သတိထားသင့်

Words
39
Reading
1 min
9y
Listen to this post
~1 min

သင်တန်းသားတစ်ဦးကို နည်းပြဆရာမက စာမေးနေပါတယ်။
နည်းပြဆရာမ - ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတက ဘယ်သူလဲ။

သင်တန်းသား - ကျွန်တော်မေ့နေတယ်။

နည်းပြဆရာမ - မင်းအနေနဲ့ မင်းရဲ့ လေ့လာမှုကိုအာရုံစိုက်ထားသင့်တယ်။

သင်တန်းသား - ကျွန်တော်မေ့သွားလို့ပါ။ ကျွန်တော်လည်း မေးခွန်းပြန်မေးလို့ ရမလား။

နည်းပြဆရာမ - ရတာပေါ့။

သင်တန်းသား - အန်ဂျလာကို သိလား။

နည်းပြဆရာမ - မသိဘူး။ ဘာဖြစ်လို့လဲ။

သင်တန်းသား - ဆရာမအနေနဲ့လည်း ဆရာမယောက်ျားကို အာရုံစိုက်ထားဖို့ လိုအပ်တယ်။

သတိထားသင့်​ | Ecency