တောတောင်မာယာ(ဇာတ်သိမ်းပိုင်း)

Words
244
Reading
2 min
Listen
Play
9y

ဆောင်းအကုန် နွေအကူးချိန်ရောက်လာပြီ။ဦးလေး ထူထူထောင်ထောင်ပြန်ဖြစ်တဲ့ အချိန်ပေါ့။သူမိန်းမလည်းစိတ်တွေပူနေတာ တခုခုဖြစ်သွားမှာစိုးရိမ်လို့နေတာ။အတွေ့ကြုံသစ်တွေနဲ့ တောတွင်းသဘာဝသာမက ထူးဆန်းအံ့သြဖွယ်ရာတွေနဲ့တောထဲကို ဦးလေးနောက်တစ်ကြိမ် ပြန်ဝင်သွားခဲ့ပါတယ်။
image
ဒီတခါတော့ သားကောင်လိုက်ဖို့သက်သက်မဟုတ်တော့ဘဲ ထူးဆန်းလွန်းလှတဲ့ တောတောင်ရဲ့မာယာအကြောင်းကိုသိချင်လို့ပါ။ဦးလေးသွားတဲ့ အချိန် ဆင်တွေသစ်ဆွဲတာနားတဲ့အချိန်ပေါ့။ ဆင်တဲမှာတစ်ညသာနားပြီး နောက်ရက်ဆင်သမားကောင်လေးနှစ်ယောက်နဲ့ အမဲလိုက်ထွက်တယ်။အချို့ဆင်သမားတွေကတော မြို့ပြန်တဲ့သူကပြန်ပေါ့။အကြောင်းအရာကတော့ ဦးလေးသွားတဲ့ ဆင်တောင်လို့ခေါ်တဲ့တော(ဆင်ရဲ့ဦးခေါင်းသဏ္ဌန်ရှိလို့ပါ)က ပြန်လမ်းမဲ့ တောလို့လည်းအမည်တွင်ပါတယ်။ဒေသခံတွေကတော အဲ့တောမှာ ပဒူကြွင်းတွေ၊အဆိပ်သင့်တွားသွားကောင်တွေနဲ့ သားရဲတွေကြောင့် သိပ်မသွားကြပါဘူးတဲ့။ဒါထက် မမြင်ရတဲ့ ပရလောကသားတွေလည်းကျင်လည်ကြတယ်လို့ လူပြောများတဲ့ တောလည်းဖြစ်တယ်။
image


