အလီလီပြောင်းခဲ့တဲ့အချိန်တွေနဲ့အတူ ဧည့်ကြိုကောင်တာမှာ အလုပ်သက်တမ်း၈လကျော်ခဲ့ပြီ.........
ကြောက်တလှဲ့ လန့်တလှဲ့နဲ့ အစိုးရဝန်ထမ်းဆိုတဲ့ဂုဏ်ကိုယူခဲ့တာ ၈လဆိုတော့ ကို့ကိုတောင် အထင်ကြီးမိတယ် ...... တယ်သတ္တိရှိတဲ့ငါပါလားပေါ့......
ဦးကျော်ကို ကျွတ်လွတ်စေဖို့က ဆေးရုံမှာရှိတဲ့ ဝန်ထမ်းအားလုံးရဲ့တာဝန်ဆိုတာ အားလုံးသိလာကြတယ်......ဖြစ်တဲ့ ပြသာနာတွေတိုင်း အဖြေရင်းမြစ်ရှာမရ.....
ဒီထက်ဆိုးလာရင် ဆေးရုံနာမည်ပျက်ရုံသာကျန်တယ်.... ဝန်ထမ်းအသစ်ဆိုရင်မလာချင်လောက်အောင်ငြင်းတဲ့ အခြေနေတွေလည်းဖြစ်လာနေပြီ.....
မှတ်မှတ်ရရ ခုပြောပြမဲ့ကိစ္စတော့တစ်သက်မမေ့ဘူးဗျ..... လူသေကောင်ကြီးကထမင်းတွေဟင်းတွေထစားတဲ့ ဖြစ်ရပ်လေးပေါ့.......မိုးသားအုပ်အုပ် ညနေခင်းတစ်ညနေ ကျွန်တော်နဲ့ ကိုလင်း ညDutyကျတာပေါ့ ခါတိုင်ူလိုပဲ လူနာကိစ္စအဝဝကိုပြင်ဆင်ပြီးရင် အားရင်အားသလို နားနေခန်းမှာ ဝင်မှေးကြတယ်....ည၁၁ကျော်လောက်လူနားပါးသွားတဲ့အချိန် ကျွန်တော်နဲ့ ကိုလင်း နားနေခန်းထဲဝင်အိပ်နေကြတာပေါ့.......မှေးခနဲ အိပ်ပျော်နေတုန်း အပြင် အရေးပေါ်ဌာနက ဆူဆူညံညံဖြစ်လာတာနဲ့ ထကြည့်တာ ကားအက်စီး ဒင့်တဲ့ ဖြစ်ချင်တော့လည်း ဘုရားဖူးကားကြီး မှောက်တာ......သွေးတွေသံတွေနဲ့ သွေးပျက်စရာပင်.........
အဲမှာခန့်မှန်းချေ အယောက်၂၀လောက်အရေးပေါ်အခြေနေနဲ့ရောက်လာတယ်.....၂ယောက်ကတော့အသက်မမီလာဘူး......အဲကစတာပဲ သေသူအလောင်းကိုစစ်ဆေးဖို့ အဝတ်ဖြူအုပ်ပြီး နံရံနှစ်ခုမှာကပ်ပြီးရပ်ထားတာ......သန့်ရှင်းရေး အဒေါ်ကြီးတစ်ယောက် ထမင်းမစားရသေးလို့ဆိုပြီး သူထည့်လာတဲ့ ထမင်းဘူးတွေဖွင့်ပြီး လူနာစောင့်ခုံမှာထိုင်စားနေတယ်........ ဖြစ်ချင်တော့ အမဲသား နှပ်ဆိုပဲ........အချိန်ကား 1AM အရင်ကလဲစားနေကြမလို့ထွေထွေထူးထူး ပြောစရာမလိုပါဘူး
စတာပဲ မီးတွေမှိန်ကျသွားတယ် ....သိသူကလဲသိတယ် ဦးကျော် ဆေးရုံးအုပ်ကိုကျော်ပြီးRoundလှည့်လာတယ်ဆိုတာ.........မီး ကပျက်သွားတာလဲမဟုတ်ဘူး မီးအားနည်းသလိုမှိန်ကျသွားတာ....မကြာပါဘူး စစ်ဆေးချက်ယူဖို့ ခုနကဒေါင့်ကပ်ရပ်ထားတဲ့အလောင်းဆီကလှုပ်ရှားသံစကြားရတာပဲ......ဧည့်ကြိုကောင်တာကနေလဲသိပ်မဝေးပါ.......တွန်းကုတင်ဖြစ်တော့ လူသေတင်ထားတဲ့အလောင်ကုတင်ကြီးကရွှေ့လာတယ်......
စဉ်းစားကြည့်ပါတော့ လူသေတင်ထားတဲ့ အလောင်းက တစ်ယောက်မတွန်းဘဲရွေ့ပြီးလိမ့်လာတဲ့ဆိုတဲ့ အဖြစ်ပျက်နဲ့တင် ကြက်သီးမွှေးညင်းဒေထလာတယ်ဗျာ...
ရွှေ့တာမှသိသိသာသာကြီး ထမင်းစားနေတဲ့ အဒေါ်ကြီးဆီကို အလောင်းကြီးရွှေ့ပြီး သွားတယ်ဆိုတာ အကုန်နီးပါး တွေ့ရတယ် မီးမှိန်နေတော့ မသဲမကွဲ ဒါပေမဲ့ ရွှေ့နေတယ်ဆိုတာတော့ မလွဲအမှန်ပေ.....
