ကလေးငယ်များ အချိုအရသာကဲသော အချိုရည်ဘူးများ သောက်သုံးနေခြင်းနှင့် ၄င်းအား ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်း မိခင်ဖြစ်သူက အချိုရည်များသောက်သုံးခဲ့ပါက ၄င်းကလေးတွင် ပန်းနာရောဂါရှိစေနိုင်ပါတယ်။
သကြားဓာတ်များ လွန်ကဲစွာပါဝင်သော အချိုရည်ဘူးများကို နှစ်ခြိုက်စွာသောက်သုံးနေသော ကလေးငယ်သည် လုံးဝမသောက်သောကလေးနှင့် အနည်းငယ်သာ သောက်သောကလေးထက် ပန်းနာရင်ကျပ်ရောဂါရရှိရန် ၇၉%ထိမြင့်မားသည်ကို သုတေသီများက ဆိုထားပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန်ဆောင်ခင်ကာလ အချိုရည်သောက်သုံးခဲ့ပါက မွေးဖွားလာသောကလေးငယ်တွင် ပန်းနာရင်ကျပ်ရောဂါရရှိရန် ၇၀%ထိရှိနေသည်။
သို့ဖြစ်၍ ကိုယ်ဝန်ဆောင်မိခင်ရော ကလေးများကိုပါ အချိုရည်များ အလွန်အကျွံသောက်သုံးမှုများကိုရှောင်ကြဉ်ရန် သုတေသီများက ဆိုထားပါတယ်။
ယင်းစစ်တမ်းကို သုတေသီများက ကလေးငယ် ၁၀၀ဦးအာလေ့လာခဲ့ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။