ဦးကျော်ရဲ့ ဖြစ်ကြောင်းကုန်စဉ်ကိုသိရပြီးသော်လည်း သူကိုယ်တိုင်ကမနာယူ မခံယူဘူးဆိုတော့ ဘာလုပ်ပေးရမှန်းမသိအကြံအိုက်နေတယ်။ဆေးရုံမှာ လုပ်သက်ရင့်နေတဲ့ ဆရာဝန် ဒေါက်တာတွေကတော့ သူအကြောင်းဆိုမထူးဆန်းတော့ပေ။ ဖြစ်ရိုးဖြစ်စဉ်အတိုင်း လူဟာသေပြီးရင်ရောက်သင့်ရာဘုံမှာ သွားရောက်ကျင်လည်သင့်တယ်လို့ထင်မှတ်မိပါတယ်။ဦးကျော်တစ်ယောက် သူ့အစွဲနဲ့ဘဝကြီးမှာ ပျော်ပါးနေလေသလားအတွေးကတစစ...........
တွေးရင်းတန်းလန်း နေ့ခင်းပိုင်းDutyလူကတော့ပေါ့ပေါ့ပါးပါး လူနာတွေကို ဆေးကုသမှတ်တမ်းရေးပေးရင်း အဲနေ့ကစိတ်တွေလေးနေတာတော့အမှန်ပင်။ဘာကြောင့်မှန်းတော့မသိဘူး။မိုးရာသီမဟုတ်ပေမဲ့ အဲ့နေ့က မိုးအုံ့မှိုင်း နေတယ်မှတ်မှတ်ရရ...
နေ့ခင်း ဘက်ဆေးရုံးမှာ အရေးပေါ်ဌာနကတော့လူသိပ်မရှိပေ။အခြားဖျားနာလောက်ပဲ။ ည၇ဆိုလျှင် ကျွန်တော့ Duty ပြီးပြီ ယခု၃နာရီကျော်ကျော်သာရှိသေးတော့ ဧည့်ကြိုကောင်တာ ထဲထိုင်းရင်းဟိုတွေးသည်တွေးနေတုန်း ဆေးရုံထဲက ဆရာ၊ဆရာမတွေအော်သံကိုကြားလိုက်တာက
"ဦးမင်းသူ ဆုံးပြီ"
သတိပြန်လည်ပြီး သေချာကြည့်မှ ဦးမင်းသူ အမြဲအရက်ကလေးတမြမြနဲ့ ရင်ခွဲရုံစောင့်ကြီး....
တော်တော်လန့်သွားမိတယ် အရင်နေ့တွေ့တာမှာ ဒေါင်ဒေါင်မြည်ကြီး ကို ခုအလောင်းစင်ကြီးပေါ်မှာ မျက်လုံးကြီးပြူးပြီး တစ်ကိုယ်လုံးလည်းသွေးဆုတ်ဖြူဖက်နေတယ်။
မနေ့ညထိ အကောင်းကြီး ခုမနက်မတွေ့လို့ လိုက်ရှာတာ နေခင်းလောက်မှ ရင်ခွဲရုံထဲ မှာသေနေတာတွေ့တာတဲ့။တကိုယ်လုံးလဲဖြူဆုတ်နေတယ်.. တခုခုကိုကြောက်လန့်နေတဲ့ပုံပဲလို့ မှုခင်းရဲတွေကယူဆပြီး အလောင်းကိုစစ်ဆေးဖို့ ယူသွားကြတယ်။ တကယ်ကိုစိတ်မကောင်းမိတာ ဦးမင်းသူ ကတကယ့်လူကောင်းကြီးဗျာ သဘောလည်းကောင်းတယ်။ သူ့ကလည်းရန်ဖြစ်တက်သူလည်းမဟုတ် အရက်သောက်ပြီး လည်းရစ်တက်သူမဟုတ်။သူ့ဟာသူသောက်ပြီးမောက်နေတက်တဲ့ လူရိုးကြီး ဘယ်လိုရန်စနဲ့သတ်တာလဲစဉ်းစားမရ.....
