ပညာရေး -အပိုင်း ၃

Words
183
Reading
1 min
Listen
Play
9y

Steemitမှ မိတ်ဆွေများအားလုံး မင်္ဂလာပါရှင့်။
ယခင်အပါတ်စဉ် promotion ဆောင်းပါးများတွင် ပညာရေးနှင့်ပါတ်သက်သည့် ကျမအတွေး ကျမအမြင်လေးများအား ကျမကိုယ်တိုင်ကြုံတွေ့ဖူးသမျှရော ကျမပါတ်ဝန်းကျင်တွင် တွေ့ကြုံရသမျှလေးပါ အခြေခံ၍ ရင်သွေးရတနာလေးများအား ပြုစုပျိုးထောင်ကြမည့် မိဘများနှင့်ကိုယ်တိုင်သင်ယူ လေ့လာနေသော ကျောင်းသားကျောင်းသူလေးများအတွက် တစ်ထောင့်တစ်နေရာမှ အထောက်အကူဖြစ်စေရန်အလို့ငှါ ရေးသားဝေငှခဲ့ပါသည်။ပညာရေးနှင့်ပါတ်သက်သည့် လွဲမှားလျက်ရှိသော လေ့လာကျက်မှတ်ပုံများ,မိဘများအနေနှင့် သာသမီးများ၏ပညာရေးအပေါ် ထားရှိသော စေတနာအလွဲလေးများအား ဆင်ခြင်သုံးသပ်မိစေရန်အလို့ငှါလည်း ထည့်သွင်းရေးသားခဲ့ပါသည်။ကျမတစ်ဦးတည်းအမြင်နှင့်ရေးသားခြင်းဖြစ်သောကြောင့် ပညာရေးအား မတူကွဲပြားသောပုံစံများဖြင့် လေ့လာသူများ များစွာရှိသည့်အလျောက် ထင်မြင်သုံးသပ်ချက်များလည်း များစွာကွဲပြားခြားနားနိုင်ပါသည်။

ပညာရေးနှင့်ပါတ်သက်ပြီး တခြားသောသူများ၏ လေ့လာသင်ယူပုံများအား ဝေဖန်သုံးသပ်ရေးသားခဲ့ပြီးဖြစ်၍ ယခုတစ်ပါတ်တွင်မူ စာဖတ်သူများအား ကျမ၏ ငယ်ရွယ်စဉ်အချိန်မှစ၍ တက္ကသိုလ်ဝင်တန်းတက်သည်အထိ ပညာသင်ယူလေ့လာခဲ့ပုံလေးများအား ရေးသားတင်ပြခြင်ပါသည်။

ပုံမှန်အားဖြင့် ကျမသည် ဥာဏ်ရည်ထက်မြက်လွန်းသည့် ကျောင်းသူတစ်ဦး မဟုတ်ခဲ့သလို မှတ်ဥာဏ်နည်းပါးလွန်းသူတစ်ဦးလည်း မဖြစ်ခဲ့သည့်အတွက် မိမိပိုင်ဆိုင်သည့် သာမန်ဥာဏ်ပညာလေးအား အရင်းပြုပြီး ကိုယ်စွမ်းရှိသလောက် တစိုက်မတ်မတ်ကြိုးစားခဲ့ခြင်းဖြစ်၍ ထိပ်ဆုံးသို့မရောက်ခဲ့သော်လည်း ကြိုးစားမှုနှင့်ထိုက်တန်သည့် အနေအထားတစ်ခုအား အထိုက်အလျောက်ရရှိခဲ့ပါသည်။

ကျမကိုယ်တိုင်ပင် ငယ်ရွယ်စဉ်အချိန်များတွင် အတန်းထဲတွင် အမှတ်ပြည့်ရသူတစ်ဦးဖြစ်ခြင်ဇောနှင့် သင်ခန်းစာများအား အလွတ်ကျက်မှတ်ခဲ့ဖူးပါသည်။ကျမတို့မောင်နှမထဲတွင် တတိယမြောက်သားဖြစ်သော ကျမအစ်ကိုသည် ကျမပညာရေးနှင့်ပါတ်သက်ပြီး များစွာလမ်းညွှန်ဆုံးမပေးဖူးပါသည်။မှတ်မှတ်ရရ ကျမပထမတန်းတက်သည့်အရွယ် ဒုတိယတန်းသို့အတန်းတင်ပေးမည့် အတန်းတင်စာမေးပွဲကြီး ဖြေဆိုရမည့်အခ်ျန်ဖြစ်သည်။ကလေးသဘာဝအလျောက် စာမေးပွဲတွင်ဖြေဆိုရမည့် သင်ခန်းစာများအား အလွတ် ကျက်မှတ်ပြီးဖြစ်၍ သူငယ်ချင်းများနှင့် တူတူပုန်းတမ်းကစားနေခဲ့သည်။ထိုအချိန်တွင် ကျမ၏ အစ်ကိုအလတ်မှ ကျမအား "ဟဲ့ စန္ဒီ နင်စာမေးပွဲကြီးဖြေရမှာ စာတွေရနေလို့ လျောက်ကစားနေတာလား"ဟုမေးမြန်းခဲ့ပါသည်။ကျမလည်း မဆိုင်းမတွပင် "အကုန်ရနေပြီ"ဟုပြန်ဖြေခဲ့ပါသည်။ထိုအချိန်တွင် အစ်ကိုမှ "ဒါဆိုသင်္ချာစာအုပ်ယူခဲ့"ဟုဆိုကာ သူ့စိတ်ကြိုက်စာအုပ်တစ်အုပ်လုံး မွှေနှောက်ကာမေးမြန်းပါတော့သည်။

