ဤကျွန်းပေါ် ဘယ်လိုရောက်လာသည် မသိ။ ပထမ မေ့မျောနေသော နေရာသို့ လှမ်းကြည့်လိုက်သည်။ ပင်လယ်ဒီရေများ ဖုံးအုပ်သွားသည်။ တော်သေးသည် သတိပြန်ရလာသည်မှာမြန်ပေလို့သာ။ လက်ရှိရောက်နေသောနေရာတွင်ဒီရေတော့တတ်လာမည်မထင်။ ကမ်းစပ်နှင့် အတော်ကလေးမျှ ဝေးလံပေသည်။ ကိုယ်လက်များ မလှုပ်ချင်တော့၍ စိတ်ချလက်ချ မှေးစက်လိုက်သည်။
~အခန်း ၃~
ပင်လယ်ကူးသင်္ဘောသည် ရန်ကုန်ဆိတ်ကမ်းမှ ညင်သာစွာ ထွက်ခွာမောင်းနှင် လာခဲ့သည်။ မောင်ကောင်းသန့်သည် ဤခရီးအား သိပ်မထွက်ချင်လှ၊တူတူ လုပ်ဖော်ကိုင်ဘက် များမပါလျှင် အလုပ်မလုပ်ချင်။ သို့သော့် မောင်မင်းလှ နှင့် မောင်မြတ်သူတို့မှာလည်း မိသားစု ကိစ္စ အကြောင်းတစ်စုံတစ်ရာ ရှိ၍ ဤခရီးအား မလိုက်နိုင်။ ဝါသနာ ပါရာ အလုပ် ဖြစ်ပြီး သူ့တို့သုံးယောက်အချိန်အတန်ကြာ ရှာဖွေနေသည့် ငါးမျိုးစိတ်နောက် လိုက်ရခြင်းဖြစ်ပေသည်။ သူငယ်ချင်းနှစ်ယောက် မလိုက်နိုင်၍ စိတ်မပါသော်လည်း ရှားပါးသည့်မျိုးစိတ်အား လက်လွတ်မည်စိုးသောကြောင့် မသွားချင်သော်လည်း သွားခဲ့ရသည်။
ရန်ကုန်မှ တစ်ညအိပ်ခန့် မောင်းနှင်လာပြီးနောက် ပင်လယ်ကူးသင်္ဘောကြီးသည် ကျယ်ပြန့်လှသော ပင်လယ်ရေပြင်ထက်ဝယ် တရွေ့ရွေ့ ခုတ်မောင်းနေတော့သည်။ မြင်မြင်သမျှတွင် ပင်လယ်ရေပြင်များသာရှိပြီး တစ်ခါတစ်ရံ ကျွန်းငယ်များကဲ့သို့သော မဲမဲ စုစု ကလေးအား မကြာမကြာ မြင်ရတတ်ပေသည်။ အချိန်ကား နံနက် ၉နာရီခန့်ရှိပြီး ပင်လယ်ပြင်ကျယ်ကြီးသည်လည်း သာယာအေးချမ်းကြည့်ကောင်းလှပေသည်။
အထက်ပါငါးအား Red gurnard ဟုခေါ်ဝေါ်ကြသည်။ လိပ်ပြာတောင်ပံပါသည့်ဖြစ်၍ လိပ်ပြာငါးဟုလည်း ခေါ်ကြသေးသည်။အတောင်ပံပါသော်လည်း မပျံနိုင်ပါ။ သို့သော် ရေထဲတွင် လှပစွာ ကူးခတ်နိုင်ပေသည် ။၎င်းတို့အား Atlantic သမုဒ္ဒရာအရှေ့ပိုင်း နှင့် Mediterranean ပင်လယ်တွင် အဓိကတွေ့ရတတ်သည်။ အများအားဖြင့် ရေအောက်အနက် ၉၈ ပေ နဲ့ ၈၂၀ပေ ကြားထဲတွင် နေထိုင်တတ်ကြသည်။ အရွယ်အစားအားဖြင့်လည်း ၂၅ စင်တီမီတာခန့်သာရှိသည့် ရှားပါးငါးတစ်မျိုးဖြစ်ပါတယ်။ ထို့ကြောင့် အလှမွေးငါးအဖြစ် မွေးမြူရန် မျိုးစိတ်နောက် လိုက်ရခြင်းဖြစ်ပေသည်။Read more
Glaucus atlanticus အပြာရောင်နဂါး အပြာရောင် ကောင်းကင်တမန် စသဖြင့် တင်စားခေါ်ဝေါ်ကြသည့် ပုံစံဆန်းပြား ရေသတ္တဝါတစ်မျိုးဖြစ်ပါသည်။ ပင်လယ်မျှော့ ပင်လယ်ပက်ကျိ မျိုးစိတ်များထဲတွင်ပါဝင်ပြီး ပင်လယ်ရေးစီးကြောင်းအတိုင်း လိုက်ပါ အသက်ရှင် နေထိုင်လေ့ ရှိကြသည်။အိန္ဒိယသမုဒ္ဒရာ နှင့် ပစိဖိတ်သမုဒ္ဒရာ တို့တွင် အများဆုံးတွေ့ရတတ်ပေသည်။ ခေါင်းမှ ကျောထိ နက်ပြာရောင် အစင်းကြောင်း နှင့်အတူ ထူးဆန်းလှပသည့် ရေယက်ခြောက်ခု ပါရှိ၏။