ဆင်သမားနှစ်ယောက်က သိပေမဲ့ သူတို့လည်းစူးစမ်း လိုစိတ်ကြောင့်ထင်ပါရဲ့ ဦးလေးနောက်လိုက်ပေးရှာတယ်။ ဆင်တောင်ကိုတော့အနှောက်ယှက်ကင်းကင်းရောက်ခဲ့ပြီ။ ညတော့ အနီးနားသစ်ပင်မှာ လင့်စင်ထိုးပြီ အိပ်ရတာပေါ့။အစောပိုင်းတော့ အခြေနေကတည်ငြိမ်ပဲဗျ။ညပိုင်းနက်လာတာနဲ့အမျှ တောခွေးအူသံတွေ တရက်ဆက်ကြားရတော့တာပဲ။ တောခွေးအူတက်တာပဲလိုတော့ပြောရပေမဲ့ တောတောင်ထဲ ခွေးအူသံက ကျောချမ်းစရာပင်။ဖြစ်စဉ်စတာပဲပြောရမလား ညခန့်မှန်းခြေ၁၁နာရီကျော် ကျော်လောက်မှာ ဦးလေးတို့ သစ်ပင်နားမှာ ဒေသခေါ်ဌက်ဆိုး လာအော်သွားတယ်ဗျ တဂီးဂီးနဲ့ အခြေနေနဲ့ အချိန်ခါကိုသိတဲ့ဦးလေး အရေးကြုံ ရင်ဆိုင်ရအောင် သေနတ်တော့ ဆွဲထားတယ်။ ဆင်သမားနှစ်ယောက်ကတော့ မတက်လာရဲပါဘူး မတက်လာတက်ပါဘူးဆိုပြီးအိပ်နေလေရဲ့။ညအချိန်၁၂ကျော်ပြီ ဦးလေးအိပ်မပျော်တာနဲ့ ရေနွေးအခါးသောက်ရင်း တောင်းစောင်းလမ်း အကွေ့လေးကိုလှမ်းအကြည့် မိန်းကလေးတစ်ယောက် တရွေ့ရွေ့နှင့် တက်လာနေတာကိုလှမ်းတွေလိုက်ရတယ်။ဝေးနေသေးတာတစ်ကြောင်း၊မိန်းကလေးလိုထင်မှတ်စရာခန္ဓာကိုကတစ်ကြောင်း၊ဝေခွဲမရတာက မိန်းကလေးတစ်ယောက်ထဲ တောကြီးမျက်မဲ ဘာလာလုပ်တာလဲပေါ့။အဖော်မပါဘာမပါတဲ့အပြင် တောလိုက်တဲ့ဝတ်စုံနဲ့လည်းမဟုတ်။အနီးနားရောက်လာမှ မိန်းမပျိုလေး ရှေးခေတ်အမျိုးသမီးဝတ်စုံ အနီးဆုံးပြောရရင် ဇာတ်မင်းသမီးတွေ ဝတ်တဲ့ဝတ်စုံပုံစံမျိုး အဲမိန်းကလေးက ဦးလေးတို့လင့်စင့်သစ်ပင်အောက်တည့်မှာလာရပ်ပြီ။သူတစ်ယောက်တည်းလမ်းပျောက်နေတယ်ပေါ့ပြီးတော့အဖော်တွေနဲ့လည်းကွဲသွားလို့ တစ်ယောက်ထဲဖြစ်နေလို့ ဦးလေးတို့နဲ့ တစ်ညတာ အနားယူခွင့်ပေးဖို့ တောင်းဆိုတာတဲ့ဗျာ။ အလွန်လှတဲ့ မိန်းကလေးတစ်ယောက် တောကြီးမျက်မဲထဲမှာ ဦးလေးဝေခွဲရခက်ပြီ။ မသမာသူတွေနဲ့ တွေသွားမှာကစိုးရိမ်၊တောကြီးမျက်မည်းထဲ မိန်းကလေးကောဟုတ်ရဲ့လား စိုးရိမ်စိတ်တွေနဲ့ ဆွံ့အ နေလေရဲ့။အာ့တာနဲ့ပဲ ဆင်သမားနှစ်ယောက် ကိုအတင်းနိုးပြီး အခြေနေကိုကြည့်ပြောတာပေါ့။ ဟိုနှစ်ကောင်ကတော့ ဘာသိလို့လဲမသိဘူး မျက်နှာကြီးရှုံ့မဲ့ပြီး အောက်ကိုကြည့်ဖို့ပြောတာလဲ မကြည့်တော့ပေ။ဦးလေးကတော့ လူမှုရေးတွေဘာတွေလုပ်ပြီး နေရာမရှိတော့တာကိုအကျိုးကြောင်းလှည့်ပြောအပြီး မိန်းကလေး အသံကနေ ယောကျာ်းရ့င်မာတစ်ယောက် အသံနဲ့ ခနကမိန်းကလေးက ကြိမ်းဆဲသံကြီးကြားရတော့ သုံးယောက်လုံး ပူးကပ်သွားတယ်။ထိုမိန်းကလေးက  မီးဝင်းဝင်းတောက်မလို ဖြစ်နေတဲ့ မျက်လုံးရဲကြီးနဲ့ မော့ပြီးကြည့်နေတယ်၊မကျေနပ်တဲ့ မျက်လုံးကြီးနဲ့ပေါ့။

မိန်းကလေးရုပ်ကတဖြည်းဖြည်း ခက်ထန်လာတယ်။ကြည့်နေရင်း ခုနကချောမောလှပတယ်ထင်ရတဲ့ မိန်းကလေးပုံက တဖြည်းဖြည်း ကြမ်းတမ်းလာတယ်။ လက်ညိုးကြီးထိုးပြီး ငါကိုပေးမတက်ဘူးလား။ဆိုပြီး အသံနက်ကြီးနဲ့အော်တာပေါ့။ဦးလေးတို့ သုံးယောက်ကလဲ တော်တော်ကြောက်နေပြီ။

