အန္တရာယ်ကင်းစွာ ချေတတ်ကြစေချင်

Words
254
Reading
2 min
Listen
Play
8y

Steemitမှ အစ်ကိုအစ်မများအားလုံး မင်္ဂလာပါရှင့်။ဒီတစ်ပါတ်ဆောင်းပါးလေးမှာတော့ ကျမက မိန်းကလေးတွေနဲ့ ပါတ်သက်တဲ့ အထွေထွေ အကြောင်းအရာလေးတွေကို ကျမတွေးမိတဲ့ ကျမရဲ့အမြင် ကျမရဲ့ရှုထောင့်လေးကနေ ဆောင်းပါးလေးသဖွယ် ရေးသားတင်ပြခြင်ပါတယ်။လက်ရှိမှာလည်း ကျမက ခလေးအမေဆိုပေမယ့် အသက်အားဖြင့်ပြောရရင် ၂၅နှစ်သာရှိသေးတာမို့ ခေတ်လူငယ်တစ်ယောက်အဖြစ် ရပ်တည်နေရတဲ့အတွက် အခုခေတ်လို အစစအရာရာတိုးတက်မှုနဲ့ဆုတ်ယုတ်မှုတွေ ဒွန်တွဲနေတဲ့ခေတ်ကြီးမှာ မိန်းကလေးအများစုရဲ့ imageလေးတွေကို သုံးသပ်ခြင်ပါတယ်။

အရင်ဦးဆုံး သုံးသပ်မိတာကတော့ ကျမတို့မိန်းမသားတွေဟာ လက်ရှိမှာ အရင်ခေတ်တွေတုန်းကလို အိမ်တွင်းပုန်းလုပ်မနေကြတော့ဘဲ အမျိုးသားတွေနဲ့တန်းတူ ရင်ဘောင်တန်းပြီး လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်လာနိုင်ကြတဲ့ အရည်အသွေးလေးတွေဘဲ ဖြစ်ပါတယ်။အိမ်ထောင်ရှင်အမျိုးသမီးများအနေနဲ့လည်း အမျိုးသားရဲ့လုပ်စာတစ်ခုတည်းကိုဘဲ မှီခိုအားထားပြီး သားသမီးတွေရဲ့ဝေယျာဝစ္စတွေနဲ့သာ အချိန်ကုန်နေတာမျိုးမဟုတ်ကြတော့ဘဲ ကိုယ်အားလပ်တဲ့အချိန်တွေထဲက ကိုယ့်အတွက် မျက်စိဖွင့်နားဖွင့်လည်းဖြစ်ပြီး မိသားစုအတွက်လည်း အထောက်အပံ့လည်းရအောင် အပြင်စီးပွါးရေးလုပ်ငန်းလေးတွေကို အမျိုးသားများနဲ့တန်းတူ ကြိုးစားလုပ်ကိုင်လာကြတာကိုလည်း အခုလိုခေတ်ထဲမှာ အများကြီး တွေ့ရပါတယ်။ဒါကလည်း ကျမတို့မိန်းမသားတွေအတွက် အဖြစ်သင့်ဆုံးနဲ့ဂုဏ်ယူစရာအကောင်းဆုံး အခြေအနေတစ်ခုလို့ ပြောရင် မှားမယ်မထင်ပါဘူး။ဘာလို့လဲဆိုတော့ လူတစ်ယောက်ဟာ ကိုယ့်ရဲ့ဘဝပေးအခြေအနေအရ မတောင့်မတ မကြောင့်မကြရဘဲ ပြည့်ပြည့်စုံစုံ နေနေရတယ်ဆိုရင်တောင် ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ မမှေးမှိန်သွားဖို့,လူမှုဆက်ဆံရေး ဝင်ဆံ့ဖို့,ကိုယ်သင်ယူထားတဲ့ပညာရပ်တွေကို လက်တွေ့ကျကျအသုံးချဖို့ ,အမြင်ကျယ်ပြီး အတွေးအခေါ်တွေ မကျဉ်းမြောင်းဖို့ အစရှိတဲ့လိုအပ်ချက်တွေကြောင့် ကိုယ်နဲ့သင့်တော်ပြီး ကိုယ်ဝါသနာပါတဲ့အလုပ်တစ်ခုခုကို ကြိုးစားလုပ်ဆောင်သင့်တယ်လို့ ထင်မြင်မိပါတယ်။

