နှင်းမေတ္တာသွန်း-၅၆

Words
251
Reading
2 min
Listen
Play
4y

img_0809.jpg

ခုခေတ်လို သမီးရေ သားရေ ဘာညာဆိုပီး တယုတယနဲ့ အချိန်ပေးပီး သူတို့မှာက အချိန်မရ တောင်သူလုပ်ငန်းနဲ့ ပဲတစ်နေ့တစ်နေ့အချိန်ကုန်ကျတာပဲများတာဆိုတော့။ ဟော သမီးငယ်တို့ခေတ်ရောက်လာတော့ ကလေးပြုစုထိန်းသိမ်းပုံ ဗဟုသုတတွေကလည်း များလိုက်တာအမျိုးမျိုးပဲ facebook /google မှာ ရိုက်ရှာလိုက်ရင် တစ်ခ်တည်းတွေ့တာကိုး။ဖေဖေတို့ခေတ်နဲ့ ဘာတွေထူးခြားသွားလည်းဆိုတော့ သမီးငယ်တို့ခေတ်မှာ ဆော့စရာတွေက ပိုပီး လက်တွေ့ဘဝကဟာတွေနဲ့ နီးစပ်လာတယ်။စားစရာဆို ဂျယ်လီချိုချင်ကအစ ကလေးတွေဉာဏ်ကောင်းဖို့ တစ်ဗူးကို ၃သောင်းခွဲ ၄သောင်း ဖေဖေတို့တုန်းက မနက်တိုင်အိပ်ရာထလို့ ထမင်းစားချင်ရင်ဆို ထမင်းဆီဆန်းနဲ့ ငါးမုန့်ခြောက်ကျော်ကို ဟုတ်နေပီ။ ဟောပီးတော့ pedia sure ဆိုရင်လည်း ၂နှစ်ကနေ ၁၀နှစ်ထိတိုက်ရင် ကောင်းတဲ့အချက်တွေဆို ရေးထားလိုက်တာများ မဖက်နိုင်လောက်အောင် ဖေဖေတို့ကတော့ မနက်တိုင် pedia sure နဲ့တူတာဆိုလို့ အမေလုပ်ပေးထားတဲ့ ထမင်းရေပဲ အမုန်းသောက်လာရတဲ့အ​ြေခနေတွေပေါ့။ကဲထားပါတော့ ခေတ်တွေပါ​ပြောင်းသွားတော့ သုံးစွဲတဲ့ဟာတွေလည်း ပြောင်းလဲရင်း ထူးဆန်းတဲ့အာနိသင်တွေလည်း ပြောင်းလဲပါမှာပေါ့။
ခုတော့ ပြောင်းလဲတကာပြောင်းလဲတဲ့အထဲမှာ အမေကြီးလည်းပါလာပီပေါ့။လိုင်းပေါ်က digital currency ငွေကြေးအကြောင်း မြန်မာနိုင်ငံမှာ အပုံ ၁၀၀ပုံလို့ ၁ပုံလောက်ပဲသိတဲ့ထဲပါလို့ပါအေ။အဲ့ဒါတွေအကြောင်းကတော့ နောက်နေ့ကြမှပဲ ဖေဖေပြောပြမယ်နော်။

img_1923.jpg

15/12/2021
digital currency ဆိုတာ online ငွေကြေးပဲ။လိုင်းပေါ်ကနေပဲ ဖုန်းထဲကနေ ကိုယ်လိုချင်တဲ့ဟာတွေ ဝယ်နိုင်ခြမ်းနိုင်တဲဟာမျိုးပါ့။ အဲ့ဟာတွေရရှိဖို့ ဘဏ်တွေမှာ လက်ဝယ်မှာကိုင်ဆောင်ထားတဲ့ ငွေသားနဲ့သွားပီးလဲထည့်ထားရတယ်။ ပီးတော့ digital currency တချို့ဟာ ပိုက်ဆံနဲ့ဝယ်စရာမလိုပဲ စာရေးပီး၊အပုံဆွဲပီး၊ဂိမ်းဆော့ပီး၊ လုပ်လိုက်တာနဲ့ ဝင်ငွေရလာတာမျိုးတွေလည်းရှိလာနေပီပေါ့။ခုဖေဖေမှာက ဝယ်ထားတဲ့ဟာရော ၊စာရေးပီး ၊အပုံတင်ပီး၊game ဆော့ပီးဝင်တဲ့ currency အချို့ရှိတယ်ပေါ့။ဖေဖေထင်တယ် နောင်လာမယ့်နှစ်တွေမှာ လူတွေဟာ ပင်ပန်းစွာ အလုပ်အကိုင်တွေ လုပ်စရာမလိုဘဲ ခလုပ်လေး တစ်ချက်နိပ်ပစ်ထားလိုက်တာနဲ့ လစဉ်ငွေကြေးတွေ ဝင်နေမယ့် digital currency လည်းထွက်နေကြပီ။

