တောတောင်မာယာ အပိုင်း(၂)

Words
144
Reading
1 min
Listen
Play
9y

ဦးလေးရဲ့ ခေါင်းမာပုံက အဲလိုဖျားနာပြီး သရဲလိုလိုဘာလိုလိုခြောက်ခံရတာတောင် အိမ်မပြန်လာဘူး။ဆင်တဲမှာပဲဆက်နေပြီး တောလိုက်ဖို့ပြင်ဆင်နေတယ်။ နောက်အဖြစ်ပျက်တစ်ခုကတော့ သစ်ဆွဲရင်းဖြစ်တာပါ သစ်ဆွဲနေစဉ်မှာ သစ်ဆွဲဆင်တစ်ကောင်ထူးထူးဆန်းဆန်းပျောက်ဆုံးသွားခြင်းပါ။ imageဦးလေးနဲ့ ဆင်သမားအဖွဲ့ကလဲ အမောတကောလိုက် ရှာကြတာပေါ့ ။မုန်ယိုရာသီလည်းမဟုတ်တဲ့အတွက်ဘယ်မှလျှောက်သွားမှာလဲမဟုတ်။ထားနေကြဆင်တဲမှာလဲမတွေ့။ဖြစ်ချင်တော့ ဦးလေးကဆင်ရှာရုံသက်သက်မလို့ တူမီးသေနတ်ပါမလားဘူး။ ဓားမတစ်လက်ပဲခါးချိတ်ရင်းထွက်ရှာတယ်။ရှာရင်းရှာရင်းတောနက်သွားတာကို ဦးလေးသတိမထားမိပေ။ ညနေလည်းစောင်းနေပြီ လာရာလမ်းအတိုင်းပြန် လှည့်ခဲ့ရင်းအနီးနားတောင်စောင်းကနေ ဦးလေးကို "ဖားထီရေ ဖားထီ ဒီမှာဆင်ပြန်တွေ့ပြီ"ဟုအော်ခေါ်သံကို သုံးလေးငါးခါလောက်ကြားလိုက်ရတယ်။ ဦးလေးစိတ်ထဲမှာလဲ ဆင်သမားတစ်ယောက်ပြောတယ်ပေါ့။အသံကြားရာကိုလိုက်သွားတာတယ်။နီးလာလေလေ ဂျောင်တစ်ခုက အသံကိုကြားရလေလေပင်။ အသံကြားတဲ့နေရာကိုရောက်သွားချိန်မှာတော့ တောင်ပို့ငယ် အပေါက်ထဲ ကအသံဖြစ်နေတယ်။ဦးလေးမှာကြက်သေသေရင်း တောင်ပို့ထဲကအသံကတော့ရပ်မသွားပါဘူး။ဖားထီရေ ဆင်တွေ့ပြီ ဆိုတဲ့အော်သံကိုဆက်တိုက် အော်နေဆဲ ဦးလေး သေချာအောင်တောင်ပို့ ကိုပတ်ကြည့်တော့လဲ တောင်ပို့ အပေါက်ကလူဝင်ရလောက်တဲ့အပေါက်လဲမဟုတ်။ဒါပေမဲ့ မြွေငယ်ဝင်ပေါက်တစ်ပေါက်စာ ကအော်သံကဘာလားပေါ့။ တစ်ဦးတစ်ယောက်စနောက်တာလဲမဖြစ်နိုင်။ဦးလေးကအသံပြုလိုက်မှ တောင်ပို့အပေါက်ကနေဟီးဟိဟီးဆိုတဲ့ရီသံကြီး ထွက်လာတယ်။ ပြေးပေါက်ရယ်မှားမလားကိုတွေဆို ဦးလေးလိုတောပျော်မုဆိုးကြီးတောင် ထွက်ပြေးခဲ့တယ်ဆိုတော့။အဲ့လိုကိစ္စတွေကြောင့် တောထဲမှာနာမည်မခေါ်ရဘူးဆိုတာ လူကြီးတွေက ဆုံးမခဲ့တယ်ဖြစ်မယ်။နောကအဖြစ်ပျက်တစ်ခုကတော့ တောထဲကတွေ့ခဲ့ရတဲ့မီးစုန်းအကြောင်းပါပဲ။ အဲ့အဖြစ်ပျက်က ခုနကနာမည်ခေါ်ခံရပြီးသိပ်မကြာဘူးဖြစ်သွားတာ။ လကွယ် ညကြီးတစ်ည ဦးလေး လင့်စင်မှာထိုင်းရင်းဆေးလိပ်သောက် ရင်း