မီးပျက်တုန်း တွေ့လိုက်ရတဲ့မျက်နှာစုတ်သရဲကြီး ဆရာဆရာမလုံခြုံရေးတွေလာတော့ ခုနကရပ်နေတဲ့နေရာမှာမရှိတော့။ကိုလင်းကတော့ အဲကိစ္စနဲ့ပတ်သတ်ပြီး ဖျားသွားတယ်။ အဲတာပဲသရဲခြောက်ခံရဖို့ တနည်းအားဖြင့်သရဲမပျင်းအောင်လုပ်ရမဲ့ကံကပါလာတော့ နောက်နေ့ ညဆိုင်းကိုကျွန်တော်တစ်ယောက်ထဲဆင်းရပါလေရော.........
အခြားကိစ္စတွေနိုင်ပါတယ် သရဲကဘယ်လိုပုံနဲ့ထပ်ခြောက်မလဲဆိုတာပဲတွေးပူနေတာပါ...ကိုလင်းကဘုန်းကြီးတွေဘာတွေနဲ့တောင်ကုနေရတယ်ဆိုတော့တော်တော်လန့်သွားပုံပဲ။အဲညတော့ ဧည့်ကြိုကောင်တာ မှာ ဆရာဆရာမတွေလာထိုင်ပေးတယ် သုံးလေးငါးယောက် ဘာမှတော့အရိပ်ယောင်တောင်မပြဘူး။
ကိုလင်းကနှစ်ရက်ခွင့်ယူသွားတော့ ညဆိုင်းကိုကျွန်တော်တစ်ယာက်ပဲထပ်ဆင်းရတယ်.....
အစောပိုင်း ကတော့ လူနားမနည်းမများလေးနဲ့ အဆင်ပြေနေတယ်။ညပိုင်းနည်းနက်လာတော့ အရေးပေါ်လူနာရောက်လာတယ် သေမလိုရှင်မလိုဖြစ်နေတဲ့ကိုယ်ဝန်ဆောင်သည်ကြီး လရင့်မှ ချော်လဲတာတဲ့......သူအသက်မရှင်ခဲ့ပါဘူး ဆုံးသွားတယ် ဆေးရုံကိုရောက်ကတည်းကအသက်မရှိတော့ဘူး ကလေးလဲအသက်မရှိတော့....ထုံးစံအတိုင်း သေစာရင်းယူပြီး ရင်ခွဲမှာထားပြီး နောက်နေ့မှလုပ်စရာရှိလုပ်ကြမှာပေါ့...ဧည့်ကြိုကောင်တာမှာထိုင်နေတာပါ ကိုယ်ဝန်သည်အလောင်းကို ဧည့်ကြိုကောင်တာ ရှေ့ကဖြတ်ပြီးသယ်သွားတာကိုး အမျိုးသမီးကငယ်ငယ်လေး ရှိလှမှ၂၃ ၂၄ပေါ့ စပ်စုစုမျက်နှာကိုလှမ်းကြည့်လိုက်မိတာ ဗြုန်းကခနဲ ကျွန်တော့ဖက်လှည့်ကြည့်လာတယ် နောက်ပြန်လှန်မတက် လန့်ပြီးကို့ရင်ဖက်ကိုဖိထားမိလိုက်တယ် အဲလိုကြည့်တာဘေးကလူတွေမမြင်ဘူးလား ဆိုတော့လည်းမြင်တဲ့ပုံမပေါ်ဘူး သန့်ရှင်းရေးဝန်ထမ်း နှစ်ယောက် အလောင်းကိုတွန်းရင်းစကားလေးတပြောပြောနဲ့..........
စိတ်ထဲမှာလည်း အသိကိုပြန်ထိန်းရင်း ငါတစ်ယောက်ထဲမြင်တာဆိုတော့ စိတ်ရောဂါများရနေပြီလားထင်မိတယ်..အရေးထဲကအရာဝင် ဆိုသလို ထိုင်နေရင်းဗိုက်ကနာလာတယ် အိမ်သာခနတက်ဖို့ လုံခြုံရေး အကိုကို့ ဧည့်ကြိုကောင်တာ ခနကြည့်ခိုင်းဖို့မှာရင်း အိမ်သာဖက်ထွက်ခဲ့တယ်။ကိစ္စပြီးတာနဲ့ ထွက်ဖို့တံခါးဂျက်ကို ဖွင့်ပြီးတွန်းကြည့်တာ တံခါး ကအမှန်ကန်ဖွင့်မရတော့ အပြင်ကတစ်ယောက်ယောက်ကဖိတွန်းထားသလိုမျိုး သုံးလေးချက်လောက်တွန်းကြည့်တာ အပြင်ကဂျက်ချသလိုမဟုတ်ပဲ လူတစ်ယောက်က ပြန်တွန်းထားသလိုဖြစ်နေတာ.....ရင်ထဲမှာတော့ ဗလောင်ဆူနေပြီ လက်တွေကတုန်နေပြီ ဒူးတွေတောင်မခိုင်ချင်လောက်အောင် ကြောက်နေမိတာ အမှန် မျက်နှာကလဲငိုမဲ့မဲ့ကြံရာမရဖြစ်နေတာ စိတ်ကိုတင်းပြီး ဂျက်ကိုပြန်ချလိုက်တယ်။ အသံကိုမြင့်ပြီး "အပြင်က ဘယ်သူလဲ?"လို့ အော်လိုက်တော့ တံခါးကို ပြန်ဆွဲနေတာ တဝုန်းဝုန်းနဲ့ ခနကတွန်းထားပြီး ခုဂျက်ချတော့ တဝုန်းဝုန်းနဲ့ပြန်ဆွဲဖွင့်နေတာ ကျွန်တော်မှာကြောက်လွန်းလို့ အိမ်သာဒေါင့်နားကပ်နေပြီ........
