Life is pleasant if we accept it !

Words
246
Reading
2 min
Listen
Play
8y

ကွီးစောတစ်ယောက် နွေကျောင်းပိတ်ပြီးသွားလို့ သင်တန်းတွေ ပြီးတော့မယ် ကြံခါရှိသေးတယ်။ နောက်ထပ် guide သင်ဖို့ လာအပ်တဲ့သူနဲ့ တိုးနေပါတယ်။ အိမ်နားက ကလေးတွေဖြစ်နေတဲ့အပြင် တိုးတက်မယ့်အနေအထားနဲ့ ကိုယ်သင်သလို လိုက်ပါနိုင်တဲ့အခြေအနေကို တွေ့မြင်ရတာကြောင့် လက်ခံဖြစ်သွားပါတယ်။ ဟိုလူ့ကို လက်ခံတော့ ဒီလူ့ကိုလည်း လက်ခံမှ ရမယ့်ပုံစံနဲ့ တိုးပြီး ၇တန်း ၈တန်းနဲ့ ၉တန်းကို စာပြပေးဖြစ်သွားတယ်။ guide ကြေးကိုတော့ အတော်အသင့်တာ ယူဖြစ်ပြီး စာအုပ်တွေ ၀ယ်တာနဲ့ ကုန်သွားမယ့်ပုံပေါ်နေပါတယ်။ အင်္ဂလိပ်စာသင်တာက ကိုယ့်ဗဟုသုတကို ဝေငှတာ ဖြစ်ပေမယ့် ကျောင်းစာကတော့ ကျောင်းသင်ရိုးနဲ့ ကိုက်ညီအောင် လိုက်ပါ သင်ကြားပေးရမှာ ဖြစ်လို့ ကျောင်းစာနဲ့ အတော်လေးဝေးကာမှ ပြန်လည်ဖတ်ရှုနေရပါတယ်။ သချာင်္ ရူပဗေဒနဲ့ ဓာတုဗေဒကို ဖတ်ရှုရာမှာတော့ အတော်လေး ဒုက္ခရောက်ရပါတယ်။ မြန်မာဝီကီပီးဒီးယားဖြစ်တဲ့ facebook ကလည်း အတော်လေးအထောက်အကူပြုပေးဖို့ တော်သေးတယ်လို့ ဆိုရပါမယ်။ သင်နည်းမှတ်စုကို ဖြတ်လမ်းနည်းနဲ့ လိုက်စုနိုင်သွားတယ်လေ။



ကွီးစောက ကျောင်းတက်တာ အတော်လေးစောပါတယ်။ သူများတွေလို အသက်မပြည့်ဘဲ ကျောင်းအပ်လိုက်ရတာပါ။ အမေကလည်း ကိုယ့်ကို လမစေ့ဘဲ မွေးခဲ့တာဆိုတော့ စဉ်းသာ စဉ်းစားကြည့်လိုက်တော့ဗျာ ... အသက်ပြည့်တဲ့ အခြားသူတွေကို မှီအောင် ဘယ်လောက်ကြိုးစားလိုက်ရမလဲဆိုတာ ... အတန်းထဲမှာ အဆင့် ၁ တော့ မရပေမယ့် တစ်ခါ တစ်ခါ မခံချင်စိတ်ပေါ်လာပြီဆိုရင် ရှေ့ကို ထိုးတက်သွားတတ်ပါတယ်။ ကိုယ့်ထက် ဥာဏ်ရည်မှီတဲ့သူတွေကို လိုက်မီအောင် ... နောက်ဆုံးမှာ မနေရအောင် မမှီမှီရာနည်းနဲ့ လိုက်ရတာကြောင့် ဖြတ်ထိုးဥာဏ်တော့ အတော်လေးကောင်းလာတယ်လို့ ယူဆရပါမယ်။ မှတ်ဥာဏ်ကလည်း တစ်တန်းပြီးရင် အဲဒီအတန်းက လူတွေနာမည်အကုန်လုံးကို မေ့သွားတာဆိုတော့ ဖြတ်ထိုးဥာဏ်သုံးပြီး နာမည်အစဖော်လို့ ရအောင် ကြိုးစားခဲ့တဲ့ အကျိုးက ယခုအခါ ပြန်လည် အသုံးဝင်လာပါတယ်။ ကလေးတွေကို စာမမေ့အောင် ဘယ်လိုကျက်ရမလဲ ... ဘယ်လိုဆိုရင် ပိုပြီး မှတ်မိမလဲ .... ဘယ်လိုလုပ်ရင် တစ်သက်လုံးအသုံးဝင်မလဲ စသဖြင့် ဖြတ် ညှပ် ကပ်တွေနဲ့ သင်တော့ အစပိုင်းက တာထွက်မဆိုးဘူးဆိုရပါမယ် ...



