ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကတော့ မနက် ၁ နာရီခွဲမှာ ယှဉ်ပြိုင် ကစားခဲ့၏။ အိမ်ရှင် သုံးနိုင်ငံထဲက Mexico နဲ့ South Africa တို့ ယှဉ်ပြိုင် ကစား၏။ ပထမပိုင်း ၉ မိနစ် မှာကတည်းက အိမ်ရှင်အသင်း အဖွင့်ဂိုး စတင်ရရှိသွားခဲ့၏။ Julian Quinones က သွင်းယူပေးသွားခဲ့ခြင်း ဖြစ်၏။ ၂၀၂၆ ကမ္ဘာ့ဖလား၏ အဖွင့်ဂိုးရှင်အဖြစ် မှတ်တမ်းဝင်သွားခဲ့၏။
Saudi Arabia Pro League က Al Qadsiah အသင်းမှာ ကစားနေသည့် ကစားသမား ဖြစ်၏။ ပြီးခဲ့သော ရာသီမှာ အဆင့် ၄ ဖြင့် ရာသီ သိမ်းထားခဲ့၏။ Liverpool, Leicester အပြင် အခြား နာမည်ရှိ အသင်း တော်တော်များများကို ကိုင်တွယ်ဖူးသည့် နည်းပြ Brendan Rodgers ကိုင်တွယ်နေသည့် အသင်းလည်း ဖြစ်၏။ ထားတော့ ကမ္ဘာ့ဖလားဘက်ပဲ ပြန်သွားလိုက်ရအောင်။
ပထမပိုင်းမှာ ၁-၀ ဖြင့် ပြီးသွားခဲ့၏။ ဒုတိယပိုင်း ၄၉ မိနစ်မှာ South Africa ကစားသမားတယောက် တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရ၏။ ၆၇ မိနစ်မှာ Mexico တို့ ဒုတိယဂိုး ထပ်မံရရှိ၏။ ယခုရာသီ EPL ကနေ EFL သို့ တန်းဆင်းသွားရသည့် Wolves အသင်းက တိုက်စစ်မှူး Rual Jimenez က သွင်းယူပေးသွားခဲ့ခြင်း ဖြစ်၏။
ဒုတိယပိုင်း ၈၄ မိနစ်မှာ South Africa အသင်းက ကစားသမား တယောက် နောက်ထပ် တိုက်ရိုက် အနီကဒ်နဲ့ ထုတ်ခံရပြန်၏။ Mexico ဘက်ကလည်း အားကျမခံ ၉၀+၂ မိနစ်မှာ အသင်းခေါင်းဆောင် တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရလေ၏။ ဂိုးလည်းသွင်း အနိုင်လည်းရ အနီကဒ်လည်းယူ အစရှိသဖြင့် အားလုံးယူသွားခဲ့လေ၏။ တိုက်ရိုက် အနီကဒ် သုံးကဒ် အပြခံခဲ့ရသည့် ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် ဖြစ်ခဲ့လေတော့၏။
ဖွင့်ပွဲ အစီအစဉ်တွေက အိမ်ရှင် ၃ နိုင်ငံလုံးမှာ သူ့ အစီအစဉ်နဲ့သူ ကျင်းပကြမယ် ဆို၏။ Mexico ဖွင့်ပွဲကတော့ မဆိုးပါဘူးဟု ပြောရပေလိမ့်မည်။ သူ့ပွဲစဉ်က အရင်ဆုံးဆိုတော့ သူက အရင် ဖွင့်ပေါ့။ USA & Canada တို့ကလည်း ကိုယ်စီ ဖွင့်ပွဲတွေ ကျင်းပဦးမည် ဆို၏။ Mexico ဖွင့်ပွဲကို အစအဆုံး မကြည့်လိုက်ရပေမဲ့ ဆယ်ကျော်သက် အရွယ် ကတည်းက နှစ်သက်ခဲ့ရသည့် ကမ္ဘာ့ဖလားနဲ့ဆို ခွဲခြားမရသည့် ကိုလံဘီယာ အဆိုတော် Shakira ဖျော်ဖြေတာကို ကြည့်လိုက်ရလို့ ပြီးပြည့်စုံတဲ့ ဖွင့်ပွဲ ဖြစ်သွားခဲ့လေ၏။ နက်ဖြန် USA မှာ Lisa လေးက ဖျော်ဖြေဦးမယ် ဆို၏။ စောင့်ကြည့်ရပေလိမ့်ဦးမည်။
(photos from FIFA World Cup page)