လူစားတဲ့ချောင်း

Words
208
Reading
1 min
Listen
Play
9y

ဖြစ်ရပ်မှန်အကြောင်းလေးကိုအခြေ ခံထားလို့ ရှမ်းပြည်ရဲ့နယ်မြို့လေးလို့ပဲဖော်ပြပါရစေ။ရှမ်းလူမျိုးများရဲ့ သက်မွေးဝမ်းကြောင်းဖြစ်တဲ့တောင်ယာလယ်လုပ်ခြင်းဟာ ရှမ်းပြည်နယ်ရဲ့အသက်သွေးကြောတစ်ခုပါ။တောင်ယာ လယ်ယာလုပ်ရာမှာ လက်ဖက်၊လိမ္မော်သီး၊နဂါးမောက်သီး၊စတော်ဘယ်ရီ၊အစရှိ အအေးပိုင်းဒေသထွက်ရာသီအလိုက် တောင်ယာကိုလုပ်ကိုင်ကြပါတယ်။ရှမ်းပြည်ရဲ့ဓလေ့တစ်ခုဖြစ်တဲ့ရိုးသား၊ပွင့်လင်းတဲ့ ဓလေ့ လေးကလည်းချစ်ဖို့ကောင်းလှတယ်။ ကြွားလုံးတွေများသွားပြီ။ အဖြစ်ပျက်လေးကိုသေချာပြောပြရမယ်ဆိုရင် အချိန်အတိကျစဖြစ်ချိန်ဆိုလျှင် ၂သိန်းတန် SIMများမဲဖောက်ပေးနေတဲ့အချိန် လောက်ကပေါ့။တစ်နိုင်ငံလုံးဖုန်းအလုအယက် ကိုင်နိုင်ဖို့မဲနိုက်တဲ့အချိန်လောက်ကဖြစ်ပျက်ခဲ့တာပါ။ထိုနယ်မြို့လေးက ပညာရေးကိုသိပ်အရေးမပေးတဲ့မြို့ငယ်လေးမှန်းသိသာပါတယ်။ မိဘတွေကကျောင်းမထားဘူးမဟုတ်ဘူးထားတယ် ကျောင်းလဲရှိတယ် ဒါမဲ့၎တန်းလောက်အောင်ရင်ကျောင်းထွက်ပြီးတောင်ယာမှာအလုပ်လုပ် တာဟာ ဓလေ့တစ်ခုဖြစ်နေပြီ။ image တောင်ယာတွေကတော တောစပ်ဖက်ကျတဲ့နေရာ၊အချို့ကတော့ တောထဲတောင်ထဲတောင်ရောက်တဲ့အထိဝေးလံပါတယ်။တောတောင်ရှိမှတော့ ရေစီးတဲ့ချောင်းကလည်း မြို့ငယ်လေးရဲ့အရှေ့ဘက်ကိုပတ်ပြီး စီးဆင်းနေတာပေါ့ဗျာ။ပြသနာကတော့ မသမာသူလူတစ်စုကစခဲ့တာပေါ့။ယခင်အချိန်အခါက အေးချမ်းလှတဲ့တောတောင်တွေကို လူ့မကောင်းဆိုးဝါးတွေကဖျတ်ဆီးပစ်နေတာပါ။တိုတိုနဲ့တိတိပြောရရင် မူးယစ်ဆေးဝါးကိုတရုတ်ပြည်နယ်စပ်ကနေသယ်လာတဲ့လူတစ်စု မြို့ငယ်လေးကိုဖြတ်ပြီး တောလမ်းမှားနားခိုက် မူးယစ်ဆေးတွေပါတယ်ဆိုတာ ကို တောင်ယာဆင်းတဲ့ရှမ်းလူငယ်မောင်မယ် ၄ဦးက သိသွားလို့ပါပဲ။မသမာသူအဖွဲ့က လူငယ်လေးဦးကိုလိုက်ဖမ်းပေမဲ့ ၃ဦးကိုသာ ဖမ်းမိခဲ့တယ်။မိန်းကလေးတစ်ဦး ယောကျာ်းလေးနှစ်ဦးကို ဖမ်းမိချင်းသတင်းဖြန့်မှာစိုးရိမ်မှုနဲ့ သတ်ပြီး မြို့ပတ်ချောင်းထဲပစ်ခဲ့တယ်။ချောင်းဆိုတဲ့အတိုင်း နက်သောအပိုင်များရှိသလို တိမ်တဲ့အပိုင်းတွေလည်းရှိတာပေါ့။ထွက်ပြေးလွတ်မြောက်တဲ့လူငယ်လေးကတော့သက်ဆိုင်ရာကို အကြောင်း ကြားခဲ့လို့ မူးယစ်ဆေးအဖွဲ့ကို အချိန်မိဖမ်းမိခဲ့တယ်။သို့ပေမဲ့ အပြစ်မဲ့ လူငယ်၃ယောက် အသက်စတေးခဲ့ရတဲ့အဖြစ်ကတော့ရင်နှင်ဖွယ်ပါပဲ။

