-ဆွမ်းကပ်​လှူရခြင်း၏ အကျိုး-

Words
353
Reading
2 min
Listen
Play
8y

ယ​နေ့ဟာဖြင့်​ မြန်​မာဗုဒ္ဓဘာသာဝင်​တိုင်း၏ ​နေ့ထူး​နေ့မြတ်​ နှစ်​ဆန်း (၁)ရက်​​နေ့က​လေး​ပေါ့။ ဆိုသည့်​အတိုင်း ဗုဒ္ဓဘာသာ ဝင်​တိုင်း သံဃာ​တော်​များ၊ ဘုန်းကြီး​ကျောင်းများ သို့ဆွမ်းကပ်​ ဆွမ်းခံစိမ်း အသီးသီး လှိုက်​လှိုက်​လှဲလှဲ ကပ်​လှူပူ​ဇော်​ကြ ​လေရဲ့။ ထိုထဲတွင်​လည်း ကျွနု​ပ်​တို့ မြို့သူ/မြို့သား သူ​တော်​​ ​ကောင်း အ​ပေါင်းတို့မှလည်း မြို့နီးချက်​စပ်​ ​ကျေးရွာများအပါ အဝင်​ ဘုန်းကြီး​ကျောင်း​ပေါင်း (၁၈)​ကျောင်းအား ဆွမ်းခံစိမ်း ကပ်​လှူ​သည့်​ ​နေ့က​လေးပင်​။

နှစ်​စဉ်​ နှစ်​ဆန်း(၁)ရက်​​နေ့တွင်​ ​ဘုန်းကြီး​ကျောင်း​ပေါင်း (၁၈) ​ကျောင်းမှ မြို့အတွင်းသို့ ဆွမ်းခံစိမ်း လှည့်​လည်​ရာ နံပတ်​စဉ်​ မဲနှိုက်​သည့်​ အစီ အစဉ်​ ပါဝင်​ခဲ့​လေသည်​။နေ့လည်​ ၃နာရီ ဝန်းကျင်​ခန့်​ ဆွမ်းခံစိမ်းအလှူခဲ့စတင်​ထွက်​ခဲ့ကြရာ ကျွန်ုပ်​ ​ဝေယာဝစ္စ အများဆုံး ပြုလုပ်​​နေကျ အုန်းပင်​မဟာဿကျမုနိ ဘုရား​ (အုန်းပင်​)​ ကျောင်းမှ မဲနှိုက်​ရာ နံပတ်​ (၁)ကျသဖြင့်​ ဘုန်းကြီး​ကျောင်းသား ကျွနု​ပ်​တို့ ​ပျော်​ရွှင်​ကြ​ပေသည်​။

IMG_1268-01.jpeg

နံပတ်​အ​သေးကျ၍ ဆွမ်းဆန်​လည်း များများရမည်​။ ​ကျောင်း​ ပေါင်း (၁၈)​ကျောင်း သံဃာ​တော်​​ပေါင်း (၁၈၀)​ကျော်​ဖြစ်​ပြီး နံပတ်​အ​သေးကျ၍ ​ကျောင်းသို့လည်း​ စော​စော​ပြန်​​​ရောက်​ ပေမည်​။ ​မည်​သို့ပင်​ဖြစ်​​စေ ကျွနု​ပ်​တို့ မြို့တစ်​ဝက်​ပတ်​ပြီး သည်​နှင့်​ ဆွမ်းဆန်​​တော်​များအား ​ကျောင်းသို့တစ်​​ခေါက်​ ကားဖြင့်​ပြန်​ပို့ရ​ချေပြီ။ ဆန်​တစ်​အိပ်​ ကျွနု​ပ်​လည်း မထမ်းနိုင်​ပါ သို့​သော်​ သံဃာ​ဝေယာဝစ္စ ဖြစ်​၍ အများနှင့်​အတူ ကျွနု​ပ်​လည်း ဝိုင်းဝန်းကာ ကား​ပေါ်မှ ​ကျောင်း​ပေါ်သို့ထမ်း ချခဲ့​လေသည်​။

IMG_1279-01.jpeg

ပြီး​နောက်​ သံဃာ​တော်​များနှင့်​ ​ကျောင်းသား အချို့မှကျန်​မြို့ တစ်​ဝက်​ ပတ်​၍ အလှူခံထား​သော ဆွမ်းဆန်​များ၊ ​ရေသန့်​ဗူး ​သေးများနှင့်​ အချို​ရည်​ဗူးများအား တစ်​​ခေါက်​သယ်​ယူ၍ ​ကျောင်း သို့ပို့ပြီး ကျွနု​ပ်​တို့လည်း အိမ်​သို့ပြန်​ခဲ့​ချေပြီ။ စုစု​ပေါင်း ​သောင်း​ပြောင်း ဆွမ်းဆန်​ အိပ်​​ပေါင်း (၅၀)​ကျော်​နှင့်​ အခြား ကြက်​သွန်​များ၊ စားဆီများစွာ အလှူခံရရှိခဲ့​ပေသည်​။