ဦးကျော်ကြီး တောင်အခုထိမကျွတ်သေးတာ ခုဦးမင်းသူတစ်ယောက်ပါထပ်တိုး သူသာထပ်သရဲဖြစ်ရင်တော့ နေစရာအရပ်ပင်မရှိတော့ တွေးရင်းကျောချမ်းနေမိတော့တယ်။
အတွေးကိုရပ်ပြီး ၇နာရီDutyနားပြီဆိုတော့ပြန်မယ်ဆိုပြီး လက်မှတ်ထိုးပြီးအပြင်ကိုအထွက်မှာ ကျွန်တော်တို့နဲ့အတူ အလုပ်ဝင်တဲ့ကောင်မလေးနှစ်ယောက် ဧည့်ကြိုကောင်တာမှာ ညဆိုင်းဆင်းဖို့ ရောက်လာတယ်......သူတို့ကို dutyလွဲပြီးပြန်ဖို့ ပြင်နေစဉ်မှာပဲ ကောင်မလေးနှစ်ယောက်က တိုးတိုးနဲ့ကပ်ပြီး သရဲခြောက်ခံရတယ်ဆိုတာပြောတာ...
ကျွန်တော်လည်းစိတ်ဝင်စားသွားပြီ...
ဒီသရဲ ငါ့တို့ကိုပဲခြောက်တာမဟုတ်ဘူးဆိုတာ သိသွားတော့ ကြောက်စိတ်နည်းနည်းပျောက်သွားတာပေါ့။
အဲဒါနဲ့မပြန်သေးပဲ သူတို့ဘယ်လိုတွေ့ရလဲဆိုတာမေးမိသွားတယ်။ညပိုင်း လူနားပါးလို့ လူပျက်ချိန်ဆိုရင် ဧည့်ကြိုကောင်တာ ဘေးကရပ်ထားတာတဲ့ တွန်းကုတင်ကြီးတွေကအလိုလိုရွေ့ပြတယ်တဲ့။နောက်ပြီး ကောင်တာရှေ့ကနေမဲမဲလိုအကောင်ကြီးက လှစ်ခနဲလှစ်ခနဲပြေးနေတာ တွေ အဲလိုခြောက်တာလည်းညနက်ပြီး လူပျက်တဲ့အချိန်မှခြောက်တာဆိုပဲ။
သူတို့လည်း ညDutyကျတဲ့ အဲလို အလျားတူပုံမျိုးနဲ့ ခြောက်နေတာ ကောင်မလေးနှစ်ယောက်က လည်းအလုပ်ထွက်ဖို့ လည်းတိုင်ပင်နေလေရဲ့.....
လူ့ဘဝနဲ့ ကွာခြားသွားပြီး လူဘုံနဲ့ ဘာမှမဆိုင်တော့တဲ့ သူတစ်ယောက်က လူဘုံမှာ လူနေသလို လာနေတော့ မလိုလားအပ်တဲ့ မြင်စေမှုတွေဖြစ်ကုန်တာပါပဲလို့ထင်မိတယ်။
အလုပ်သက်တမ်းရယ် သုံးလ ပြည့်တဲ့ထဲ ကျနော်တို့ ည Dutyပြန်ကျတဲ့ည ပေါ့။ ဆေးရုံမှာ အရေးပေါ်လူနာတွေများနေတယ်....အကြောင်းရင်းကတော့ ခရီးတင်ယာဉ်တိမ်းမောက်လို့ပါပဲ..
သွေးထက်သံယိုသူတွေနဲ့ အရေးပေါ်ခန်းဝင်ရသူနဲ့ သေတဲ့သူကသေ တော်တော်လေး အလုပ်ရှုပ်နေရပါတယ် ဆရာ ဆရာမအင်အားမလောက်လို့အချို့ သွားလာနိုင်တဲ့လူနာတွေကိုဆေးရုံလွဲနဲ့ အကုန်ပြာယာခတ်နေတယ် ဧည့်ကြိုကောင်တာ တဲ့ဧည့်ထိုင်ခုံမှာလည်း လူသူအပြည့် အလုပ်ရှုပ်ရက်နဲ့ မျက်စိကကြည့်မိသွားတဲ့ အခိုက် ခုံတန်း ငါးတန်းရှိသည်ထဲ နောက်ဆုံးတန်းမှာသွေးသံရဲရဲနဲ့ထိုင်ပြီး ဧည့်ကြိုကောင်တာ ဖက်ကိုစိုက်ကြည့်နေတဲ့သူတစ်ဦး ဘေးကလူတွေလည်းသူကိုဂရုမစိုက် မမြင်တဲ့ပုံပင်။
ကျွန်တော်ကြည့်နေစဉ်အတွင်းမှာပဲ ခေါင်းကသွေးတွေကရေကျသလို ကျနေတယ်ဗျာ ကြည့်နေတဲ့ မျက်လုံး ကြီးကလဲ အပြင်ကိုကျွတ်ထွက်မတက် ခန္ဓာကိုယ် တစ်ပိုင်းသာတွေ့ရပေမဲ့ သွေးအလိပ်လိပ်နဲ့ ကျွန်နော် အကြည့်သူဆီကမခွာပဲ စိုက်ကြည့်နေမိတယ်........