ပုံမှန်အားဖြင့် ပထမတန်းကလေးတစ်ဦးအား စာမေးလျင် သင်္ချာဖြစ်သည့်အတွက် ခဲတံစာအုပ်ယူကာ ကျကျနနပေါင်းနှုတ်ခိုင်းလေ့ ရှိကြပါသည်။သို့ပေမယ့် အစ်ကိုသည် သူမေးခြင်သည့်စာအုပ်ထဲမှာပုစ္ဆာလေးများအား စာအုပ်တွေခဲတံတွေ မယူခိုင်းတော့ဘဲ အဆင်ပြေသလို နှုတ်တိုက်သာ ပေါင်းနှုတ်ခိုင်းခဲ့ပါသည်။ဥပမာပြောရလျင်-စာအုပ်ထဲမှာပါသည့် ပန်းသီးလေးများအား အရင်ရေတွက်ခိုင်းပါသည်။ပြီးလျင်စာအုပ်ထဲမှာမပါသည့် အပြင်လောကနှင့်နီးစပ်သည့် မေးခွန်းလေးများအားပေါ့ပေါ့ပါးပါးလေး မေးခဲ့ပါသည်။"စာအုပ်ထဲတွင် ပန်းသီးငါးလုံးရှိမည်ဆိုပါစို့။ဧည့်သည်လာလို့ ၃လုံးချကျွေးလျင် ဘယ်နှစ်လုံးကျန်မလဲ,အမေဈေးက လေးလုံးထပ်ဝယ်လာလျင် ဘယ်နှစ်လုံးပြန်ဖြစ်သွားမလဲ"အစရှိသည့် မေးခွန်းလေးများဖြင့် အပေါင်းအနှုတ်များကျွမ်းကျင်စေရန် မေးမြန်းခဲ့သည်ကိုလည်း အမှတ်ရမိပါသည်။

အစ်ကိုသည် စာအုပ်ထဲတွင်ပါသည့် သင်ခန်းစာလေးများအား သူမေးခြင်သည့်ပုံစံလေးများဖြင့် အနီးစပ်ဆုံးထပ်တူကျအောင် မေးမြန်းပြီးအချိန် မောင်နှမနှစ်ယောက် စာပြန်ပွဲကြီးကို ပျော်ရွှင်စွာဖြင့်အဆုံးသတ်ခဲ့ကြပြီးနောက်တွင် အစ်ကိုမှ "ရပြီ နင်သင်္ချာစာမေးပွဲအောင်သွားပြီ သွားကစားတော့ သင်္ချာဖြေတဲ့နေ့အထိ စာပြန်ကြည့်စရာမလိုတော့ဘူး"ဟုပြောလိုက်၍ အိမ်နောက်ဖေးတွင် ထမင်းချက်နေသည့်အမေမှ လူကြီးသဘာဝ စိုးရိမ်စိတ်လွန်ကဲသွားကာ "ဟဲ့ ကလေးကို ဘာတွေလျောက်ပြောနေတာလဲ"ဟု လှမ်းငေါက်ခဲ့ပုံလေးကိုလည်း အမှတိရမိပါသည်။

ဆိုလိုခြင်သည်မှာ အစ်ကိုရဲ့ရည်ရွယ်ချက်အား ထိုအချိန်တွင် အမေရောကျမပါ အမှန်တကယ်နားမလည်ခဲ့ပေ။သို့ပေမယ့် အစ်ကို့ရဲ့လေ့ကျင့်မှုများကြောင့် ကျမအတွက် သင်္ချာလေ့ကျင့်ခန်းများသည် ပုံနှိပ်စာအုပ်ထဲတွင်သာမကဘဲ ပါတ်ဝန်းကျင်တွင်မြင်မြင်သမျှ အရာအားလုံး တွက်ချက်လေ့လာစရာများ ဖြစ်ခွင့်ရခဲ့ပါသည်။ထိုအလေ့အကျင့်လေးများသည် ငယ်ရွယ်စဉ်အချိန်တွင် သတိမမူခဲ့ပေမယ့် အထက်တန်းရောက်သည့်အချိန် တဖြည်းဖြည်း တွက်ရခက်လာသည့် သချာင်္သင်ခန်းစာများလေ့လ်ာရာတွင် အထောက်အကူဖြစ်ခဲ့ရပါသည်။ထို့ကြောင့် သားသမီးများအား ပျိုးထောင်ပေးကြမည့်မိဘများ အနေနှင့်ရော မောင်ငယ် ညီငယ်လေးများအား ပြန်လည်ထိန်းကျောင်းကြမည့် အစ်ကိုအစ်မများအတွက်ပါ တစ်ထောင့်တစ်နေရာမှ အထောက်အကူဖြစ်စေရန် ကျမအစ်ကို၏ လမ်းညွှန်ဆုံးမပုံလေးများအား ဤဆောင်းပါးလေးထဲတွင် ထည့်သွင်းရေးသားလိုက်ပါသည်။

sandipoe@sandipoe
MSC.035

FB_IMG_1517190315386.jpgreceived_342714006206915.jpegreceived_342713596206956.jpeg