မကျွတ်သော အစွဲ အပိုင်း(၇)

Words
185
Reading
1 min
Listen
Play
9y

နွေဦးရာသီရဲ့လေရူးတိုက်ချိန် ရောက်လာခဲ့ပြီ .......

ဆေးရုံကြီးဆီက အကြောက်တရားတွေကတဆတဆပို ကြီးစိုးလာဆဲပင်..... ကုန်ကုန်ပြောရရင် အကြမ်းဖျင်းလူနာပင် မလာကြတော့ သရဲခြောက်တယ်သတင်းကလဲ ဝင်ထားသင့်သလောက်ကြားနေရတာဆိုတော့လဲ.....



ဆုံးဖြတ်​ချက်​ တစ်ခုကို ပိုင်နိုင်စွာချရင်း ဦးကျော် မွေးရပ်ဇာတိ အညာရွာကလေးဆီကို ကျွန်တော်နဲ့ ကိုလင်းထွက်ခဲ့တော့တယ်......ခါတိုင်းခရီးသွားရရင်ပျော်နေတက်တဲ့ကျွန်တော် စိတ်တွေလေးလံဆဲ အခြားအကြောင်းမဟုတ်.....ဦးကျော်လိုက်လာမှာစိုးရိမ်လို့ပါ.... အကြောင်း ရင်းကတော့ ဦးကျော် ဘာတွေနဲ့ဘယ်လိုပတ်သက်ခဲ့လို့ ဒီလို လုပ်ရဲနေတာလဲဆိုတာကိုပါ.........
image


နောက်ဆုံးတော့ ရောက်ခဲ့ပါတယ် အညာဒေသဖြစ်လို့ လေပူများတဖြူးဖြူးတိုက်ရင်း ဦးကျော်ရဲ့ဆွေမျိုးသားချင်းတွေကိုရှာဖို့ရွာထဲခရီးထက်ဆက်ရပါတယ်.......

ကိုလင်းနဲ့ကျွန်တော် အူလည်​လည်​ နဲ့ ရွာအဝင်ထိပ်မှာ ကာလသားနဲ့ လူအိုတစ်စု မန်​ကျည်းပင်​ ကြီးအောက်မှာထိုင်နေတာကိုတွေ့လိုက်တော့ ကျနော်တို့ကဝမ်းသာအားရပေါ့ ဦးကျော် အိမ်နဲ့ဆွေမျိုးသားချင်းတွေအကြောင်းမေးတာ ဘာမပြောညာမပြောအကုန်ထပြေးကြတယ်ဗျာ.....တော်တော်လေးလဲ စိတ်ထဲထင့်သွားတယ် ဘာကိစ္စကြီးကြီးမားမားဖြစ်ခဲ့လို့လဲပေါ့......



တကယ်ပါ ....မေးမိတာဆိုတာလဲ ဘယ်မာနေလဲဆိုတာကိုပါ....အခြားဘာမှလည်းမမေးမိဘူး...အကုန်ထပြေးတယ်ဆိုတော့  သွေးရိုးသားရိုးကိစ္စသေးလေးမဖြစ်နိုင်မှန်းသဘောပေါက်မိတယ်.....ရွာဝင်စပဲရှိသေးတယ် ဖုန်းဝင်လာတယ်ဆေးရုံကနေ ဆေးရုံမှာ မကောင်းဆိုးဝါးဦးကျော် အတော်သောင်းကျန်းနေတဲ့အကြောင်း သားဖွားဆောင်က ဆို လူနာတောင်မထားတော့ဘူး ဆိုတဲ့ သတင်းကြီးပေါ့.......အကြောင်းကတော့ သားဖွားဆရာမတွေကိုအိမ်မက်ပေးတယ်တဲ့ ငါ့နေရာပျောက်အောင်လုပ်ရင် ကလေးတွေကိုအကုန်စားပစ်မယ်.....တဲ့.......မလွယ်ကြောကိစ္စ



အကြံတစ်ခုကဟုန်းဟုန်းတောက် ရွာသူကြီးအိမ်ကိုသာမေးပြီး ဟိုရောက်တော့အကြောင်းစုံသိရတော့တာပါပဲ........သူကြီးကမပြောချင်ပြောချင်နဲ့ ကျွန်တော်တို့ကလဲ ဒုက္ခ ရောက်ကြောင်းပြောမှဖွင့်ကျလာတာ......
image
အတိတ်သို့

