နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
Myanmar steemit community မှ Admin များ Member များအား ဤ Post သည် စာကြည့်တိုက် ဖြစ်တည်ရေးအတွက် လိုအပ်သည့် အကူညီအား တောင်းခံသည့် post ဖြစ်သည့်အလျောက် Vote မပေးကြပါရန် ကြိုတင်၍ မေတ္တာရပ်ခံပါသည်။
ကျွန်ုပ်တို့မြို့ကလေးတွင် ယခင်၌ ဖွင့်လှစ်ခဲ့သော အလင်းတံခါး စာကြည့်တိုက် ရှိခဲ့ဖူးပါသည်။
ယနေ့တွင်တော့ ၎င်းစာကြည့်တိုက် ပိတ်ခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပါသည်။ ဤတွင်ကျွန်ုပ်တို့မြို့သူ မြို့သား အပေါင်းတို့ စာပေ ဗဟုသုတ ငတ်မွန်းခဲ့ကြရပါသည်။
ယခုတွင်တော့ ကျွန်ုပ်တို့ လူငယ် အချို့၏ စိတ်ဆန္ဒအရ ကျွန်ုပ်တို့မြို့တွင် စာပေအဟာရ ပြည်လည်ပြည့်ဝဖို့ရန် အလို့ငှါ တဖန် စာကြည့်တိုက် ကလေး ဖွင့်လှစ်ရန် အားထုတ်ကြိုးပန်နေကြပါသည်။ စာကြည့်တိုက်တည်နေရာ အား ကျွန်ုပ်တို့၏ မြန်မာကြက်ခြေနီ အဖွဲ့အစည်းမှ ကျုံမငေး အုန်ပင် ကျေးရွာ ကြက်ခြေနီ ရုံးတွင်ဖွင့်လှစ်နိုင်ကြောင်းအားပေး ခွင့်ပြုချက်ရခဲ့ပြီးဖြစ်ပါသည်။
လိုအပ်သည့် စာပေ စာအုပ် အစုစု တို့၌လည်း ကျွန်ုပ်တို့၏ အသိ သူငယ်ချင်းဖြစ်သော (သူရိန်လင်း-ကျုံမငေး)၏ စာပေရပ်ဝန်းမှ အလှူခံ ရရှိထားပြီးဖြစ်ပါသည်။ စာကြည့်စားပွဲ ထိုင်ခုံ အချို့ တို့ကိုလည်း ကျွန်ုပ်တို့ မှအသီးသီး ရှာဖွေစုဆောင်းထားပြီးဖြစ်ပါသည်။
ဤတွင် စာအုပ်များ သိမ်းဆည်း ထားသိုရန်အတွက် စာအုပ်စဉ် ဘီရိုများအခက်အခဲနှင့်ကြုံနေရပါသည်။ ၎င်းပရိဘောဂ များအတွက် ထောက်ပံပေးမည် အလှူရှင် များအားလိုအပ်လျှက်ရှိပါသည်။ ကျွနု်ပ်တို့ Steemit Userများမှ လည်း ၎င်းလိုအပ်သည့်နေရာများတွင် တတ်နိုင်သလောက် အကူညီ များ၊ အလှူငွေများ ထောက်ပံကူညီ နိုင်ကြောင်း အသိပေး မေတ္တာ ရပ်ခံအပ်ပါသည်။
ဧရာဝတီ တိုင်း၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့
ရွှေရောင်အနာဂတ် စာကြည့်တိုက် ကော်မတီ
ဦးသံဝရ ~ နာယက
ဦးသန်းအေး ~ နာယက
ဦးအေးမင်း ~ နာယက
ဦးကြည်ဝင်း(အုပ်ချုပ်ရေးမူး) ~ ဥက္ကဌ
ဦးချိုကြီး ~ ဒုဥက္ကဌ
ဦးမင်းဇင်ဦး ~ အတွင်ရေးမူး ၁
ဦးဖြိုးဇော်ဦး ~ အတွင်းရေးမူး ၂
ဦးအောင်မိုးစိုး ~ အတွင်းရေးမူး ၃
ဦးစိန်ဝင်းနိုင် ~ အဖွဲ့ဝင်
ဒေါ်နေခြည်အောင် ~ အဖွဲ့ဝင်
ဒေါ်ဖြူဖြူသွယ် ~ အဖွဲ့ဝင်
ဦးအေးကို ~ အဖွဲ့ဝင်
ဦးတင်သန်းစိုး ~ အဖွဲ့ဝင်
ဆသရ-09-250445576
လှူဒါန်းလိုပါက G-3 SL @kyi သို့လည်းကောင်း၊
@phyozawooburmes သို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ဓမ္မံ သရဏံ ဂစ္ဆာမိ၊သံဃံ သရဏံ ဂစ္ဆာမိ။
Writing by phyozawoo
@phyozawooburmes
MSC-071