ထမင်းစားနေတဲ့ အဒေါ်ကြီး အလောင်းကုတင်သူ့နားမရောက်ခင်ပင် ထပြေးသွားတာ အမြီးတောင်မတွေ့ဘူး ကြည့်နေရင်း အလောင်းကြီးကထပြီး ခုနက ထမင်းစားနေတဲ့အဒေါ်ကြီးဟင်းတွေထမင်းတွေကိုစားနေတော့တာပဲ သဲသဲကွဲကွဲ မတွေ့ရ........မဲမဲသဏ္ဌန်ကြီးကစားနေတာပဲတွေ့ရတယ် .....သေချာပင် လူမဟုတ်ဘူး......လူဖြစ်ပင်သော်လည်း လူသေပင်......
အုပ်အုပ်ကျွတ်ကျွတ်ဖြစ်သွားတော့တာပေါ့.......ဖြစ်ချင်တော့CCTVက မီးမှိန်သွားချိန်မှာအားနည်းသလိုဖြစ်ပြီး မှတ်တမ်းမရလိုက်တာအသေချာပင် ကျွန်တော်တို့လည်းချောင်းကြည့်ရုံမှတပါးဘာမှမတက်နိုင်ပေ......
စားပြီးသွားဟန်တူပါတယ်......လူသေကြီးကနောက်ပြန်လန်ကြပြီး ကုတင်ကြီးကခုနကထားတဲ့နေရာပြန်ရောက်သွားရောဗျာ......အဖြစ်ပျက်တွေကမြန်ဆန်လွန်းလိုဒူးတွေပါတုန်ရုံကတပါး.............
ရဲတွေကောဘာတွေကောရောက်လာမှမီးတွေကသူတို့မဟုတ်တဲအတိုင်းပြန်ကောင်းလာတယ်.....
ဆေးရုံ ဝန်ထမ်းညDutyသမားတွေတော်များတွေ့လိုက်တော့ တော်တော်ဖြုန်သွားပုံပဲ .......ကျွန်တော်နဲ့ ကိုလင်းကတော့ သက်ပြင်းတွေချရင်းသာ......
ရဲတွေလာစောင့်ပြီးစစ်ဆေးတော့ လူသေအလောင်းရဲ့ပါးစပ်မှာ ဟင်းနဲ့ ထမင်းတွေတွေ့တယ်တဲ့ အားလုံးအတွေးထဲမှာ ဘယ်လိုတောင်သောင်းကျန်းနေတာလားဆိုတဲ့အတွေးတွေ ဖုတ်တစ္ဆေ ဝင်ပူးတာလားအတွေးတွေနဲ့ ....ဦးကျော်ပဲဝင်ပူးစားတာလား ......သန့်ရှင်းရေးအဒေါ်ကြီးကတော့ရှာလိုပင်မတွေ့အောင်ထွက်ပြေးသွားလေရဲ့.........အဲညမအိပ်လိုက်ရပါဘူး
အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ လန့်လဲလန့်နေတော့ မနက်မဆိုင်းမတွပဲ ......သန့်ရှင်းရေးအဒေါ်ကြီး ထွက်စာတင်သွားလေရဲ့..........
သက်ပြင်းရှည်ကြီးချမိပြီး ......ဦးကျော် နောက်ကြောင်းတွေမကုန်သေးဘူးဆိုတာ ကျွန်တော်မှမဟုတ်ဘူးအားလုံးလဲရိပ်မိပုံ....... အခုအစွဲလောက်နဲ့ ခုထိမတွယ်ကပ်နေဘူး ဆေးရုံ ကြီး .....ဦးကျော်တို့ ဘာတွေပတ်သတ်လဲ ဦးကျော်ရဲ့ ကိုရေးရာဇဝင်ကိုပြန်လှန်စုံစမ်းမိတယ်....
ဦးကျော်ရဲ့နေရပ်လိပ်စာ မွေးရပ်အမှန်နဲ့ သူ ဆေးရုံးမှမလုပ်ခင် ဘာအလုပ်လုပ်နေတယ်ဆိုတာစုံစမ်းဖို့ ဆုံးဖြတ်မိတော့တယ် ....အဲလိုစိတ်ထဲဆုံးဖြတ်ပြီးမှ မကြာမကြာ အိမ်မက်တွေအရမ်းမက်တယ် ကြောက်စရာခြောက်ချားစရာလိုအိမ်မက်တွေပင်.......
သူအလုပ်ဝင်ကိုယ်ရေးအကျဉ်းကို ရုံးကတောင်းပြီး သူနေခဲ့တဲ့ဒေသထိ သွားစုံစမ်းဖို့.......သူ့ဘာတွေဘယ်လိုကြောင့် သရဲ တစ္ဆေ ဘဝရောက်နေတဲ့အပြင် မိစ္ဆာ အသွင် သောင်းကျန်းနိုင်သလဲဆိုတာကိုပေါ့.........
နောက်ထပ်ဖြစ်ရပ်များကို နောက်အပိုင်းတွေမှာထပ်မံတင်ပြပေးသွားမှာပါ။
စကားချပ်။ ။ ဖြစ်ရပ်မှန်အဖြစ်ပျက်များကိုသာရေးသားသောကြောင့်မမြင်အပ်မြင်အပ်သောအရာများကို မေတ္တာပို့အပ်ပါသည်။ဇာတ်လမ်းအရကာယံကာရှင်များ ခွင့်ပြုချက်ဖြင့် အမည်များပြောင်းလဲတင်ပြထားပါသည်။ကြုံခဲ့ရသူအဖြစ်ပြောင်းလဲရေးသားထားပါကြောင်း။
လေးစားလျက်
MSC no.152
@saihack
Photo crd from Google