Lottery with Ten Currencies

Words
81
Reading
1 min
Listen
Play
2y

မင်္ဂလာပါ။
အောင်လံလွှင့်ချီ နွေဦးထီ ထိုးကြသလား မိတ်ဆွေတို့။
ကျွန်တော်ကတော့ နွေဦးထီ စဖွင့်ကတည်းက လစဉ် သုံးစောင် ထီထိုးခဲ့ပါတယ်။
မပေါက်တော့လည်း တော်လှန်ရေးကို ကူပြီးသား ဖြစ်တာပေါ့။
နွေဦးထီ ပေါက်ရင်လည်း များရင်တော့ လိုအပ်တာလေးတွေ သုံးနိုင်မည်ဖြစ်သလို တော်လှန်ရေးကိုလည်း များများပိုကူနိုင်မှာပေါ့။


ငွေကြေးဆယ်မျိုး ထီပြိုင်ထိုး ဟု ဖေ့ဘုပ်က နွေဦးထီ page မှာ contest လုပ်နေတာ တွေ့မြင်ရတာ ကြာခဲ့ပါပြီ။
ကျွန်တော်လည်း ငွေကြေးဆယ်မျိုး ဖြင့် ထီထိုးချင်ခဲ့ပါတယ်။
ဒီလတော့ ဆန္ဒပြည့်ဝပါပြီ။
နယ်ဘက်က ညီမတယောက်က နွေဦးထီ ရောင်းပေးမယ် ပြောသောကြောင့် ယနေ့မှာတော့ ထီ ၆၂ စောင် ထိုးဖြစ်ခဲ့ပါတယ်။


ငွေကြေးဆယ်မျိုး ဖြင့် ထီထိုးဖို့ Spring Development Bank ထဲမှာ USD ကနေ အခြား ငွေကြေး ၉ မျိုး သို့ ပြောင်းယူခဲ့ပါတယ်။
ပြီးတော့ ငွေကြေး ၁၀ မျိုးကို နွေဦးထီ အကောင့်ထံ လွှဲပို့ခဲ့ပါတယ်။
ထိုနောက်တော့ နွေဦးထီ ၆၂ စောင် ထိုးပစ်လိုက်ပါတော့တယ်။

ကဲ မိတ်ဆွေတို့လည်း နိုင်ရာကူရင်း နွေဦးထီ ကံစမ်းကြပါဦးနော်။

Lottery with Ten Currencies | Ecency