တံခါး ဂျက်ချထားတာကိုး ပြုတ်ထွက်သွားမတက်ဆွဲဖွင့်နေတာ ကြောက်စရာကြီး ကြောက်စိတ်ကိုပြန်ထိန်းရင်း လက်ထဲကဖုန်းကိုနှိပ်ပြီး ဧည့်ကြိုကောင်တာကိုဖုန်းခေါ်လိုက်တယ် လုံခြုံရေး အကိုကြီးဖုန်းကိုင်တော့ လာခေါ်ပေးဖို့ပြောတော့ လာခေါ်ရှာပါတယ်။ တကယ်ပါ ဟန်တောင်မဆောင်နိုင်ဘူး ကြောက်တာ သူတို့ရောက်လာမှာတံခါးဖွင့်ပြီးပြန်လိုက်သွားရတယ်ဗျာ....
ညဆိုင်းတစ်ပတ်က ငရဲကိုတစ်ခါအလည်သွားရသလိုပဲ အိပ်ရေးပျက်ပင်ပန်းသလို သရဲကလည်းခြောက်တော့ အတော်လေးပင်ပန်းကြတယ် ဧည့်ကြိုဝန်ထမ်းမိန်းကလေးနှစ်ယောက်တောင်ညဆိုင်းမဆင်းချင်လို့ထွက်သွားကြတယ်။စိတ်ထဲမှာလည်းရှိပြီးသား ခြောက်နေတဲ့ ဦးကျော်ပဲဖြစ်ဖြစ် ဘယ်သရဲပဲဖြစ်ဖြစ် ကျွတ်လွတ်အောင်လုပ်ပေးမယ်ဆိုတဲ့ ဆန္ဒ ပဲ....
အလုပ်ဝင်ကာလ လေးလတင်းတင်းပြည့်ခဲ့ပြီ ပုံစံမျိုးစုံနဲ့ ခြောက်တာခံရပြီးတော့ လူလည်း သိပ်တော့မကြောက်တက်သလိုဖြစ်လာတယ် ထူးခြားမှုတစ်ချက်ကတော့ ညဆိုင်းdutyသူတိုင်း ဧည့်ကြိုကောင်တာ ရှေ့ကဖြတ်ဖြတ်ပြေးတာကိုပါပဲ......CCTVထည့်ကနေမတွေ့ရင် ကောင်တာရှေ့ကနေလွှားခနဲ ပြေးသွားတာ မြင်နေရစမြဲပင်.......အဖြူမဲမီးခိုးလို အရောင်မျိုးက လှစ်ခနဲ လှစ်ခနဲပြေးတာတွေ့လိုက်ရတာပါ.....ဆေးရုံကဝန်ထမ်းဆရာဆရာမတွေကတော့ ဦးကျော်ကို သရဲဆိုပေမဲ့ ဝန်ထမ်းသရဲလို့တောင်သတ်မှတ်နေကြပါတယ်။တခါတရံ အပြင်မီးပျက်သွားရင် မီးစက်ခန်းကနေ မီးစက်ကအလိုလိုနိုးနေတက်ပါတယ်.....ညဖက် ရုံးဖက်အဆောင်တွေမီးမပိတ်သွားမိရင်မနက်ကျအလိုလိုပိတ်ထားတက်တာတွေ ဆေးရုံရေစင်ရေတင်လို့ ရေပြည့်ရင်အလိုလိုရေစက်ပိတ်ပေးတာတွေ အဲလိုအပြင်လူတွေမသိသာစေတဲ့ကိစ္စထူးထူးဆန်းဆန်းကို ဆေးရုံဝန်ထမ်းအားလုံးနီးပါးသိထားကြပါတယ်....ခုမှအစိမ်းသက်သက်သိသူအဖို့မြင်သူအဖို့တော့ သွေးပျက်စရာတွေပင်။
ယခုလိုကိစ္စမျိုးဆိုတာ လူဟောင်းတွေကနားလည်ပေးနိုင်ပေမဲ့........