ဇာတ်လမ်းလေး စတင်ခဲ့ပြီ။ လူငယ်လေးသုံးဦး အလောင်းဟာ ချောင်းတစ်လျှောက် လိုက်လံရှာပေးမဲ့လုံးဝ အလောင်းမပေါ်လာပါဘူး။မိဘ နဲ့သက်ဆိုင်ရာဆွေမျိုးတွေကတော့ အရူးမီးဝိုင်းပေါ့။ အေးချမ်းတဲ့ပြည်နယ် တစ်ခုဖြစ်တဲ့အတွက်အရင်ကဆို တစ်ယောက်ထဲသွားလဲအဆင်ပြေပါတယ်။အဲက္စိဖြစ်ပျက်ပြီးနောက်ပိုင်းမှာတော့ ဘယ်သွားသွားအဖွဲ့ နဲ့ဖြစ်ကုန်တယ်။ ပုံမှန်တိုင်းဆို လူရေနစ်လို့သေရင်ပဲဖြစ်ဖြစ်၊ ရေထဲအလောင်းကျရင်ဖြစ်ဖြစ်၊၃ရက်က ဆိုရင် ပုက်ပွပြီးပေါ်လာတာအသေချာပင်။ ယခု လူငယ်လေး၃ဦး အလောင်းဟာ၇ရက်မျှရှိပြီး အလောင်းအစနပင်မတွေးသေး။ ချောင်းထဲမှာမိချောင်းအစရှိအသားစား သတ္တဝါမျိုးလဲမရှိတာ ဒေသခံတွေအသိပင်။ ချောင်းရေအောက် ကလဲ နက်လှမှ လူကြီး တစ်လံ(ဒေသအခေါ်ဝေါ်)သာနက်ပါတယ်။အခြားရေသားရဲများကအရင်ကတည်းကမရှိတာအသေချာပင် ဘာ​ကြောင့်​လဲ ဆိုတော့ တောင်ယာအတွက်လိုအပ်တဲ့ ရေ၊ရေချိုး လဲထိုချောင်းပင် ၊ရေကူးလဲ ထိုချောင်းပင်၊ချောင်းကိုဖြတ် တစ်ဖက်ကမ်းတောင်ယာသို့သွားလဲထိုချောင်းပင်မည်သည့်အန္တာယ်မှမရှိပေ။ချောင်းရဲ့ ထူးခြားမှု ကတော့ တန်ဆောင်မုန်းလပြည်လောက်မှာစခဲ့တာပါ။ ချောင်းကိုဖြတ်ပြီးပြန်လာတဲ့ လူတချို့ပြောတာက ရေဝဲ၊ရေကတော့၊ဝဲကြီး လို့ခေါ်တဲ့ ရေမျက်နှာပြင်မှာ ကတော့ပုံစံခွက်ပြီး အောက်ကိုဆွဲစုပ်နေတဲ့ပုံစံမျိုးပါ။ဖြစ်လေ့ဖြစ်ထရှိရင်တောင်မှချောင်းဖြစ်တဲ့အတွက်ရေမနက်ဘူး စိုးရိမ်းစရာမရှိတဲ့အခြေနေပေါ့။ ဒါမဲ့ထူးဆန်းစွာ ညဖက်မှာ ချောင်းရေထဲမှာရေနစ်သံလိုလို၊တစ်ဦးတစ်ယောက်ယောက် ငိုသံလိုလို၊ရေ သံဟာ လူတစ်ယောက်နာကျင်စွာအော်သံလိုလို ကြားရတဲ့ဆိုကစပြီး ဒေသခံတွေဟာ ချောင်းကြီးကိုသတိထားမိလာတာပေါ့။တခါတရံမှ ညကြီးရေကူးသံတွေ ချောင်းထဲလူလေးငါးယောက်ခုန်ချဆော့ကစားသံတွေကိုအနီးနားက တောင်ယာထဲလူတွေကြားနေရပါတယ်။နောက်ပြသနာတစ်ခုကတော့ ပါးစမ်းသရမ်းတဲ့ မြို့ကြီးသားတစ်စုကြောင့်ပါပဲ။ ရန်ကုန်ကနေ နယ်ကအမျိုးတွေဆီကို အလည်လာတာတယ်။လူငယ်လေးငါးယောက် ရှမ်းပြည်ရဲ့တစ်စိတ်တစ်ဒေသကိုလိုက်ပတ်ကြည့်ရင်းမြို့ကြီးသားတွေ ချောင်းကြီးကိုတွေ့ပြီးသဘောတွေ့သွားတာပေါ့။သဘောတွေ့လဲစိတ်ထဲထား ပေါ့။`ရေချောင်းလေးကသာယာ လိုက်တာ ရေချောင်းနားနေချင်တယ်´စသဖြင့်အပြင် တစ်ယောက်နဲ့တစ်ယောက်ဆဲဆိုစနောက်ကြသေးတယ်။စကားနောက်တရားပါ ထိုလူငယ်ငါးယောက်မှသုံးယောက်ဟာရေကူးရင်မျက်ချေပျက်ပြီးပျောက်ဆုံးခဲ့ပါတယ်။ ရေနစ်တယ်ဆိုလည်းရေကူးသွားတဲ့သူထဲမှာလဲ ရေမကူးတက်တဲ့ သူတစ်ယောက်မှမပါ။ ထူးဆန်းဆန်း ရေကူးရင်းပျောက်ဆုံး သွားတာပဟေဠိဆန်ဆန် ပင်။သက်ဆိုင်ရာတွေခေါင်းခဲနေပြီ။ လူသတ်မှုလည်းမဟုတ် ပြန်ပေးဆွဲရအောင်လည်း ဒေသခံတွေလည်း ထိုအစားထဲကမဟုတ်တဲ့အတွက် ရေနစ်သေတယ်လို့ပဲကောက်ချက်ချခဲ့ပါတယ်။၃ရက်မြောက်အလောင်း၃လောင်းပေါ်လာပါတယ်။ဒါမဲ့ မြို့ကြီးသားတွေရဲ့အလောင်းမဟုတ်ပါဘူး။ အလောင်းစစ်ဆေးချက်အရ လွန်ခဲ့တဲ့ တစ်လကျော်က အသတ်ခံခဲ့ရတဲ့ ရှမ်းလူငယ်လေး၃ဦးအလောင်းဖြစ်နေတယ်။အချိန်တစ်လကျော်ကြာပြီး ဘယ်ဆီသွားသောင်တင်နေလဲမသိ အလောင်းများက ဘယ်သူဘယ်ဝါပင် ခွဲခြား
image
မရနိုင်အောင်ဖြစ်နေပြီ။ အသတ်ခံရတဲ့ကိစ္စကပြီးပေမဲ့ ယခုမြို့ကလာတဲ့လူငယ်လေး ၃ဦးရဲ့အလောင်းကို ၃ရက်မြောက်ထိရှာမတွေ့သေးပေ။ကျန်နှစ်ယောက်ကပဲသတ်ပြီး အလောင်းအစနဖြောက်သလားဆိုတဲ့ တရားခံ အနေနဲ့ကော အကျပ်ဒေရိုတ်နေတယ်။ဒါကြောင့်လူကြီးသူမတွေဆုံးမခဲ့တာ ကိုယ့်မသိတဲ့နေရာဒေသသွားရင် အနေထိုင်သာမကအပြောအဆိုပါဆင်ခြင်ပါဆိုပြီး။

