Mobile Legends gameမိတ်ဆက်

Words
197
Reading
1 min
Listen
Play
8y

မင်္ဂလာပါ ဗျ အခုပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ Mobile gameတစ်မျိုးအကြောင်းလေးပါ.....လက်တလောလူငယ်နဲ့ လူကြီးကြားမှာရေပန်းစားနေတဲ့အပြင် ကမ္ဘာတစ်ဝှမ်းမှာလည်း စိတ်ဝင်စား ဆော့ကစားနေတဲ့ ဂိမ်းတစ်မျိုးဖြစ်ပါတယ်.....အကြမ်းအရမ်းနဲ့ ဒဏ္ဌာရီဆန်ဆန် ဆော့ကစားရတဲ့ online gameတစ်ခုဖြစ်ပါတယ်.....အချို့ကလဲသိပြီးဆော့ပြီးနေလောက်ပါပြီ.......သူ့နာမည်လေးကMobile
Legends (ML)လို့ခေါ်ကြပါတယ်......
image
ဆယ်စုနှစ်တစ်ခုမှာဂိမ်းကို ယောကျာ်းလေးအများစုသာဆော့ပေမဲ့ ယခုမိုဘိုင်းဖုန်းများ ခေတ်စားလာတာနဲ့အမျှ မိန်းကလေးများပါဆော့ကစားလာကြပါတယ်......မိတ်ဆက်ပေးတဲ့အဓိကအကြောင်းအရင်းလေးကတော့ ဆော့ပျော်ပြီး အချိန်အရမ်းမပေးရလို့ပါ.....တစ်ခုပဲလိုအပ်တာပါစနစ်ကျပြီး လေးလေးစားစားဆော့ဖို့ပါပဲ....ML game ဟာ ရန်သူငါးယောက် မိမိteam ငါးယောက်နဲ့ လမ်းသုံးလမ်းဆက်ထားတဲ့ မြေပုံထဲမှာ တိုက်ခိုက်ရတဲ့ဂိမ်းပါ......
image
Graphic လဲအရမ်းမမြင့်သလို ဖုန်းဘေလ်လည်းအရမ်းမကုန်ပါဘူး....ဒီလိုဆိုတော့ MLအထဲကိုဝင်ပြီးထပ်မိတ်ဆက်ပေးပါမယ်...Mobile Legendsဟာ အချို့သောဂိမ်းတွေလို ပျင်းရိမနေစေလိုတဲ့အတွက် တစ်လမှာ Hero 2ကောင်ထုတ်ပေးပါတယ်....gameစထုတ်ချိန်ကစပြီး ယခုထိ hero57တိတိထုတ်ပေးခဲ့ပေးပါတယ်.....

တိုက်ခိုက်မှုဦးစားပေးသော်လည်း ညဏ်လည်းသုံးဆော့ရပါတယ်.....ဆော့ကစားနည်းကတော့ မိမိအဖွဲ့သား ၅ယောက်နဲ့တဖက်အဖွဲ့သားတွေကို တိုက်ခိုက်ပြီး ရန်သူ့ခံတပ်တာဝါများ ဖျတ်ဆီးရပါတယ်.....နောက်ဆုံးရန်သူရဲ့ ပင်မစခန်းကို ချိုးဖျတ်နိုင်ပါကအနိုင်ရပါတယ်......ပြောချင်တာကို့ ခံတပ်လည်းမပျက်စီးစေဘဲ ရန်သူကိုတိုက်ခိုက်ဖျတ်စီးရတဲ့ ဂိမ်းတစ်ခုပေါ့......
image
Hero roleတွေလည်းစုံလင်ပါတယ်....
Tank-အမာကောင်းတနည်း တိုက်ခိုက်မှုထက်ရှေ့က ခံစစ်အဖြစ် ဝင်ရောက်တိုက်ခိုက် ပြီး ကို့အသင်းသားတွေကျဆုံးမှုမှာကာကွယ်ပေးရတဲ့ roleပါ။

Fighter-အနီးကပ်ခုတ် Hero သူကတိုက်ခိုက်မှုကို ဦးစားပေးပြီး tank heroလောက်မမာပါဘူး ဒါပေမဲ့ တိုက်ခိုက်မှုစွမ်းရည်အလွန်ကောင်းတဲ့ roleပါ။

Marksman-အဝေးပစ် Heroပါ အရမ်းပျော့ပါတယ် တိုက်ခိုက်မှု ပစ်ခတ်မှုစွမ်းရည်များတဲ့ hero ပါ အမာကောင်တွေနောက်က ပစ်ခတ်တဲ့ roleပါ။

