သိင်္ဂါရ ရသ၏နေရာ

phyo(45)
Published in
#myanmar
Words
126
Reading
1 min
Listen
Play
8y

image
ရသကိုးပါးထဲမှ မိမိရင်ထဲတွင် ခံစားကျန်ရှိနေသောရသများကို ရှေ့ဆောင်းပါးတွင်များတွင် အလျဉ်းသင့်သလို ရေးသားခဲ့ပြီးဖြစ်ပါတယ်။ယခုဖော်ပြမည်ရသမှာ ချစ်ခင်နှစ်သက်ခြင်းအရသာကို ပေးစွမ်းသည့်သိင်္ဂါါရ ရသ၏နေရာကို မိမိခံစားမိသလောက် ဖော်ထုတ်ရေးသားပါမည်။
သိင်္ဂါါရ ရသအကြောင်း မဖော်ပြမီ မိမိစတင်သိရှိသည့် သိင်္ဂါါရ ရသအကြောင်း အနည်းငယ်ရှင်းပြပါမည်။အထက်တန်းကျောင်းသားအဆင့်ထိ ရသကိုးပါးကို အလွတ်ကျက်ခဲ့ပါသည်။ရသကိုးပါးကို ထဲထဲဝင်ဝင်ခံစားမိသည့်စိတ်မပေါ်ပေါက်ခဲ့သေးပါ။တက္ကသိုလ်ရောက်၍ မြန်မာစာအဓိကကျောင်းသားဖြစ်လာသည့်အခါ အနည်းငယ်သဘောပေါက်ခဲ့ပါတယ်။ပို၍သဘောပေါက်လာစေသည့်အရာများမှာ ဇာတ်ကြီးဆယ်ဘွဲ့ကို ပျို့စာပေအနေဖြင့် အကျယ်တဝင့်သင်ကြားရသည့်အခါ သိင်္ဂါါရ ရသ၏ ကျယ်ပြန့်နက်ရှိုင်းမှုကို ပို၍ သိမြင်လာရပါတယ်။
သိင်္ဂါါရ ရသ၏သဘောမှာ ချစ်ခင်နှစ်သက်ခြင်းရသအမျိုးအစားဖြစ်သည်ဟု အများဆုံးသိကြပါတယ်။အများသိသည့် သိင်္ဂါါရ ရသ၏နောက်ကွယ်တွင် ဓမ္မသိင်္ဂါါရ ရသ အယောဂသိင်္ဂါါရ ရသ သမ္ဘောဂသိင်္ဂါါရ ရသ ဝိယောဂသိင်္ဂါါရ ရသတို့၏ လွှမ်းခြုံရစ်ပတ်ဆက်စပ်နေပုံမှာ ပို၍စိတ်ဝင်စားစရာကောင်းလှပါသည်။
ပထမဦးစွာ ချစ်ခင်နှစ်သက်ခြင်းမှ ဆက်နွှယ်ကျော်လွန်ကာ ဓမ္မသိင်္ဂါါရ ရသ၏ နူးညံ့သိမ့်မွေ့သော ရသအကြောင်းကို ဇာတ်ကြီးဆယ်ဘွဲ့မှ ဇာတ်တော်အချို့နှင့် သာဓကဆောင်ပါမည်။
အများသိသည့် မဟာဇနကဇာတ်တော်သည် ဇနကမင်းသား၏ ဝီရိယပါရမီကို အထူးလေးပေးထားသည့် ဇာတ်တော်ဖြစ်ပါသည်။စာရေးသူက ဇနကမင်းသား သင်္ဘောပျက်ခန်း မဏိမေခလာ လာရောက်ကယ်ဆယ်ခန်း ဖုတ်သွင်းရထားဆိုက်၍ ဇနကမင်းသားအား ဘုရင်အဖြစ်တင်မြှောက်ရန်အတွက် ပုစ္ဆာမေးမြန်းအဖြေရှာခန်းတို့ထက် ဇနကမင်းသားကြီးဖြစ်ပြီးနောက် တောထွက်ခန်းကို ပို၍နှစ်သက်မိပါသည်။ဇနကမင်းသားကြီး မိထိလာပြည်ကို ထီးနန်းအုပ်ချူပ်ခွင့်ရပြီးနောက် ဥယျာဉ်တော်သို့ ထွက်တော်မူခဲ့ပါသည်။ဥယျာဉ်တော်သို့ ဝင်ရောက်လမ်းတစ်ဖက်စီတွင် သရက်ပင်များ စိုက်ပျိုထားပါသည်။စိုက်ပျိုထားသောသရင်ပင်များထဲမှ တစ်ခုသောသရက်ပင်သည် သရက်သီးများနှင့်ဝေဆာနေ၍ တစ်ခုသောသရက်ပင်သည် သရက်သီးများလုံးဝမရှိဘဲ အရွက်များသာရှိသည်။
ထိုအသီးများ ဝေဆာနေသော သရက်ပင်မှ အသီးများကို ဇနကမင်းကြီးအား ဆက်သ၍ စားတော်ခေါ်ခဲ့ပါသည်။ထို့နောက် ဇနကမင်းကြီးသည် ဥယျာဉ်တော်အတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ပါသည်။ဥယျာဉ်တော်မှပြန်လည်ထွက်တော်မူရာတွင် ဝင်လာစဉ်ကရှိနေသော သရက်ပင်နှစ်ပင်၏ အနေအထားမှာ လုံးဝပြောင်းလဲသွားသည်။အသီးများနှင့်ဝေဆာနေသောသရက်ပင်မှာ ဝင်လာစဉ်တုန်းကကဲ့သို့ ဝေဆာမှုမရှိဘဲ အကိုင်းများကျိုးနေပြီး အရွက်များ မြေတွင်ပြန့်ကျဲနေကာ ကြည့်ရှု၍မကောင်းအောင် ဖရိုဖရဲဖြစ်နေပါသည်။အသီးမရှိသော သရက်ပင်မှာ ဥယျာဉ်တော်ဝင်လာစဉ်က အနေအထားအတိုင်းမပြောင်းလဲဘဲ ရှိနေသည်ကို ဇနကမင်းသားကြီးတွေ့ရှိတော်မူပါသည်။
ပြောင်းလဲသွားသော သရက်ပင်နှစ်ပင်၏ အနေအထားကိုကြည့်၍ ဇနကမင်းကြီး သတိသံဝေဂရခဲ့သည်။အသီးအပွင့်ဝေဆာနေသော သရက်ပင်မှာ အရသာ အဆင်း အနံ့ပြည့်စုံသောကြောင့် နောက်ပါလူတို့၏ မဆင်မခြင်စားသုံးမှုကိုခံရပြီးပျက်စီးခဲ့ရပါသည်။
Author by phyo@phyo