အချိန်ခန့်မှန်းချေက နှစ်လပင်ကုန်သွားပြီ။အလောင်းတွေမပေါ်သေး။အချို့ကလဲလူစားလဲတာပေါ့။ဒေသအပြောဆိုလေးတွေတစ်စတစ်စကြားလာရတယ်။အဖြစ်ပျက်ကတိုက်ဆိုင်မှုလားဘာလားမသိ နှစ်လကျော်လောက်မှာ အရက်သမား တစ်စု ညဖက်အရက်သောက်ရင်း တိကျစွာသုံးယောက်ရေဆင်းချိုးရင်းပျောက်ဆုံးခဲ့တယ်။နောက်နေ့မနက်မှ ထူးဆန်းစွာပဲ လွန်ခဲ့တဲ့နှစ်လလောက်ကပျောက်ဆုံး ခဲ့တဲ့ မြို့သားလူငယ်အလောင်းတွေပြန်ပေါ်လာခဲ့တယ်။

အလောင်းအခြေနေဟာဘယ်သူ ဘယ်ဝါမှန်းမသိအောင် အရိုးကျနေပြီး။သက်သေခံပစ္စည်းအချို့နဲ့ လက်ဝတ်ရတနာတွေနဲ့သာခွဲခြားပြီး ရေနစ်သေခြင်းလို့သာ အတည်ပြုခဲ့ရပါတယ်။
image
အတော်စဉ်းစားစရာပင် နှစ်လတာအတောအတွင်းဘယ်ရောက် ဘယ်ပေါက်နေမှန်းမသိ။တစ်ဦးဦးရဲ့လှည့်စားမှုလား။ကျွန်တော်တို့ညဏ်နဲ့မမီတဲ့ သဘာဝလွန်စွမ်းအားတွေလားပင်။ထက်ပြီးထူးဆန်းမှုကတော့ ပျောက်ဆုံးသွားတဲ့ အရက်သမား အလောင်းတွေလည်း၃ရက်မြောက်ထိပေါ်မလာသေးပါဘူး။ ထိုအကြောင်းနဲ့ပတ်သတ်ပြီးမိမိမသိတဲ့ဒေသများကို သွားရင်နှုတ်စည်းစောင့်ရမယ်ဆိုတာပါပဲ။ ဘာမြူဒါတြိဂံအကြောင်းမသိခင်ကတည်း ကဒေသရဲ့ဘာမြူဒါ ချောင်းအကြောင်းကိုသိပြီး လူလောကလူဘောင်မှာမမြင်နိုင်မကြားနိုင်တဲ့ သဘာဝလွန်ဖြစ်ရပ်ကြီးတွေရှိတယ်ဆိုတာသဘောပေါက်ခဲ့ပါတယ်။စကားမစပ် အရက်သမားသုံးယောက်အလောင်းဟာအခုထိ မပေါ်သေးပါဘူး။

                                         လေးစားလျက်

                                        saihack@saihack

                                        MSC No.152

                                    Photo crd <>Google