ယနေ့ ကျင်းပလျက်ရှိသော Buddhist Youth Capacity Building Forum (2018) တွင် တစ်ကမ္ဘာလုံးဆိုင်ရာ IBEC Global Youth Organizationကြီး အဖြစ် တရားဝင်ကြေငြာခဲ့လေသည်။ ၎င်းအဖွဲ့အစည်းသည် ကမ္ဘာကြီး၏ လူငယ်အစွမ်းအစများဖြင့် ပိုမိုသာယာလှပသည့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်ရာ၌ အရေးပါသော အခန်းကဏ္ဍမှ ပညာရေး၊ လူမှုရေးလုပ်ငန်းများစွာဖြင့် ပါဝင်ဆောင်ရွက်ရန် ရည်ရွယ်၍ စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ IBEC ပဓာနနာယကကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဦးသောဘိတ၊ Global Youth Organization ၏ Organizer Mr.PiyaRatna Maharjan၊ Project Director ဦးစိုင်းပြည့်စုံ၊ Public Affairs Section Officer ဦးလင်းကြူ၊ ၊ Volunteer များ၊ သင်တန်းသား၊သူ များ စုံလင်စွာ တက်ရောက်ပြီး Volunteer များ၊ သင်တန်းသား၊သူများ အားတစ်ဦးချင်းစီ အဖွဲ့ဝင်ဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ် ပြန်လည်ပေးအပ်ခဲ့သည်။

shunlai@shunlai

Forum ( 9th day ) | Ecency