ကျမတို့မိန်းမသားတွေအများစုဟာ အခုအချိန်မှာ ခေတ်နဲ့အညီ အရမ်းကိုထက်မြက်လာကြပြီး အမျိုးသားတွေနဲ့တန်းတူ ရင်ဘောင်တန်းပြီးလည်း ကြိုးစားလာနိုင်ကြပါပြီ။ပွင့်လင်းတဲ့ ဆက်ဆံမှုတွေနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစွာနဲ့ ပြတ်သားတဲ့အတွေးအခေါ်တွေကိုလည်း အသုံးချတတ်လာကြပါပြီ။သို့ပေမယ့် ဘယ်လိုဘဲ ခေတ်တွေပြောင်းလဲပါစေ,ကိုယ့်ကိုကိုယ် ဘယ်လောက်ဘဲ confidenceရှိတယ်လို့ သတ်မှတ်ပါစေ ကိုယ်ဟာမိန်းမသားတစ်ယောက်ဆိုတဲ့ ဖြစ်တည်မှုကိုတော့ မမေ့လျော့စေခြင်ပါဘူး။ဘာလို့လဲဆိုတော့ ကိုယ်ဟာ မိန်းမသားဆိုတဲ့အသိတွေပျောက်ပြီး ခေတ်နဲ့အညီဆိုတဲ့ခေါင်းစဉ်အောက်မှာ ရောချပြီး အနေအထိုင်တွေပါပျက်စီးလာတဲ့ မိန်းမသားလေးတွေအများစုကို ကျမတို့ပါတ်ဝန်းကျင်မှာ တွေ့လာရတတ်လို့ပါ။ကျမတို့မိန်းမသားတွေရဲ့ ကြိုးစာမှုကြောင့်ရလာတဲ့ ထူးချွန်ထက်မြက်မှုတွေ confidenceရှိမှုတွေကို အခြေခံပြီး အမျိုးသားတွေနဲ့တန်းတူ ရင်ဘောင်တန်းလို့ ရနိုင်ပေမယ့် ရင်ခြင်းအပ်ဖို့တော့ မသင့်တော်ဘူးလို့ထင်မြင်မိပါတယ်။မိန်းမသားတွေအနေနဲ့ မမြင်ရတဲ့အန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ဆိုတာ ယောက်ကျားသားတွေလို ကာယခွန်အားမရှိတဲ့အတွက် ကြောက်သင့်တဲ့အရာတွေကို ကြောက်ပြီး သံသယရှိသင့်အရာတွေကို ရှိကိုရှိရပါမယ်။မိန်းကလေးတွေအနေနဲ့ ဘယ်လိုဘဲ ခေတ်တွေစနစ်တွေပြောင်းလဲပါစေ ကိုယ်ဟာမိန်းမသားဆိုတဲ့အမှန်တရားကို ခေါင်းထဲကမထုတ်ပယ်ဘဲ ကိုယ်မသိတဲ့ယောက်ကျားသားတွေနဲ့ မလိုအပ်ဘဲ အရောတဝင်လုပ်တာတွေကို ရှောင်ရှားသင့်ပါတယ်။

ကျမဒီလိုပြောလို့ ယောက်ကျားသားတွေအပေါ် ကျဉ်းမြောင်းတဲ့အမြင်နဲ့ အထင်သေးပြီးပြောတယ်လို့ မထင်စေခြင်ပါဘူး။ကျမတို့လည်း ယောက်ကျားလေးသူငယ်ချင်းတွေ အများကြီးရှိခဲ့ပါတယ်။ဒါပေမယ့် ကိုယ့်ရဲ့ခင်မင်မှုကို စကားတွေ,လိုအပ်တဲ့ကူညီမှုတွေ,ပေါ့ပါး ပျော်ရွှင်စေမယ့် စနောက်မှုလေးတွေပေးပြီးသာ ပြသခဲ့ပါတယ်။ယောက်nကျားလေးသူငယ်ချင်းဆိုပြီး စကားတစ်လုံးပြောတိုင်း ပုခုံးတစ်ချက်ပုတ်ပြီး ကိုယ့်ရဲ့imageကို အကျဆင်းမခံခဲ့သလို ရင်းနှီးပွင့်လင်းမှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ခေါင်းပုတ် လက်ကိုင်လုပ်ပြီး ဆက်ဆံတတ်တဲ့ ဘယ်ယောက်ကျားသားရဲ့ အသားယူမှုကိုမှလည်း လက်မခံခဲ့ပါဘူး။မိဘတွေဆိုဆုံးမထားတဲ့အတိုင်း မသွားသင့်တဲ့နေရာမှန်သမျှ မယုံသင့်တဲ့လူမှန်သမျှ ဝေးဝေးက ရှောင်ခဲ့ပါတယ်။ဘယ်သူငယ်ချင်းအိမ်ကိုမှ ညအိပ်ညနေမသွားဖူးသလို မိသားစု ညီအစ်မမပါဘဲလည်း ဘယ်လိုခရီးမှ မသွားခဲ့ပါဘူး။ ကိုယ့်သူငယ်ချင်းအိမ်ဖြစ်နေလည်း သူစိမ်းယောက်ကျားသားတွေများများရှိတဲ့အိမ်ဆို အိမ်ထဲမဝင်ခြင်တဲ့ ဘေးလူအမြင်ကတ်စရာကောင်းတဲ့ ကြောက်တတ်တဲ့ ကိုယ့်ကိုကိုယ်ကြိုတင် ကာကွယ်တတ်တဲ့အကျင့်လေးတွေကိုလည်း အမေနဲ့ အစ်မတွေကရိုက်သွင်းပေးခဲ့တဲ့ အတွက် ကျမရဲ့ငယ်ရွယ်စဉ်အချိန်လေးတွေကို ဖြူ စင်အေးချမ်းစွာ ဖြတ်သန်းခွင့်ရခဲ့တယ်လို့လည်း ထင်မိပါတယ်။ဒါတွေဟာ စာဖတ်သူတွေအနေနဲ့ ပိုတယ်လို့ထင်ကောင်းထင်ပေမယ့် အခုခေတ်လို လူမှုရေးစိတ်ဓါတွေ ပျက်စီးလာတဲ့ ခေတ်ပျက်ကြီးထဲမှာ မိန်းမသားလေးတွေအနေနဲ့ လက်ကိုင်ထားပြီး ရှောင်ရှားသင့်ပါတယ်။