စိတ်ထဲမှာလဲဒီလူနာ ဘာလားပေါ့?
အလုပ်ကများလိုစိတ်မကြည့်ရတဲ့အထဲ ဘုကြည့်လာကြည့်တော့ အသံကျယ်ကျယ် နဲ့ "ဟိုလူနာ အရေးပေါ်ခန်းဝင်မယ်"ဆိုပြီး လက်ညိုးထိုးပြီး ပြောလိုက်တယ်။အသံကျယ်ကျယ်နဲ့ အော်လိုက်တော့ လူအားလုံးအကြည့်ကကျွန်တော့ဆီရောက်လာရော ကြောင်အမ်းအမ်းဖြစ်သွားတယ် ခုနကခုံဆီ အကြည့်လွဲပြီးပြန်ကြည့်မိတော့ ခုနကထိုင်ပြီးဘုကြည့်ကြည့်နေတဲ့ ကောင်ကိုမတွေ့တော့ဘူး။ လူတွေကလည်းဘာလဲဆိုတဲ့ အကြည့်တွေနဲ့ပေါ့။
ကိုဟာကို ခုံနောက်ထဲဝင်ထိုင်လိုက်ပြီး တော်တော်လေး လန့်သွားတာ ခုနကပဲ လူတစ်ယောက်ထိုင်နေတာတပ်အပ်မြင်ခဲ့ရတာ
ခုပျောက်ချင်းမလှပျောက်သွားတော့ ကသိကအောက်နဲ့ ကြောက်လည်းကြောက်နေမိတယ်။ ဘယ်သူကထပ်ခြောက်နေပါလိမ့်လိုလဲစိတ်ထဲ ဝေခွဲမရဖြစ်နေတယ်။ အရင်ကလူသူမရှိ တဲ့ အချိန်မှာခြောက်ခု လူသူကြားထဲတောင် အတင့်ရဲပြီးခြောက်နေတာဆိုတော့ အခြေနေကသိပ်မဟန်.....
မနက်ပိုင်း Duty ချိန်းပြီး တနေကုန်ပြန်အိပ်လိုက်တယ်....ညကပင်ပန်းတဲ့ အရှိန်နဲ့ကြောင့်အိပ်ပျော်သွားတယ်။
အိမ်မက်ထဲမှာ ရုပ်ဆိုးဆိုးကြောက်စရာကောင်းတဲ့ လူတစ်ယောက်က ကျွန်တော့ ကိုလည်ပင်းညှစ်ထားတာတဲ့ ပါးစပ်ကလည်း "မင်းကို့နေရာကိုမနေရင် မင်းကိုရေခဲတိုက်ထဲထည့်ပစ်မယ်"
ဖျတ်ခနဲ လန့်နိုးလာပြီး နှလံုးခုန်နှုန်းတွေလည်းမြန်နေတယ်။ဘယ်လိုအိမ်မက်ကြီးလည်းမသိဘူး တော်တော်လေးတုန်လှုပ်နေမိတယ်။ညပိုင်း Dutyကလည်းဝင်ရဦးမှာဆိုတော့.....
အလုပ်ကြောင့်သာလာရတာ ခြေလှမ်းတွေက ဆေးရုံ ကိုမရောက်ချင် ဧည့်ကြိုကောင်တာ ရောက်ပြီး မကြာဘူး ကျွန်တော်နဲ့အတူ Dutyကျတဲ့ ကိုလင်းဆိုတဲ့တစ်ယောက်လဲရောက်လာတယ်။လကုန်ရင် အလုပ်တော့မယ်ဆိုတာကို လာတိုင်ပင်နေတယ် ....
