သိင်္ဂါရ ရသ၏နေရာ

phyo(45)
Published in
#myanmar
Words
139
Reading
1 min
Listen
Play
8y

image
လူ့ဘဝတွင်လည်း အသီးအပွင့်နှင့်တူသော အိမ်ထောင်မှုသံသရာ၏ ကြောက်မက်ဖွယ်ကို ဆင်ခြင်မိသည်။အသီးမသီးသော သရက်ပင်မှာ လူတို့၏ ဖျက်ဆီးခြင်းကိုမခံရဘဲ နဂိုမူလအတိုင်းတည်ရှိနေသည်မှာ သံဝေဂယူစရာကောင်းသည်ဟုတွေးကာ ဇနကမင်းကြီးသည် တောထွက်ခြင်းကို ပြုလုပ်ခဲ့ပါသည်။
အလားတူ ဝေဿန္တရာဇာတ်တော်၌ ဝေဿရာမင်းကြီး၏ အလှုဒါနပြုပုံတို့သည်လည်း ဓမ္မသိင်္ဂါါရ ရသကို ခံစားစေပါသည်။ဝေဿန္တရာမင်းကြီးက သားတော် သမီးတော်တို့ကို ဇူဇကာပုဏ္ဏားအား လှူဒါန်းပြီးနောက် ဇူဇကာပုဏ္ဏားက ဝေဿန္တရာမင်းကြီးရှေ့တွင် သားတော် သမီးတော်တို့အား ရိုက်နှက်နေပုံကို သည်းခံ၍ ဥပေက္ခာပြုကာမိမိအလှူတည်တံ့နိုင်ရန်အတွက် ပါရမီဖြည့်ကျင့်ခဲ့ပါတယ်။ထိုပါရမီဖြည့်ကျင့်မှုသည် မိမိရင်မှဖြစ်သော သွေးသားခံစားမှု ဝမ်းနည်းမှုထက် အလှူဒါနကိုဦးစားပေးခဲ့ခြင်းဖြစ်ပါသည်။ ယခုဖော်ပြခဲ့သည့် ဇာတ်တော်ကောက်နုတ်ချက်နှစ်ခုသည် တရားဓမ္မနှင့်ယှဉ်၍ ဖြစ်ပေါ်လာသောချစ်ခင်နှစ်သက်ခြင်းဖြစ်ရာ စွဲလမ်းခြင်းမပါဝင်သည့်အတွက် ဓမ္မသိင်္ဂါါရ ရသမည်ပါသည်။
ဓမ္မသိင်္ဂါါရ ရသနောက်တစ်မျိုးကိုလည်း ဆရာကြီးဦးသော်ဝင်၏ ရသစာပေတွင် သားအမိ သားအဖ မောင်နှမ ညီအစ်ကို ညီအစ်မ ဆရာတပည့် အလုပ်ရှင်နှင့် အလုပ်သမား အစရှိသော သူတို့အချင်းချင်းချစ်ခြင်းဖြစ်သော တဏှာရာဂမဟုတ်သော မေတ္တာသည် ဝစ္ဆလရသမည်သည်။ဤ ဝစ္ဆလရသကိုလည်း ရတနကောသဆရာအစရှိသောသူတို့ အလိုအားဖြင့် ဓမ္မသိင်္ဂါါရ ရသ၌သွင်းသည်ဟုဖော်ပြထားသည်။အထက်ပါဖွင့်ဆိုချက်ကို ဖတ်ရှုမိ၍ ကျွန်တော်၏အတွေး၌၅၂၈မေတ္တာကိုအခြေခံကာ ချစ်ခြင်းမေတ္တာမျိုးသည် ဓမ္မသိင်္ဂါါရ ရသအဖြစ်ယူသော်ရနိုင်ပါသည်။
ထပ်မံ၍ဆရာကြီးဦးသော်ဇင်၏ သိင်္ဂါါရ ရသကိုခွဲခြမ်းစိတ်ဖြာပုံမှာလည်း ပို၍စိတ်ဝင်စားစရာကောင်းလှပါသည်။သိင်္ဂါါရ ရသမှာ သုံးမျိုးရှိပါသေးသည်။မိန်းမ ယောက်ျားတို့အချင်းချင်း မြင်ရုံ စကားပေါက်ရောက်ရုံ သတင်းကြားရုံ အသံကြားရုံမျှလောက်ဖြင့် ချစ်ကြိုက် ခြင်းသည် 'အဃောဂ သိင်္ဂါါရ ရသ' မည်သည်။ လူချင်းတွေ့၍ လက်ကိုဆွဲခြင်း ဖက်ယမ်းနမ်းရှုပ်ခြင်း အစရှိသည့်တိုင်အောင် ချစ်ကြိုက်ခြင်းသည် 'သမ္ဘောဂသိင်္ဂါါရ ရသ' မည်သည်။ဤသို့ ချစ်ကြိုက်ပြီးနောက် သေကွဲသော်လည်းကောင်း ရှင်ကွဲသော်လည်းကောင်း ကြုံတွေ့ခဲ့ရပါက 'ဝိယောဂသိင်္ဂါါရ ရသ' မည်သည်ဟုလည်း ဖက်ရှုရသည်။
ယခုဖော်ပြခဲ့သည် ဓမ္မသိင်္ဂါါရ ရသအပါအဝင်အယောဂသိင်္ဂါါရ ရသ သမ္ဘောဂသိင်္ဂါါရ ရသ ဝိယောဂသိင်္ဂါါရ ရသတို့သည် 'ချစ်ခင်နှစ်သက်ခြင်းဟူသော သိင်္ဂါါရ ရသ' ရေသောက်မြစ်ကြီးမှ ဖြာထွက်လာသော ရသအစုအပေါင်းများပင်ဖြစ်ပါသည်။ကျွန်တော်တို့အများသူငါသိနေကြသည့် 'သိင်္ဂါါရ ရသ၏ နေရာ' သည် ဤမျှလောက် ကျယ်ပြန့်နက်ရှိုင်းပါသည်။မိမိသိနေသော သိင်္ဂါါရ ရသ၏ နေရာအကျယ်အဝန်းကို မိမိတစ်ဦးတည်းအတွက်သာမက စာဖတ်သူတို့အထိပါ ကျယ်ပြန့်ခံစားနိုင်စေရန် ရည်ရွယ်၍ရေးသားရခြင်း ဖြစိပါသည်။
လူသားအချင်းချင်း မောဟကင်း၍ ဓမ္မသိင်္ဂါါရ ရသများရရှိနိုင်ကြပါစေဟု ဆုတောင်းလိုက်ရပါသည်။

Author by phyo@phyo

သိင်္ဂါရ ရသ၏နေရာ | Ecency