ဟိုတွေးသည်တွေးပေါ့။မကြာပါဘူး ဦးလေးတို့တဲနဲ့ မနီးမဝေးမှာ မီးလုံးကြီးတစ်လုံး ထူးဆန်းတာမီးလုံးကြီးက အစိမ်းရောင်သန်းနေတယ်။ကောင်းကင်မှာ ငှက်တစ်ကောင်လို ပျော်ပါးအမြူးထူးနေလေရဲ့။ image မကြာပါဘူး မီးလုံး အနီကြီးငါးလုံး ကတက်လာပြီး မီးလုံးအစိမ်းကိုဝိုင်းတိုက်ခိုက်တဲ့ ပုံစံနဲ့ မီးလုံးစိမ်းကြီးကိုဆွဲချသွားတာကိုမြင်ခဲ့ရတယ်။ ဆင်သမားတွေပြောကြတာတော့စုန်းမီးတောက်တာတဲ့။နောက်တစ်ခုကတော့ ဦးလေး တောထဲကပြန်ခါနီးမှာဖြစ်သွားတာပါ။ ဆင်တဲ ထဲမှာ ဆင်တွေအစာကျွေးပြီး လင့်စင့်ဆီအပြန်မှာ ဖြစ်တာပါ။ ဖြစ်ချင်တော့ အဲနေ့က တောဝက်တစ်ကောင်ဦးလေး ကပစ်တာရတယ်။ ဆင်တဲမှာပဲ အမဲဖြတ်ပြီး ဆင်သမားတွေ နိုင်သလောက် ယူပြီး လင့်စင်ကို ပြန်တာပေါ့ ဆရာသမားအာဂဦးလေးက နောက်ဆုံးကကျန်ပြီး တောဝက်သားတွေကိုနှီးနဲ့ဆွဲရင်း ကရင်သီချင်းလေးညည်းရင်း လာနေတာပေါ့ မကြာပါဘူးရှေ့မလှမ်းမကမ်းမှာ လူသွားလမ်းကိုပိတ် ပြီးရပ်နေတဲ့ အမျိုးသမီးတစ်ယောက် ခါးထောက်ကျောပေးပြီးရပ်နေတဲ့ အနေထားနဲ့ ဦးလေးက အတောင့်လိုက်ကြီးရပ်နေတာပေါ့။ ဦးလေးက အသံမာမာနဲ့ ဘာလိုချင်တာလဲပေါ့။ သွေးပျက်ဖွယ်ရာ ကိုယ်​ခန္ဓာ ကမလှည့်လာဘူး။ ခေါင်းကြီးလှည့်လာ ပြီး နင့်လက်ထဲကအသားလို့အသံအက်ကွဲကွဲကြီးနဲ့ ပြောလိုက် တာ အဲအမျိုးသမီးမျက်နှာက ဓားနဲ့ခြစ်ထားသလို စုတ်ပြဲပီး သွေးအလိပ်လိပ်ကျနေတယ်။ ဦးလေးလဲနောက်ကျတဲ့ခြေထောက်သစ္စာဖောက်ပဲပေါ့။ဝက်သား တွဲကြီးချပြေးပြီး ဆင်တဲမှာပြန်အိပ်လိုက်တယ်။မကြာပါဘူး ကျနော်တို့ဆီပြန်ရောက်တော့ ငှက်ဖျားလိုလိုဖြစ်ပြီး ဆေးရုံပါတင်လိုက်ရတယ်ဗျာ။နောက်ထပ် အဖြစ်ပျက်တွေကို ဇာတ်သိမ်းပိုင်းမှာထပ်တင်ပေးပါ့မယ်ဗျ

                                                    လေးစားလျက်

                                                  saihack@saihack

                                              Msc no.152

                                                Photo crd Google                        

တောတောင်မာယာ အပိုင်း(၂) | Ecency