IMG_1275-01.jpeg

အလျင်းသင့်​စွာဖြင့်​ ဆွမ်းနှင့်​ပတ်​သတ်​၍ ကျွနု​ပ်​ဖက်​ဖူးခဲ့ အမှတ်​ရမိ​သော ဆွမ်းအကျိုးနှင့်​ ​ရေအကျိုး အ​ကြောင်းကို ဆက်​လက်​​ဖော်​ပြပါဦးမည်​။ဖြစ်​​လေရာ ဘဝတိုင်းတွင်​ရရှိ​သော ဆွမ်းအကျိုး (၅)ပါးနှင့်​ ဆွမ်းကပ်​လှူရ​သော အကျိုး (၁၂) ပါး ရှိပါသည်​။

IMG_20180417_232843-01.jpeg

Image Source

ဖြစ်​​လေရာဘဝတိုင်းတွင်​ ရရှိ​သောဆွမ်းအကျိုး(၅)ပါးမှာ.....

စဉ်​ပါဠိမြန်​မာ
၁အာယုအသက်ရှည်ခြင်း
၂၀ဏ္ဏအဆင်းလှခြင်း
၃သုခံချမ်းသာခြင်း
၎ဗလံခွန်အား ကြီးခြင်း
၅ပဋိဘာနဉာဏ်ပညာ ကြီးခြင်း

တို့ဖြစ်​ပါသည်​။

ဆွမ်းကပ်​လှူရ​သော အကျိုး(၁၂)ပါးမှာ.....

စဉ်​အကျိုး
၁တစ်ထောင်သော နတ်ပရိတ်သတ် အခြွေရံရှိခြင်း
၂အကြိမ်တစ်ထောင် စကြာင်္မင်းတို့၏ မိခင် အဖြစ်ကို ရခြင်း
၃မရေတွက်နိုင်သော ပဒေသရာဇ်မင်းအဖြစ်ကို ရခြင်း
၎ကြာညိုပန်းအဆင်းနှင့် တူသော အဆင်းရှိသည် ဖြစ်၍အလွန်အဆင်း လှခြင်း
၅ကိုယ်အင်္ဂါ အားလုံး နှင့် ပြည့်စုံသည်ဖြစ်၍ လွန်စွာ ရှုချင်စဖွယ် ရှိခြင်း
၆မြတ်သော အမျိုး၌ ဖြစ်၍ အလင်းရောင် ကိုဆောင်နိုင်ခြင်း
၇မောင်းမ တစ်ထောင် တို့၏ အကြီးအမှုး ဖြစ်ခြင်း
၈မရေမတွက်နိုင်သော သင်္ကန်း, ဆွမ်း, ဆေးပစ္စည်း ကျောင်းအိပ်ရာနေရာ တို့ကို ရရှိခြင်း
၉ဆွမ်းလှူခဲ့သည့် အချိန်မှ စ၍ သုံးဆယ့်တစ်ကမ္ဘာ တိုင်တိုင်ဒုဂ္ဂတိဘဝသို့ မလားရောက် ရခြင်း
၁၀လူဘဝနှင့် နတ်ဘဝ နှစ်မျိုး တို့၌သာ ကျင်လည်ခဲ့ ရခြင်း
၁၁များသော စည်းစိမ်း ဥစ္စာရှိ၍ မြင့်မြတ်သော အမျိုး၌ ဖြစ်ရခြင်း
၁၂နောက်ဆုံးဘဝ၌ ကိလေသာကုန်ခန်း၍ ရဟန္တာဖြစ်ရခြင်း

တို့ဖြစ်​ပါသည်​။
ဤတွင်​ ​တစ်​ဆက်​တည်း ​ရေးအကျိုး (၁၀)ပါးအား ဆက်​လက်​​ ဖော်​ပြ​ပေဦးမည်​။

IMG_20180417_232949-01.jpeg

Image Soruce

ရေအကျိုး (၁၀)ပါး

စဉ်​အကျိုး
၁စင်ကြည်ခြင်း
၂လျှင်မြန်ခြင်း
၃ကျော်စောခြင်း
၎မွတ်သိပ်ခြင်းမှ ကင်းခြင်း
၅အခြံအရံများခြင်း
၆အသက်ရှည်ခြင်း
၇အဆင်းလှခြင်း
၈ခွန်အားကြီးခြင်း
၉ပညာကြီးခြင်း
၁၀ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝခြင်း

