ဝိနပ္ပတိဇ'ဟုသော သစ်ပင်သစ်ရွက်များကြောင့် ဟောင်းနွမ်းပုပ်သိုးသွားရသည့် ရေညစ်သည် ဝမ်းသက်ရောဂါ ဝမ်းချူပ်ရောဂါ ဝမ်းကိုက်ရောဂါနှင့် အော့အန်သောရောဂါများ ဖြစ်ပွာစေနိုင်ပါတယ်။
ထို့အတူ 'ပါဏိဇ' ဟုသော သတ္တဝါတို့၏ စွန့်ပစ်အညစ်အကြေးများကြောင့် ဖြစ်ရသည့်ရေသည်လည် ဝမ်းရောဂါအမျိုးမျိုး ဘက်တီးရီးယားပိုးမွားကြောင့် ဖြစ်လာတက်သောရောဂါများ အသည်းရောင်အဝါနှင့် ဆီးတွင် သွေးပါသည့် ရောဂါများအပြင် အာရုံကြောရောဂါများဖြစ်ပွာလေ့ရှိပါတယ်။
နေရောင်ခြည် လ၏ရောင်ခြည်တို့နှင့် မတွေ့ထိရတဲ့ ရေမှော်များ ဒိုက်အမှိုက်များ အမြဲလို ဖုံးအုပ်ခံထားရသည့် ရေသည်လည် ပျက်စီးနေသည့်ရေဖြစ်သောကြောင့် သောက်သုံးမှုမပြုဘဲ သတိနှင့်ရှောင်ရှားသင့်ပါသည်။
ထို့အပြင် ရေပျက်စီးခြင်း ဒေါသခြောက်ပါးကို လေ့လာကြည့်မည်ဆိုပါက
1.'ပဿဒေါသ'ခေါ်တွေ့ထိကိုင်တွယ်၍မကောင်းသည့်အပြစ်
2.'ရူပဒေါသ'ခေါ် အရောင်းအဆင်းမကောင်းသည့်အပြစ်
3.'ရသဒေါသ'ခေါ် အရသာမကောင်းသည့်အပြစ်
4.'ဂန္ဓဒေါသ' ခေါ် အနံ့မကောင်းသည့် အပြစ်
5.'ဝီရိယဒေါသ' ခေါ် သတ္ထိမကောင်းသည့်အပြစ်
6.'ဝိပါကဒေါသ'ခေါ် အကျိုးပြုပုံမကောင်းသည့်ဟု၍ တွေ့မြင်သိရှိနိုင်သည်။
ရေကောင်းရေသန့်စစ်ဖြစ်မည်ဆိုပါလျှင် အထက်ပါဒေါသခြောက်ပါးနှင့်ကင်းဝေရမည်ဖြစ်သည်။ဒေါသ တစ်မျိုးမျိုးသင့်နေမည်ဆိုပါက ၄င်းရေသည် ကျန်းမာရေးအတွက် သောက်သုံးရန်မဖြစ်နိုင်ပါ။သို့ရာတွင် ရှေးမြန်မာဆေးပညာ၌ ဒေါသသင့်နေသောရေကို သန့်စင်သွားအောင် ပြုလုပ်နိုင်သော ရေသန့်နည်းများလည်ရှိသည်။