တစ်ယောက်နဲ့တစ်ယောက်ကပ်ပြီး အောက်ကမိန်းကလေး ကဘာမှန်းလဲမသိဘူး။

အချိန်တရွေ့ရွေ့နဲ့ မိန်းကလေးပုံစံက မျက်နှာကြီး ရှုံ့တွလာပြီး ပါးစပ်ထဲကနေ အဆွယ်သဏ္ဌန်ကြီးတွေထိုးထွတ်လာတာ မြင်ရသူအဖို့သွေးပျက်စရာပင်။ ဦးလေးက သိလိုက်ပြီ ဘီလူးမမှန်း။ ဦးလေးတို့ လာရာလမ်းမှာ အမှားတစ်ခုခုလုပ်မိလို့ဆိုတာ။ ဘာအမှားလုပ်မိလို့ လာတာလဲပေါ့။ ဆင်သမားနှစ်ယောက်က တစ်ယောက်ကို လက်ညိုးထိုးပြီး "အဲ့အကောင် ငါ့ သစ်ပင် နားအပေါ့စွန့်သွားတာ ငါ့ကိုစော်ကားတာနဲ့ အတူတူပဲ"တဲ့။ အဲအပြစ်အတွက် သုံးယောက်လုံးကိုစားမယ်ဆိုပဲ။ဒါကြောင့်ရှေးလူကြီးတွေပြောခဲ့တာ မှန်မယ် တောတောင်ထဲအပေါ့အလေးစွန့်ရင် "ကန်တော့ပါကန်တော့ပါ"ပြောစွန့်တဲ့အလေ့ကျင့်ကိုပေါ့။ ဦးလေးတို့သုံးယောက်မှတ်မှတ်ရရ မနက် လင်းခါနီးထိ တောင်းပန်လိုက်ရတယ်။ ရတဲ့တောကောင်သားနဲ့ လာရောက်တောင်းပန်ပါ့မယ်လို့ပေါ့။တစ်ကြိမ်တစ်ခါသာခွင့်လွှတ်ပေးပါပေါ့။အတော်ကြောက်စရာပဲ။ပြောတဲ့အတိုင်း တောကောင်ရသမျှ ဘီလူးမကိုဆက်သပြီး အမြန်ပြန်ခဲ့တော့တယ်ဆင်တဲကို။ဆင်တဲရောက်ပြီး သိပ်မကြာဘူး ပြသနာတစ်ခုထပ်တက်ပါလေရော။
image


ဦးလေးတို့ဆင်တဲကို ပြန်ရောက်ပြီး မကြာဘူး သစ်ပုံထဲကနေ မြွေဖြူအကြီး ကြီးတစ်ကောင် တွေ့ပါလေရော မြွေကြီးကတော်တော်ကြီးတယ်။

စပါးကြီး အကောင်ကြီးတစ်ကောင်စာ လူတစ်ယောက်အေးဆေးမျိုလို့ရတဲ့အရွယ်လောက်။ တွေ့တွေ့ချင်းပဲ မြွေဖြူ က
ခန္ဓာကိုယ်နဲ့ မလိုက်တဲ့ နှုန်းနဲ့ထွက်ပြေးတယ်ဆိုပဲ။ပြောချင်တာ အရမ်းမြန်တယ်ပေါ့။ဦးလေး ကမသတ်ဖို့ လိုက်တားပေမဲ့ နောက်ကျသွားတယ် မြွေဖြူကြီး ကိုထင်းပေါက်ပုဆိန်နဲ့ ပေါက်သတ်ပြီးပြီ။ သတ်ပြီးမှတော့ဘာထူးမှာလဲပေါ့။အလွန်တရာထူးဆန်တာကတော စပါးကြီး စပါးအုန်းမြွေတွေလို မျိုးနွယ်မဟုတ်ပဲ ဖြူဖွေးပြီးအလွန်လှတာကိုပါပဲ။ ပြသနာကတော့မြွေကြီးတက်ပြီး တာနဲ့စတော့တာပဲ။ဆင်ထားတဲ့ တဲကြီးမီးစလောင်တယ်။ပြီးတော့ ဆင်သမားနှစ်ယောက် ရေထွက်မှာရေနစ်သေတယ်။ပြီးတော့ သစ်ဆွဲကြီးတစ်ကောင် ဘာရောဂါ ဘာအကောင်မှမကိုက်ပဲ တုန်းခနဲလဲသေတယ်။ သစ်ဖြတ်တဲ့ နေရာမှာ ဆင်သမားတစ်ယောက်သစ်ပင်ပိသေတယ်။
image
အများအထင်တော့ နတ်မြွေကိုသတ်လို့ ပြန်ထိတာလို့ပြောတာပေါ့။အဲထက်ထူးဆန်းတာ မြွေကြီးကိုသတ်လိုက်တဲ့ သူနဲ့ သူ့ညီအကိုတွေကခုနသေတဲ့စာရင်းထဲပါသွားပါတယ် သူကိုင်တဲ့ဆင်ကြီးပါသေသွားတာပါပဲ။ တောတောင်ဆိုသည်မှာလဲ အလွန်တရာမှ ရှုပ်ပွေလှပါတယ်။လူ့ညဏ်နဲ့မမီနိုင်တဲ့ အတွက် ဘယ်နေရာဘယ်သွားသွားမိမိ မသိတဲ့ဒေသမှာ အထူးဆင်ခြင်သင့်ပါတယ်။ဦးလေးလည်းအဲကတည်းက သံဝေဂရသွားတယ်ထင်ပါရဲ့ ခုဆို တောလိုက်တာတွေသိပ်မရှိတော့ပါဘူး။

                                                        လေးစားလျက်

                                                        saihack@saihack

                                             MSC No.152

                                       Photo crd from Google

တောတောင်မာယာ(ဇာတ်သိမ်းပိုင်း) | Ecency