ဒါပေမယ့် ရှေ့က တစ်ရက် နှစ်ရက် မဟုတ်ပါ ... သူတို့စာသင်နှစ် တစ်နှစ်လုံးကို တာဝန်ယူထားရတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို လိုသလို ထိန်းညှိနိုင်ဖို့ မိမိကိုယ်ကို အရင်ထိန်းညှိနိုင်အောင် ကြိုးစားနေရပါတယ်။ အင်တာနက်ကနေ ရှာဖွေသလို မိမိကိုယ်တိုင်ပြုစုတဲ့ မှတ်စုများ ဖြစ်လာအောင်လည်း ကြိုးစားနေရပါတယ်။ စတီးမစ်မှာကလည်း နေ့တိုင်း စာရေးနိုင်ဖို့ ပစ်မှတ်ထားထားတာကြောင့် စာရေးစရာတွေ စဉ်းစားနေရတာ ကုန်ကြမ်းရှာဖွေနေရတာလည်း အချိန်ပေးရပြန်တယ်။ SEAMEO CHAT မှာ အင်္ဂလိပ်စာဒီပလိုမာတက်နေတာကလည်း Advanced - 1 level ကို ရောက်ပြီဖြစ်လို့ ဘုရားတပြီး စာတွေ လုပ်နေရတာလည်း ရှိပါတယ်။ အလုပ်ကလည်း နည်းနည်းပေါ်လာပြီဖြစ်လို့ ဘာသာပြန်ဘက်လည်း အချိန်ပေးရပြန်တယ်။ ဒီတော့ ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားမိတယ်။ နှစ်ကိုယ်ခွဲနေတာထက်စာရင် ပိုပြီးထိရောက်တဲ့ Time Management ကို လေ့လာတာပဲ ကောင်းပါတယ်လို့ စဉ်းစားမိရင်း You Tube ကို ၀င်မွှေဖို့ ထပ်မံပြင်လိုက်ပါပြီ .... ဒါ့အပြင် online learning အတွက် testing စမ်းသပ်ဖို့ ချိန်းထားတာလည်း အခုစာရေးနေရင်း သတိရလိုက်ပါတယ်။ မနက်ဖြန် မှတ်စုစာအုပ်လေး ၀ယ်ဖို့လည်း အထပ်ထပ်ရေရွတ်လိုက်ပါတယ်။ ကိုယ်က ဥာဏ်မကောင်းတော့ ဂါထာရွတ်သလို တတွတ်တွတ်မှတ်နေရတာထက်စာရင် မှတ်မိစာအုပ်နဲ့ ရေးထားတာက ပိုကောင်းတယ်လေ .... လောလောဆယ်တော့ နာနေတဲ့မျက်စိကို အနားပေးရင်း တရေးအိပ်လိုက်ပါဦးမယ် ... မနက်လည်း ၆နာရီထိုး Guide ခေါ်ထားသေးတယ်လေ ... ဘာပဲပြောပြော ဘ၀ဟာ ကျေနပ်စရာပါဗျာ ...


DSCN1499.jpg


sawlwin@sawlwin

MSC 176

Image credit - https://pixabay.com

Life is pleasant if we accept it ! | Ecency