img_1568.heic

ခုအချိန်မှာ အဲ့ NFTs လေးတွေဟာ 0.001ဂဏန်းတွေလောက်ဟုတ်နေပေမယ့် အချိန်ကာလတစ်ခုအရောက်မှာ သူတို့ရဲ့တန်ဖိုးဟာ တကမ္ဘာလုံးက လူတွေသုံးစွဲမူပိုများလာတာနဲ့အမျှ $1......0ထိရောက်လာနိုင်မယ့်သဘောလို့ ပညာရှင်တွေလည်း ခန့်မှန်းထားကြတယ်။ခုအခါတောင်မှ Blockchain နည်းပညာနဲ့ လည်ပတ်ထားတဲ့ 1 Bitcoin ဆိုရင်ကို ဖေဖေဒီစာရေးနေချိန်မှာ $50000နီးနီးထိ သူ့ရဲ့ဈေးကရောက်နေပီ။အဲ့ digital coin ကို ဖေဖေသတိထားမိခဲ့တာကြာခဲ့ပီ ၂၀၁၆ /၁၇ခုနှစ်လောက်ကတည်းကပဲ အဲ့အချိန်တုန်းက အဲ့coin ဟာ 1 Bitcoin မှာ $4000နီးနီးလောက်ပဲ ရှိသေးတာ ခု ၂၀၂၁ပဲရှိသေး (၆)နှစ်လောက်ပဲ ရှိသေး အဲ့ဒီBitcoin ဈေးဟာ $ သောင်းဂဏန်းထိတောင်ရောက်လာတာကြည့်ပေါ့။ ပထမ အစမှာတော့ digital coin တွေရဲ့ ပေါက်ဈေးဟာ နည်းတယ်ဆိုတော့ လူတွေဟာ စိတ်မဝင်စားကြဘူး ဟော နောင်နှစ်တွေကြာလာတော့ အဲ့coin ရဲ့ပေါက်ဈေးဟာ အရမ်းတက်လာခဲ့တော့လည်း မဝယ်နိုင်ပြန် အဲ့လိုတွေဖြစ်နေကြတာ။ဖေဖေဆို ၂၀၁၆တုန်းက 1 bitcoin တစ်ခုကို ဝယ်မိခဲ့လိုက်ရင် မြန်မာငွေနဲ့ဆိုရင် သိန်း ၆၀ကျော်ပေါ့ ခုအချိန် ၂၀၂၁ မှာ ဘယ်လောက်ထိမြတ်နေမလည်းဆိုရင် 1 bitcoin တစ်ခုမှာ သိန်း 800ကျော်နေပီ။အဲ့ကြောင့်မို့ (၆)နှစ်လောက်ပိုက်ဆံရှိရင် အဲ့လိုရင်းနှီးမြှပ်နှံခဲ့လိုက်ရင် သိန်း740ကျော်မြတ်နေပီပေါ့ကွယ်။

img_1423.heic

ဒါပေမယ့်လည်း သူ့ ရဲ့အားသာချက် အားနည်းချက်လေးတွေရှိတာကိုတော့ သိထားရမယ်ပေါ့ကွယ်။အားနည်းချက်ကတော့ bitcoin လိုပဲ တစ်ခြား digital coinsတွေဟာ လက်နဲ့ကိုင်တွယ်လို့မရတဲ့ဟာဖြစ်တာကြောင့် Trust wallet app/meta mask app တွေနဲ့ ဖုန်းထဲကနေပဲ သိမ်းဆည်းလို့ရတယ်။အဲ့ဒီapp တွေဝင်ရင် appကချမှတ်ပေးထားခဲ့တဲ့ password နဲ့secret pharase words တွေနဲ့ဆိုတော့ လုံခြုံအောင်သိမ်းဆည်းနိုင်ရမယ်နေရာတွေထားရမယ်။အဲ့ဟာတွေ ပျောက်သွားလို့ပဲဖြစ်ဖြစ် ဖုန်းအခိုးခံရလို့ဖြစ်ဖြစ် မှားဖြတ်မိလို့ဖြစ်ဖြစ် ဘယ်နည်းနဲ့မှ အဲ့ပေးထားတဲ့ ဂဏန်းတွေမရှိတော့တာနဲ့တစ်ပြိုင်နက် မိမိ သိမ်းဆည်းထားတဲ့ wallet ထဲမှာရှိတဲ့ $ ဘီလီယံချီပါစေ ပြန်ရမှာမဟုတ်တော့တဲ့အပြင် အငွေ့ပျံသွားသလိုဖြစ်သွားစေမှာပါ။အဲ့ကြောင့်မို့ အဲ့ဒီ Password နဲ့ secret pharase words တွေကို ဖုန်းထဲမှာလည်း အလွယ်တစ်ကူလုံခြုံပီး သိမ်းဆည်းလို့ရတဲ့ Note ထဲမှာလည်းရတယ်ပေါ့။ဒါ့အပြင် မိမိရဲ့ အမြဲတမ်းမှတ်တမ်းမှတ်လေ့ရှိတဲ့ မှတ်စုစာအုပ်ကောင်းကောင်းမှာ သေချာ ပီပီပြင်ပြင်လေးချရေးထားသင့်တယ်။

sheinthu@sheinthu (24/5/2022) Tue (1:00)pm

နှင်းမေတ္တာသွန်း-၅၆ | Ecency