ပူးနွေးသော သမပိုင်း ရေးစည်းကြောင်းများ တည်ရှိရာ တောင်အာဖရိက ဥရောပ သြစတေးလျှအရှေ့ပိုင်းနှင့် အိန္ဒိယကမ်းလွန် နေရာဒေသများတွင် နေထိုင်ကြက်စားကြသည်။ တစ်ခါတစ်ရံ ရေလမ်းကြောင်းလွဲ တတ်ပြီးကမ်းစပ်ထိ ရောက်ရှိလာတတ်ပါသေးသည်။
၎င်းတို့၏ လက်ချောင်းပမာ ရေယက်ခြောက်ခုတွင်ပါရှိသော ဝတ်မှုံလေးများနှင့် ထိမိပါက နာကျင်ကိုက်ခဲစေနိုင်သော အဆိပ်ရှိသည်။ အရွယ်အစားအားဖြင့် အရှည်ဆုံး သုံးစင်တီမီတာလောက်ထိ တွေ့ရှိရတတ်ပါသည်။Read more
မောင်ကောင်းသန့်သည် ညနေစာစားပြီး၍ ကျယ်ဝမ်းလှသော ပင်လယ် မြင်ကွင်းအားငေးမောကာ အတွေးပေါင်းများစွာဖြင့်။ ပင်လယ်ပြင်ကြီးအား ငေးမောစဉ် ရင်ထဲတွင် လွမ်းသလိုလိုရှိလာ၍ ဘာမဆိုင် တက္ကသိုလ် တွင် ရှိခဲ့ဖူးသော ချစ်သူဟောင်းအား ပြန်လည်သတိရလာသည်။(ဤတွင် စာရေးသူ၏ free အားအနည်းငယ် ထည့်ရေးသွားမည် ဖြစ်၍ သည်းခံပေးကြပါကုန်😁😁)
"နာမည်က ဂျူလိုင် တဲ့ကွ ဧရာဝတီတိုင်းဘက်ကဘဲ၊ သူ့ကိုအိမ်မှာခေါ်တဲ့နာမည်က ဂျူနီယာဟန်နီဆိုလား။ "
"ဆက်ပြောပါဦးကွ..."
"အေး...သူကအိမ်မှာအငယ်ဆုံး..၊ အစ်မတစ်ယောက်...အစ်ကိုတစ်ယောက်ရှိတယ်"
မြတ်သူသည် အားကိုးရသည်။ ထိုကဲ့သို့နေရာမျိုးတွင်လည်း အခကြေးငွေမယူဘဲ ဝါသနာအရ အစွမ်းကုန်ကြိုးစားကူညီတတ်သည်။ ကျောင်းဖွင့်သည်မှာ တစ်ပတ်ခန့်ရှိပြီ။ မြင်တွေ့နေရသည်က ရန်ကုန်သူ ချောချောလှလှလေးတွေ။ သို့သော် မောင်ကောင်းသန့်အတွက် မည်သို့မှ သဘောမထား မြင်လျှင်မြင်သည်ဟုသာရှိသည်။
မိုးလင်းသည်နှင့် မောင်ကောင်းသန့် တစ်ယောက် တတ်ကြွနေသည်။ အရင်နေ့ကနှင့်မတူ ပို၍ ကျော့ကော့စွာ ပြင်ဆင် လေ၏။ မှန်ရှေ့သို့လည်း အခေါက်ပေါင်းမနည်း ဖြတ်လျောက်ကာ ရှိုးထုတ်နေသည်။ မြတ်သူမှာ စိတ်မရှည်တော့။
"ဟေ့ကောင် မျက်စိနောက်လာပြီကွာ ငြိမ်ငြိမ်ထိုင်းစမ်းပါ...မဟုတ်ရင်လည်း ကျောင်းကိုမင်းအရင်သွားနှင့်ငါတို့နောက်ကလိုက်လာခဲ့မယ်..."
"ဟာ...အဲ့လို့တော့ဘယ်ဖြစ်မလဲကွ...မင်းတို့နဲ့ အတူသွားမှာပေါ့။"
ပြောပြောဆိုဆို ဘေးခုံတွင် ဝင်ထိုင်လိုက်သည်။နာရီတကြည့်ကြည့် ဖင်တကြွကြွ ဖြင့်။
"မင်းလှ မြန်မြန်လုပ်ဟေ့ကောင်ရေ၊ ကောင်းသန့်ကိုကြည့်ရတာ ငါ မျက်စိနောက်လာပြီ။.."
(နားပါဦးမည်...အဟီ....သည်ရက်ထဲသိပ်မအားလို့ပါ..)
Writing by phyozawoo
@phyozawooburmes
MSC~071