ည၉နာရီလောက်ကျတော့ သေ သွားတဲ့ ဦးမင်းသူအလောင်းရဲ့အတည်ပြုချက်ထွက်လာတယ် ရင်ခွဲရုံ ထဲအအေးပတ်ပြီးသေတာတဲ့ ကျွန်တော့မျက်စိပြူးမိသွားတယ် နေ့ခင်းအိပ်တုန်းကအိမ်မက်ကြီး နဲ့ ။ကြောက်ရင်ပိုခြောက်တယ်ဆိုတာတကယ်ပဲ။
ည၁၁ခွဲလောက်ဇာတ်လမ်းကစတာပဲ ဆေးရုံး တစ်ခုလုံးမီးလုံးတွေမီးချောင်းတွေက မီးအားနည်းသလိုမှိန်သွားရော တကယ်ပဲ လန့်စရာ မီးလုံးဝပျက်သွားတာမဟုတ်ဘဲ မှိန်ကျသွားတာ ဆေးရုံး စက်ဝန်ထမ်းတစ်ယောက် မီးစက်ခန်းကို ပြေးစစ်နေကြတယ်။ ညဖက်အမှောင်နဲ့ မီးမှိန်နေတုန်း ကိုလင်းနဲ့ကျွန်တော့ရှေ့မှာ လူတစ်ယောက် မျက်နှာရယ်သဲသဲကွဲမမြင်ရ....
ဧည့်ကြိုကောင်တာရဲ့ ရှေ့တည့်တည့်မှာရပ်ပြီး ဘာမှလည်းမပြော ကျွန်တော်တို့ဧည့်ကြိုတာဝန်အရ ဘာများလိုအပ်ပါလဲ မီးအခြေနေကြောင့်ခနခုံမှာထိုင်စောင့်ပေးပါလို့ ပြောလဲ မတ်တပ်ရပ်ပင် မျက်နှာက တကယ်ဘာဆိုဘာမှသဲကွဲစွာမမြင်ရ.....
ကျွန်တော်အကျင့်လေးစိတ်ကမရှည်တော့ လူလိုပြောနေတာ ခနစောင့်လို့အော်လိုက်လည်းမတ်တပ်ကြီးဘာမှပြန်မပြော အော်သာအော်လိုက်တာ အသံတွေက ကတုန်ကယင်ဖြစ်နေပြီး..... မနေနိုင်တဲ့အဆုံးလာမဲ့ဘေးပြေးသာတွေမယ်ဆိုပြီး အိပ်ထဲကဖုန်းကိုflashlightကိုဖွင့်ပြီး မျက်နှာကိုထိုးလိုက်တာ သွေးပျက်စရာကြီး မျက်နှာအရေပြားတစ်ခုလုံးကစုတ်ခွာထားသလို သွေးတစီစီနဲ့ မျက်နှာကြီး မျက်လုံးကြီးတွေကလည်းအပြင်ကိုပြုတ်ထွက်နေတာ အဲမြင်ကွင်းကိုသရုပ်ပြဖို့အကြားကြီးမကြည့်လိုက်ရပါဘူး နှစ်ကောင်လုံး ငယ်သံပါအောင်အော်ပြီး ခုံအောက်ထဲဝင်ပုန်းလိုက်ကြတာ အော်သံကြောင့် လုံခြုံရေး နဲ့တာဝန်ကျဆရာ ဆရာမတွေပြေးလာတာပေါ့ ကျွန်တော်တို့နှစ်ယောက်ဘာမှပြန်ပြောနိုင်ပေ... သိတယ်မလားယောက်ကျာ်းဘသားလေ တော်တော်လေး ကြောက်သွားတာ ကိုလင်းကတော့ ချက်ချင်းပဲ အလုပ်ထွက်မယ်ငိုယိုပြီး ကျွန်တော်လည်းစဉ်းစားမိရဲ့ အလုပ်သာဆက်လုပ်ရင် နှလုံးရောဂါရမှာပဲလို့.......
နောက်ထပ်အဖြစ်ပျက်တွေကိုနောက်အပိုင်းတွေမှာဆက်လက်တင်ပြပေးသွားမှာပါ။
စကားချပ်။ ။ ဖြစ်ရပ်မှန်အဖြစ်ပျက်များကိုသာရေးသားသောကြောင့်မမြင်အပ်မြင်အပ်သောအရာများကို မေတ္တာပို့အပ်ပါသည်။ဇာတ်လမ်းအရကာယံကာရှင်များ ခွင့်ပြုချက်ဖြင့် အမည်များပြောင်းလဲတင်ပြထားပါသည်။ကြုံခဲ့ရသူအဖြစ်ပြောင်းလဲရေးသားထားပါကြောင်း။
လေးစားလျက်
MSC no.152
@saihack
Photo crd from Google