Mage-မှော်စွမ်းရည်သုံးတဲ့ heroပါ တိုက်ခိုက်ပစ်ခတ်မှုစွမ်းရည် လုံးဝမရှိပါဘူး...ပါရှိတဲ့ Skill ကွက်များကို အဓိကအသုံးပြုပြီး ရန်သူ တွေကို Slow downဖြစ်စေတဲ့ roleပါ။ပွဲချိန်ကြာလာသည်နှင့်အမျှ Skillကွက် damageများလည်းလာပါတယ်။(itemနှင့်လည်းသက်ဆိုင်သည်)

Support- team တစ်ခုလုံးရဲ့ အချစ်တော် ရန်သူteamရဲ့ ချည်ဖက်ပါ...Support တစ်ကောက်ပါလာရင် တစ်ဖက်အသင်းသားတွေကိုတော်တော်ထိန်းချုပ်လို့ရတဲ့အပြင် ရန်သူရဲ့ damageနဲ့ skillတွေရဲ့ပြင်းအားသက်ရောက်မှုကိုလျော့ ချနိုင်တဲ့ roleပါ။

Assassin-လုပ်ကြံသတ်ဖြတ်သူ Fighterလိုအနီးကပ်ခုတ်ခြင်းမဟုတ်ဘဲ ရန်သူတွေရဲ့ damageအများဆုံး Marksmanနဲ့ mageတွေကို လုပ်ကြံသတ်ဖြတ်ရတဲ့ roleပါ။
image
Role 6 roleမှာ မိမိနဲ့ကြိုတ်နှစ်သက်ကိုက်ညီတဲ့ heroနဲ့ roleကို ဆော့ကစားနိုင်ပါတယ်.....ဒါအပြင် မြန်မာစာဖောင့်နှင့်ပါဆော့ကစားနိုင်တာဖြစ်တဲ့အတွက် ခက်ခဲမှုသိပ်မရှိဘူးလို့ ယုံကြည်ပါတယ်....
image
image
Gameမှာ Classic
Rank
Brawl
A.l
Custom
ဆိုပြီး ခွဲထားပါသေးတယ်

Classic modeမှာ မိမိဆော့ကစားလိုheroများ ကို တစ်ဖက်ရန်သူအသင်းသား လူသားများဖြင့်စမ်းသပ်ဆော့ကစားနိုင်ပါတယ်....
Rank modeကတော့ မိမိကျွမ်းကျင်တဲ့heroနဲ့ ဆော့ကစားပြီး မိမိအဆင့်ကိုမြင့်တင်ရပါတယ်.....
Rankမှာ၇ဆင့်ရှိပါတယ်..
Warrior
Elite
Master
Grandmaster
Epic
Legends
Mytic ဆိုပြီး မိမိလက်ရည် ဆော့ကစားမှုအရည်ချင်း ပေါ်မှုတည်ပြီး rankအဆင့်မြင့်အောင် ဆော့ကစားသွားရပါတယ်။

သုံးလတစ်ကြိမ် Seasonတစ်ခုသတ်မှတ်ပြီး ၃လအတွင်းမိမိသည်အမြင့်ဆုံးrankကိုကစားနိုင်ပါတယ်...သုံးလပြည်တာနဲ့ rankချခြင်းအစီစဉ်လာပါတယ် Heroပုံပြောင်းSkinများလည်း ပါရှိပါတယ်။

Gameရဲ့တင်းကြပ်တဲ့ စည်းကမ်းကတော့ကစားပွဲတစ်ပွဲကို အဆုံးထိကစားဖို့ပါပဲ ကစားပွဲကိုရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေ အဆုံးမသတ်မချင်း gameထဲကထွက်သွားလို့မပါဘူး ထိုသို့ထွက်ခွာပါက serverမှ gameကစားခွင့်ပိတ်ပင်ခြင်းပစ်ဒဏ်ကိုပေးပါလိမ့်မည်။

မိမိဖုန်းမှာStorage 1Gbလောက်ပေးပြီးRAM 1Gbလောက်နဲ့ အေးဆေးဆော့လို့ရတဲ့ ဂိမ်းလေးမလို့ စတင်မိတ်ဆက်ပေးလိုက်ပါတယ်....
image
ယခုမှစတင်ဆော့ကစားမည့်သူများကိုရည်ရွှယ်ပါသည်။
ပိုမိုသိရှိလိုပါက cb တွင်မေးမြန်းနိုင်ပါကြောင်း။
လေးစားလျက်
saihack@saihack
MSC No.152
Photos from my game acc

Mobile Legends gameမိတ်ဆက် | Ecency