ဖြစ်ချင်တော့ ဆေးရုံအုပ်ကြီးအပြောင်းကျတော့ နောက်ဆေးရုံအုပ်တစ်ယောက်ထပ်ရောက်လာတယ် သူလဲကျွန်တော်လို့ကိစ္စမျိုးကြုံ တယ်ထင်ပါတယ် ဘုန်းကြီးတွေပင့်ပြီး ပရိပ်ရွတ်တာ ရွတ်တဲ့နေမှာပဲ မီးစက်ခန်းကြီးမီးလောင်ပါတယ် မထင်မှတ်မီးလောင်စရာမရှိပဲမီးစက်ခန်းကြီး မီးလောင်တာတော်တော်ကြီးသွားပါတယ် ဘုန်းကြီး တွေပြီးဆုံးအောင်မရွတ်နိုင် ခဲ့ပါဘူး........ရွတ်နေစဉ်မှာပဲ မီးစက်ခန်းထဲမှာတအုန်းအုန်း ထပြီးလောင်တာပါ တော်တော်လေးလဲထူးဆန်းသလိုကြောက်လည်းကြောက်စရာကောင်းပါတယ်......အများပြောပုံအရတော့ ဦးကျော်က သူ့ကိုနှင်ထုတ်ချင်တဲ့သူကို သူကမုန်းတယ်တဲ့ ဆေးရုံအုပ်ကြီးပါ ပါလာပြီ သူအုပ်ချုပ်နေတဲ့ ဆေးရံကြီးကအနှောက်ယှက်တွေရှိနေတာဆိုတော့ သူလည်း စိတ်မချမ်းသာဘူးပေါ့......ဘုန်းကြီးတစ်ခါထပ်ပင့်တော့ ဆေးရုံဝင်းထဲရောက်သေးတယ် ဆေးရုံရေစင်ကြီးကျိုးပြီး ပျက်စီးသွားတယ် အတော်လေးထူးဆန်းနေတာအမှန်ပင် ရေစင်ကြီးကမြင့်ပြီးအကြီးကြီးပါ ဘာသဘာဝဒဏ်ကြောင့်မှမဟုတ်ပဲ သူ့အလိုလို ပြိုကျခဲ့တာပါ ကျောင်းထိုင်ဆရာတော်ကြီး ကဆေးရုံထဲတောင်မဝင်တော့ပဲ သူကျောင်းမှာပြန်ပြီး ဆေးရုံအုပ်ကိုပြောလိုက်တယ် အဲဆေးရုံမှာပူးကပ်နေတဲ့ သရဲကသရဲအဆင့်မဟုတ်တော့ဘူးတဲ့ သူမှာ လူတွေကို ထိပါးနိုင်တဲ့ အစွမ်းရှိတဲ့လနတ်ဆိုးအဆင့်ရောက်နေပြီတဲ့ ခုလိုချိန်မှာ ဘာသာတရားပြလဲ သူနားလည်မှာမဟုတ်တော့ဘူးတဲ့....သူထက်ပညာသာတဲ့ ဆရာတစ်ယောက်ယောက်ကိုခေါ်ပြီး
နှင်မှရမယ်လို့ ဆရာတော်ကြီးကအကြံပေးလိုက်တယ်....
နောက်ပိုင်း ဆေးရုံအုပ်ကြီးသူဟာသူနေပြီး ဦးကျော်ကိစ္စကိုတစ်ချက်မျှပင်မဟတော့ .....ဦးကျော်ကိုကျွတ်လွတ်ဖို့ စိတ်ကူးကတော့ ဆေးရုံဝန်ထမ်းအားလုံးအသိထဲမှာရှိနေမှာတော့ အသေခြာပင်......ဦးကျော် ဘယ်လိုကြောင့်နာနာဘာဝဘဝမှာ ပညာစွမ်းအင်တွေရခဲ့တာလဲ သိချင်မိပါတယ်.....သူနောက်ကွယ်မှာ သူမသေခင်နဲ့သေသွားပြီးမှာ ဘယ်လိုအကြောင်းရာတွေရှိမလဲဆိုတာကို သိချင်မိတာတော အမှန်ပင်.........
နောက်ထပ်သောသဘာဝလွန်ဖြစ်ရပ်တွေကိုနောက်အပိုင်းတွေမှာဆက်လက်ရေးသားတင်ပြပေးသွားမှာပါ....
စကားချပ်။ ။ ဖြစ်ရပ်မှန်အဖြစ်ပျက်များကိုသာရေးသားသောကြောင့်မမြင်အပ်မြင်အပ်သောအရာများကို မေတ္တာပို့အပ်ပါသည်။ဇာတ်လမ်းအရကာယံကာရှင်များ ခွင့်ပြုချက်ဖြင့် အမည်များပြောင်းလဲတင်ပြထားပါသည်။ကြုံခဲ့ရသူအဖြစ်ပြောင်းလဲရေးသားထားပါကြောင်း။
လေးစားလျက်
MSC no.152
@saihack
Photo crd from Google