              ဦးကျော် မွေးချင်းမောင်နှမလေးယောက်မှာအငယ်ဆုံး  မိဘတွေက ရိုးသားပြီးသဘောရိုး အညာသူအညာသားတွေ တမူထူးတာက ဦးကျော်ရဲ့ အဖွားအများပြောပုံနဲ့ ခန့်မှန်းပုံအရတော့ အောက်လမ်းပညာနဲ့ နတ်ဆိုးကိုးကွယ်တာရှိတယ် ဆိုတာပါပဲ.........အတိအကျရယ်မဟုတ်ပေမဲ့ လူတိုင်းနီးပါးနဲ့ ရွာနီးစပ်အကုန်အဲအတိုင်းသာသိထားကြတယ်.........တိုတိုပြောရရင် ဦးကျော်အဖွားမသေခင်မှာ ဦးကျော်ကိုပညာအမွေ ပေးခဲ့တယ်လို့ လူသိများခဲ့တယ် ပတ်ဝန်းကျင်နဲ့ လောကရဲ့မတူညီတဲ့  အချိတ်ဆက်ကြားမှာ လူအမြင်တွေစောင်းသွားရာကနေ သူတို့မိသားစု သေကွဲခဲ့ရတယ်......

ဦးကျော်တို့မိသားစုမှာရိုးရိုးသားသားလုပ်ကိုင်စားသောက်ပေမဲ့ လေးနှစ်အရွယ်ကောင်လေးဦးကျော်ကိုပညာအမွေပေး တဲ့အတွက် ဦးကျော်အဖွားနဲ့ မိဘနှစ်ပါးလုံး မီးရှို့သတ်ခံခဲ့ရတယ်......အကြောင်းကတော့ စုန်းကဝေတွေဆိုပြီးပေါ့ သူတို့မောင်နှမလေးယောက်လဲ လွတ်ရာပြေးစေတဲ့ အတွက်တစ်နေရာစီကွဲကွာခဲ့ရတာပေါ့ .....သူအဖွားမသေခင်မှာ အောက်လမ်းကျိန်စာနဲ့ သေခဲ့သော်လည်း ဘဝဆက်တိုင်းလက်စားချေရပါစေဆိုပြီးကျိန်စာတိုက်ခဲ့တယ်.........ဦးကျော်ကလွဲပီးကျန်သုံးယောက်က ကျိန်စာမရှိပေမဲ့ ဦးကျော်နဲ့ပတ်သတ်သမျှအရာတိုင်းဟာကျိန်စာသင့်ပြီး ခုထိမကျွတ်နိုင်ဖြစ်နေတာပေါ့.......ဦးကျော်အဖွားကျိန်စာကြောင့်ရွာလုံးကျွတ်ကာလဝမ်းရောဂါဘေးသင့်ခဲ့တယ်လို့လဲကြားခဲ့ရတယ်.........ဦးကျော်ကသူ့ဦးလေးအကပ်နဲ့ ဆေးရုံမှာအလုပ်ရခဲ့ပြီး ရခဲ့တဲ့အောက်လမ်းကိုမသုံးပဲသမ္မာအာဇီဝကျကျလုပ်ကိုင်စားသောက်ခဲ့သော်လည်း သူအဖွားကျိန်စာကြောင့်သေပြီး သူနဲ့ပတ်သတ်သူတွေကိုကျိန်စာသင့်စေတာပဲဖြစ်ပါတယ် လူဘဝရှိစဉ်က စိတ်ကောင်းထားနိုင်ပေမဲ့ သရဲတစ္တေဘဝနဲ့စိတ်အချိန်ကြာလာသည့်နဲ့အမျှစိတ်ရိုင်းဝင်ပြီး အစွမ်းအစ ရှိတဲ့ နတ်သရဲနာနာဘာဝမကောင်းဆိုးဝါးအသွင်ပြောင်လာတော့တာပေါ့..............အကြောင်းစုံသိပြီးရတော့ စိတ်မကောင်း........လေးလံစွာနဲ့ရွာထဲကနှစ်ယောက်သားပြန်ထွက်ခဲ့တော့တယ်.........အတွေးကိုယ်စီနဲ့တွေးရင်း.......