နောက်တစ်ခု ကျမသတိထားမိတဲ့လွဲမှားမှုတစ်ခုက မိန်းကလေးအများစုခံတွင်းတွေ့နေကြတဲ့ 'ချေတယ်'ဆိုတဲ့ စကားလုံးအောက်က မဖြစ်သင့်တဲ့အပြုအမူလေးတွေ တစ်ချို့ပါဘဲ။'ချေတယ်'ဆိုတယ် ခေါင်းစဉ်အောက်မှာဘဲ တစ်ချို့သောမိန်းကလေးတွေက ယောက်ကျားသားတွေကို စိန်ခေါ်တတ်ကြသလို ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့အထာလေးတွေကိုလည်း ဘာမှမဆိုင်ဘဲနဲ့ကို ဘလိုင်းကြီးလည်းလုပ်ပြတတ်ကြပါတယ်။ကျမခံယူထားတဲ့ချေတယ်ဆိုတဲ့ စကားလုံးအောက်က နေထိုင်ပုံကတော့ ရိုးရှင်းပါတယ်။ကိုယ့်ကိုကိုယ် အရည်အချင်းရှိအောင်နေထိုင်မယ်။ဘယ်သူ့အကြောင်းမှလည်း စိတ်ဝင်တစားမစပ်စုတတ်သလို ဘယ်သူ့ကိုမှလည်း အထက်စီးက မဆက်ဆံတဲ့အတွက် ကိုယ့်ကိုထိခိုက်စေမယ့်လူဆို ဝေးဝေးကရှောင်ပါတယ်။ယောက်ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် တန်းတူဆက်ဆံတဲ့အတွက် ဘယ်သူ့ကိုမှ မလိုအပ်ဘဲအရောတဝင်မဆက်ဆံပါဘူး။ကိုယ့်ရဲ့ငယ်ရွယ်စဉ်အချိန်တွေမှာ ကိုယ်ကိုယ်တိုင်လည်း ထိန်းထိန်းသိမ်းသိမ်းနေခဲ့လို့ နောက်ကြောင်းရှင်းတဲ့အတွက် လက်ရှိမှာ ကိုယ့်အထာနဲ့ကိုယ်နေနိုင်တဲ့သူတွေကိုဘဲ ကျမကတော့ ချေနိုင်ကြတဲ့ အမျိုးသမီးလေးတွေလို့ သတ်မှတ်ပါတယ်။

ကျမနောက်ဆုံးပြောခြင်တာက သမီးမိန်းကလေးမွေးထားတဲ့ အမေတွေအနေနဲ့လည်း သံသယရှိသင့်အရာတွေ ကြောက်သင့်တဲ့အရာတွေကို ငယ်စဉ်ကတည်းက ပေးကြောက်ထားလိုက်ပါလို့ဘဲ အကြံပြုခြင်ပါတယ်။မိန်းမသားတွေအနေနဲ့ မမျှော်လင့်ဘဲဖြစ်လာတတ်တဲ့ ခွန်အားမမျှတဲ့အန္တရာယ်တွေကို လိုအပ်တဲ့အကြောက်တရားသုံးပြီး ကြိုတင်ကာကွယ်ခြင်းနဲ့ဘဲ မလိုလားအပ်တဲ့ အမှုတွေကို အနည်းနဲ့အများ လျော့ချနိုင်မယ်လို့ ကျမအနေနဲ့ထင်မြင်မိပါတယ်။ဘယ်လိုအခြေအနေဘဲ ပြောင်းလဲနေကြပါစေ ကျမတို့အားလုံးဟာ မိန်းမသားလေးတွေဖြစ်နေတာမို့ အမျိုးသမီးလေးတွေအားလုံး ဘဝကိုအန္တရာယ်ကင်းကင်းနဲ့ ဖြူ စင်စွာဖြတ်သန်းနိုင်ကြစေလိုတဲ့ စေတနာလေးနဲ့ ကျမရဲ့အမြင်လေးတွေကိုအခြေခံပြီး သည်ဆောက
င်းပါးလေးကို အကြုံပြုရေးသားလိုက်ပါတယ်။
MSC.035
Author:sandipoe@sandipoeIMG_20180405_110629.jpg

အန္တရာယ်ကင်းစွာ ချေတတ်ကြစေချင် | Ecency