တို့ဖြစ်​ပါသည်​။
တစ်​ခါက ဒကာမကြီးတစ်​ဦးသည်​ ဘုန်းကြီးထံသို့ ​ရေအိုး က​လေးရွက်​၍ ​ရေအလှူကပ်​​လေသည်​။ ထိုစဉ်​တွင်​ ဒုတိယ ဒကာမကြီးတစ်​ဦးမှလည်းဆွမ်းချိုင့်​က​လေး သယ်​၍ ​ကျောင်း ထဲသို့ ဝင်​လာ​လေသည်​။ ဘုန်းကြီးမှလည်း ​ရှေးဦးစွာကပ်​လှူ ​သော ဒကာမကြီး၏ ​ရေအလှူအား ခံ​တော်​မူပြီးလျှင်​ မ​တောင်း ဘဲပြည့်​သည့်​ ​ရေးအကျိုး (၁၀)ပါးအား ဆု​ပေး​တော်​မူသည်​။

ပြီးနောက် ဒုတိယ ဒကာမကြီးကလည်း ဆွမ်းချိုင့်​​လေးအား အပ်​နှံ၍ ဆွမ်းကပ်​​တော်​မူပြန်​သည်​။ ဘုန်းကြီးမှလည်း ကပ်​လှူ ​သော ဆွမ်းအား လက်​ခံ၍ ဆွမ်းအကျိုး (၅)ပါးအား ဆု​ပေး​ ​တော်​မူ​လေသည်​။ ဤတွင်​ ပြသနာကစ​တော့သည်​။ ပထမ​ ​ရေလှူ​သော သူအား ​ရေအကျိုး (၁၀)ပါး​ပေး၍ မိမိ ကျိုးစား၍ ရင်းနှီးချက်​ပြုတ်​ လှူဒါန်း​သော်​ ဆွမ်းအား အကျိုး (၅)ပါးသာရ သည့်​အတွက်​ ဆွမ်းကပ်​​သော ဒကာမကြီး မှ မ​ကျေနပ်​​ချေ။ ဘုန်းကြီးအား ​လျှောက်​​​လေ​တော့သည်​။

"ဘုန်းဘုန်း ဘုရား.... မည်​သည့်​ အရင်းအနှီးမျှ မရှိ​သော ​ရေအလှူ ကဖြင့်​ အကျိုး (၁၀)ပါးရ၍ တပြည့်​​တော်​ ကိုယ်​တိုင်​ ချက်​ပြုတ်​ ရ​သော ဆွမ်းအလှူ ကဖြင့်​ အဘယ်​သို့(၅)ပါးသာ ရရှိပါလဲဘုရား.."

"ဒကာမကြီး...၊ ဒကာမကြီးဆွမ်းချက်​​တော့ဖြင့်​ ​ရေထည့်​မချက်​ရ​ပေဘူးလားကွဲ့..."

"ထည့်​ရပါတယ်​ ဘုရား"

"ဤသို့ဆိုဖြင့်​ ဒကာမကြီးက ​ရေးအကျိုး (၁၀)​ရော၊ ဆွမ်းအကျိုး (၅)ပါး ပါ မရ​ပေဘူးလား"

"မှန်​လှပါ ဘုရား..တပြည့်​​တော်​ နားလည်​ပါပြီဘုရား"

ဤ​မျှသာ ဆွမ်းအကျိုး(၅)ပါး​နှင့်​ ​ရေအကျိုး (၁၀)ပါး ရရှိပြီးသားဖြစ်​​သော ဒကာမကြီးလည်း ​ကျေနပ်​ဝမ်းသာ၍ ​ကျောင်း​ပေါ်မှ ပြန်​ဆင်းသွား​​လေ​တော့သည်​။

မိတ်​​​ဆွေအ​ပေါင်းတို့လည်း ဆွမ်းကပ်​လျှင်​ ​ရေအကျိုး(၁၀)ပါး ကုသိုလ်​ပါ ရရှိပြီးဖြစ်​​ကြောင်း အသိ​ပေးရင်း.......။

(ခင်​မင်​​လေးစာစွာဖြင့်​ ဖြိုး​ဇော်​ဦး ကျုံမ​ငေး)
phyozawooburmes@phyozawooburmes
MSC-071

7504dae8685b586e32789d3f2b95bd93.png

-ဆွမ်းကပ်​လှူရခြင်း၏ အကျိုး- | Ecency