ကျွန်တော်တို့သွားချိန် ၃ရက်မှာ ဦးကျော်ဘယ်လိုတွေပညာပြလဲတော့မသိ.....ဝန်ထမ်းငါးယောက်ထွက်စာတင်သွားတယ်....ဧည်ကြိုဝန်ထမ်းကောင်မလေးနှစ်ယောက်ကောပါတယ်......တော်တော်လည်းစိတ်လေသွားတယ် အဓိကမိန်းကတော့ ဦးကျော်ကျွတ်လွတ်ဖို့ပဲ...

ကြားထဲမှာ မထင်မှတ်တဲ့ကိစ္စတစ်ခုဖြစ်သွားခဲ့သေးတယ်.......



ဆေးရုံအုပ်ကြီးပါ တကယ်မထင်မှတ်တာပါ ကြောက်ဖို့လည်းအတော်ကောင်းပါတယ်.....ဆေးရုံအုပ်ကြီးအိမိမပြန်တာ ၁လကျော်ပြီဆိုတဲ့ သတင်းကစတာပါပဲ .......တစ်ရက် လူနာလှည့်ပြီးအပြန် လှေကားခြေချော်ကျရာကနေ နောက်ပိုင်းလူတွေကိုစေ့စေ့ကားမပြောတော့ဘူးတဲ့.........ပြီးတော့ သန့်ရှင်းရေးဝန်ထမ်း တွေကိုလည်းထမင်းဟင်းတွေချက်ခိုင်းတယ်......အရင်က နေ့လည်စာစားရင်တောင် အသီးအရွတ်စားတာအားပေးတဲ့ဆေးရုံးအုပ်ကြီး ခု အမဲသားမှအမဲသား.......ဒုဆေးရုံအုပ်ကဟိုမေးသည်မေးလုပ်ကြည့်ရင်မျက်ထောင့်နီကြီးနဲ့ စားချင်လို့စားတာလို့ပြန်ပြောတက်တယ်......
image
ဆေးရုံအုပ်အိမ်ကလဲ လာခေါ်လည်းမလိုက်အတော်လည်းထူးဆန်းလွန်းလှပြီ ......နားနေခန်းထဲနေပြီး အချိန်ပြည့်နီးပါး အမဲသားဟင်းတွေစားနေလေ့ရှိတာပေါ့....သိတဲ့အတိုင်းအမွှေကျွန်တော် သန့်ရှင်းရေးဝန်ထမ်း တွေလဟင်းသွားပို့တုန်း လိုက်ဝင်သွားပြီးအကဲခတ်ကြည့်တာပေါ့.......ကျွန်တော်ဝင်လာတော့ ဆေးရုံးအုပ်ကြီးကမဲ့ပြုံးပြုံးနေတာဗျာ.........သေချာတာတော့ ကျေနပ်တဲ့ပုံမဟုတ်တဲ့ပုံပဲ ဆရာကြီးနဲ့ ဘာအဖုအထစ်မှမရှိတဲ့ကျွန်တော်........ခုလို မျက်ထောင့်ကြီးနဲ့ကြည့်ခံရပြီး မထီအပြုံးပြုံးခံလိုက်ရတော့ရင်ထဲမှာအောင့်သက်သက်.... ဆရာကြီးအကြည့်ကလဲ တစ်ချိန်တစ်ခါက သရဲခြောက်ခံရသလို မျိုး ကြက်သီးမွေးညင်းပါထစေတယ်.....ဘာပဲဖြစ်​ဖြစ်​ စောင့်ကြည့်ရမယ်လေဆိုတဲ့အတွေးနဲ့ပဲ.........

 

နောက်ထပ်အဖြစ်ပျက်တွေကိုနောက်အပိုင်းတွေမှာဆက်တင်ဆက်သွားပေးမှာပါ......

စကားချပ်။   ။ ဖြစ်ရပ်မှန်အဖြစ်ပျက်များကိုသာရေးသားသောကြောင့်မမြင်အပ်မြင်အပ်သောအရာများကို မေတ္တာပို့အပ်ပါသည်။ဇာတ်လမ်းအရကာယံကာရှင်များ ခွင့်ပြုချက်ဖြင့် အမည်များပြောင်းလဲတင်ပြထားပါသည်။ကြုံခဲ့ရသူအဖြစ်ပြောင်းလဲရေးသားထားပါကြောင်း။

                                                       လေးစားလျက်

                                                 MSC no.152

                                                 saihack@saihack

                                     Photo crd from Google

မကျွတ်သော အစွဲ အပိုင်း(၇) | Ecency